မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Tuesday, March 10, 2009

စံပယ်

jasmine2.png

ဂုဏ်တင့်ပါရဲ့ ...
ထုံဝင့်ကာ ပင်မြင့်ထက်ရယ်က
တော်ဝင်ရာ ဂေါ်သဇင် လွှာ မဟုတ်ပေမယ့်
ချစ်တဲ့သူပေးလာဆက်တော့လေ ...

လန်းနေရင်ထွေးကာယုလို့ 
မလန်းစေနွမ်းနေဦးတော့

အချစ်ရေ ...
စိတ်မှာနွေးလို့ ရယ်
မွှေးကြူမြဲကွယ်။

(သူငယ်ချင်းတစ်ဦးက ကာရန်ရှာပေးပါသည်)

Comments from ainchannmyay.com

ဒီက တပင်ထဲသော စပယ်ပင်လေးလဲ အဖူးတွေနဲ့မို့ ပွင့်တာနဲ့ ပို့စ်တင်မလို့
“စပယ်ဖြူတောင်ပွင့်ပြီကွယ်” သီချင်းဆိုရင်း ရေလောင်းနေတယ် မလေးရေ


Comment by sonata-cantata — March 10, 2009 @ 12:06 am


လန်းနေရင်ထွေးကာယုလို့  ….i like that phrase :)


Comment by westcoast22 — March 10, 2009 @ 12:19 am


ပန်ကိုင်ထားပေးတာက ဘယ်ကမော်ဒယ်လေးတုန်း အစ်မရး) အင်္ကျီအကွက်ကျားလေးနဲ့ စံပယ်ပန်းလေးကလိုက်တယ် ။ စံပယ်ရနံ့လေး ကျနော်ကြိုင်တယ် သင်းထုံထုံလေးမို့ ကာရန်ရွေးပေးတဲ့သူက တော်လှချေလား ရုပ်ရှင်လက်မှတ်ထဲက သူငယ်ချင်းများလား :)

Comment by မောင်မျိုး — March 10, 2009 @ 2:13 am


ကဗျာလာလေးဖတ်သွားပါတယ်…

Comment by ကိုသားငယ် — March 10, 2009 @ 3:47 am


ဘယ်သူ့လက်လဲ မှန်မှန်ပြောနော်.. လက်ကယောက်ျားလေးလက်…။ ကဗျာကလေးခံစားသွားတယ်..။


Comment by Phyo Evergreen — March 10, 2009 @ 4:37 am


မလေး…
ချစ်စုလည်း စံပယ်ပန်း အရမ်းကြိုက်တယ်။ အနံ့ကော၊ အဆင်းကော။ မနက်အိပ်ရာနိုးလာရင် စံပယ်ပန်း အနံလေးနဲ့ နိုးလာရရင် စိတ်ကိုကြည်လင်နေတာပဲ။ ချစ်သှူဆီက စံပယ်ပန်းလေးကိုလည်း စိတ်ကူးယဉ်ဘူးတယ်။ စိတ်ကူးတွေ ဖြစ်နိုင်ပါ့မလားမသိပါဘူး မလေးရယ်။ ဒီမှာ လည်း စံပါယ်ပန်းရတယ်။ ကုလားဆိုင်တွေမှာ။ ဒါပေမဲ့ မြန်မာပြည်က ပန်းလောက်မမွှေးဘူး။ မြန်မာပြည်မှာတောင်မှ ညီမတို့ အညာကပန်းကပိုမွှေးတယ်။ ရန်ကုန်က စံပယ် က သိပ်မမွှေးဘူးထင်တာပဲ။ ဟဲဟဲ…:P


Comment by ချစ်စု — March 10, 2009 @ 8:06 am


sonata-cantata…. မလေးရဲ့ ဇီဇ၀ါပင်သေးသေးလေး ပွင့်တော့မယ် မသီတာရေ.. မသီတာက စပယ်တင်.. မလေးက ဇီဇ၀ါတင်မယ်လေ.. (သီချင်းဆိုရင်း ပန်းရေလေးလောင်းတာ ကိုဧရာလဲ ဖြစ်နိုင်ပေမယ့် မသီတာလို့ ကောက်ချက်ချလိုက်တယ်နော်)
westcoast22 .. အခုမှပဲ ကော့မန့်ရေးတော့တယ်
မောင်မျိုး .. ငါ့မောင်ကတော့ နပ်တယ်နော်..
ကိုသားငယ်.. ဟုတ်ကဲ့ကိုသားငယ်..
Phyo Evergreen .. မပြောရဘူးတဲ့၊ ကိုယ့်ဟာကိုယ်သာ စာသာရေးပါတဲ့.. သူက မလေးထက်ရှက်တတ်တယ်မောင်လေးရေ့.. အပေါ်က လေဘယ်လ်သာကြည့်လိုက်ကြပါတော့နော်
ချစ်စု … (ကဲ.. ဟိုတယောက်ကြားတယ်နော်.. စံပယ်ပန်းနံ့နဲ့ နိုးထချင်တယ်တဲ့ ပြောနေပြီနော်) ဖြစ်မှာပါညီမရေ.. မလေး သေချာပေါက်သိတယ်။ ဟုတ်မယ်.. အညာကပိုပူတော့ ပိုမွှေးနိုင်တယ်.. ဒီကပန်းတွေဆို အနံ့တောင်မရှိဘူးချစ်စုညီမရေ..

Comment by မလေး — March 10, 2009 @ 12:10 pm


စံပယ်ကို လည်နေကျနေရာလေးမှာ မတွေ့ ဘူးနော်…
ဟိုဘက်မှာ ဘာလို့ မတင်လဲအိမ့်ရေ…
ကဗျာလေးက လှလိုက်တာ… ကာရံလေးလဲ ချိုနေတာပဲ…
အိမ့်ဇီဇ၀ါပင်လေး ပွင့်အောင် ဘယ်လို ပြုစုလဲဟင်…
အမဇီဇ၀ါပင်လေးက ၀ယ်တာ ၁နှစ်နီးပါးရှိပြီ ခုထိတပွင့်မှ မပွင့်သေးဘူး…
အမျိုးမျိုးပြုစုကြည့်တာပဲ… တခုခုလိုနေတယ်ထင်တယ်…


Comment by တန်ခူး — March 10, 2009 @ 9:54 pm

2 comments:

Phyo Evergreen said...

လာတယ်နော် လာတယ်နော်........

မောင်မျိုး said...

ကျနော်လည်းလာတယ်နော် ကိုဖြိုး နဲ့ အစ်မတန်ခူးပဲ လာတာဟုတ်ဘူး တိတ်တိတ်လေး လာတဲ့သူလည်းရှိသေးတယ်း)

LinkWithin

Related Posts Plugin for WordPress, Blogger...