မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Monday, February 09, 2009

ဂုဏ်မက်သူ (၅)

ygnuni.jpg

မြနှင်း လေးပင်တဲ့ ခြေလှမ်းတွေနဲ့ ကျောင်းဝင်းထဲကဖြတ်ပြီး မာလာဆောင် ကားဂိတ်ဘက်ကို လျှောက်လာခဲ့သည်။ ရင်ထဲမှာ နာကျင်ခြင်း၊ ၀မ်းနည်းခြင်းများ ပြည့်လျှံနေသည်။ တိတ်ဆိတ်ခြောက်ကပ်နေသော ကော်ရစ်ဒါ တလျှောက် အမှိုက်စတွေက ဟိုလွင့်သည်လွင့်။ အစတည်းက သည်လိုအဖြစ်မျိုး ဖြစ်လာနိုင်သည်ကို သိထားသော်လည်း၊ တစ်ကယ်တမ်း ဖြစ်လာသောအခါ သူမ ၀မ်းနည်းကြေကွဲကာ ခံပြင်းနေမိသည်။ မြနှင်း မာလာဆောင်ကားဂိတ်ဘက်ကိုထွက်လာသည့် လမ်းတလျှောက်လုံးက မြနှင်းနှင့် ဆန်းသစ်တို့ ခြေရာထပ်ခဲ့သည့် နေရာများသာ ဖြစ်နေသည်က မြနှင်းနှလုံးသားကို ပိုလို့ နွမ်းရိစေနေသည်။ တစ်ကယ်တော့ အချစ်ဆိုသည်မှာ သူမကြားဖူးသည့်အတိုင်း လူကိုယ်တွင်းက ကယ်မီကယ်လ်များနှင့် ဟိုမုန်းများသာ ဖြစ်သည်ဟု တွေးမိပြီး နှုတ်ခမ်းတွန့်ကာ နာကျင်စွာ ပြုံးလိုက်မိသည်။


ygnuni2.jpg

ကပိုကရို ကားဂိတ်လေးရှေ့မှာ ငေးငေးငိုင်ငိုင် ကားစောင့်နေသော မြနှင်းအနားသို့ အရိပ်တစ်ခု ချည်းကပ်လာသည်။



အဓိပတိလမ်းကခြေရာ

"မြနှင်း"

"ဟင်.. နိင်မင်း၊ နင် ဘယ်တုန်းက ပြန်ရောက်လဲ"

"ငါ ခဏ အဖေ့ဆီပြန်လာတာ၊ ရန်ကုန်မှာ အလုပ်ကိစ္စလေးတွေလဲ ရှိလို့"

"နင် အဆင်ပြေလား၊ နင် ဘာတွေလုပ်နေလဲ"

"ငါ ဆယ်တန်းပြန်ဖြေတယ်၊ နောက်ပြီး ငါမိတ္ထီလာသွားမယ်။ ပြီးရင်တော့ ငါ ပုသိမ်မှာပဲ အခြေချတော့မလားလို့ မြနှင်းရယ်"

"ဟယ်.. နိုင်မင်းရယ်.. ငါ ၀မ်းသာလိုက်တာ၊ နင် အရမ်းကို အဆင်ပြေနေတာပေါ့နော်"

"အင်း . .. ဒီလိုပေါ့ဟာ၊ နင်ကော ..အဆင်ပြေတယ်မဟုတ်လား၊ ပြေမှာပါ။ ငါက နင့်သတင်းတွေကို အဝေးကနေ အမြဲနားစွင့်နေသူပါ"

"အင်း ..."

မြနှင်း အသံက လည်ချောင်းတစ်ဝိုက်မှာ ပျောက်ကွယ်သွားသည်။

"နင်တို့ ဘယ်တော့ ယူကြမှာလဲ"

မြနှင်း ပလက်ဖောင်းကို တွင်တွင်ငုံ့ကြည့်ရင်း တိတ်ဆိတ်နေမိသည်။

"တောင်းပန်တယ်ဟာ၊ ငါကလဲ တွေ့တွေ့ချင်း မနေနိုင်မထိုင်နိုင် မေးလိုက်မိတာ"

"အဟင်း .. ရပါတယ် နိုင်မင်းရယ်"

"ကြုံတုန်း တစ်ခုခုကျွေးချင်တယ်။ ဟိုနားကဆိုင်လေး သွားမလား"

"ငါ မလိုက်တော့ဘူး နိုင်မင်းရယ်၊ ကြုံဦးမှာပါ။ ငါ သိပ်လဲနေမကောင်းချင်လို့ အိမ်ပြန်ချင်တယ်။"

"အေးပါဟာ၊ ကြုံဦးမှာပါ"

ပြုံးပြုံးလေးကြည့်ပြီး ပြောနေသော အေးချမ်းတည်ငြိမ်ပြီး လူကြီးဆန်လာသော နိုင်မင်း မျက်နှာကို မြနှင်း ငေးကြည့်နေမိသည်။


ထိုနေ့က မြနှင်းနှင့် နိုင်မင်းတို့ အိမ်ကို အတူတူပြန်လာဖြစ်ကြသည်။ မြနှင်း အထဲက နေရာလွတ်တစ်ခုမှ ထိုင်ရင်း ပြူတင်းအပြင်ကို ငေးမောနေမိသည်။ နိုင်မင်းကတော့ လိုင်းကားကို တွယ်စီးပြီး လိုက်ပါလာခဲ့သည်။ လမ်းထိပ်ရောက်တော့ နိုင်မင်း သူ့သူငယ်ချင်းများရှိရာသွားဦးမည်ဟု လမ်းခွဲထွက်သွားသည်။ မြနှင်း အိမ်အရောက် မနည်းပြန်လာခဲ့ရသည်။ အိမ်ရောက်တော့ သူမ ကမ္ဘာလေးဖြစ်သော အခန်းလေးထဲသို့ ၀င်ပြီး ခေါင်းဦးကို မျက်နှာအပ်ကာ မျက်ရည်တွေတွေကျနေခဲ့သည်။


ထိုညက.. မြနှင်းအတွက်တော့ အလွန် ညစ်နွမ်းသောည၊

အချဉ်ပေါက်သောည၊

အဆိပ်တောက်ည။

*****


သည်လိုနှင့် မြနှင်း တစ်ယောက် ဆန်းသစ်ကို မျက်နှာချင်းမဆိုင်မိအောင် ရှောင်နေခဲ့သည်။ တစ်ခါတစ်ရံတွင်တော့ ဆန်းသစ်ကိုတော့ တင်မာလာ ကားပေါ်တွင်သာမက၊ ဆန်းသစ်တွဲနေကျ အခြားသော လူကုံထံမိန်းကလေး သူငယ်ချင်းများ ကားတွေပေါ်မှာ ပါပါသွားသည်ကို မြနှင်း တွေ့ရတတ်သည်။ နိုင်မင်းကတော့ မြနှင်းကို မခံချင်စိတ်များကို အရင်းခံရင်း၊ အဆိုးထဲက သူ့ဘ၀ အကောင်းဖြစ်ရန်အတွက်၊ သူ ရည်မှန်းချက်များကို ဖြည့်ဆည်းရန် မိတ္ထီလာသို့ ထွက်ခွာသွားပြီဖြစ်သည်။ မြနှင်း တစ်ဦးတည်းသာ ခါးသီးသော နေ့ရက်တွေကို တစ်ယောက်ထဲ ကျော်ဖြတ်နေခဲ့သည်။



ထိုနေ့ကတော့ မြနှင်း တစ်ကိုယ်လုံး တုန်ယင်နေခဲ့သည်။ အိမ်ကို အပြေးပြန်လာသော မြနှင်းတစ်ယောက်၊ မီးဖိုထဲမှာ အလုပ်ရှုပ်နေသော အမေ့ရင်ခွင်ထဲမှာ ချုံးပွဲချ
ငိုချလိုက်မိသည်။

"မြနှင်း .. မြနှင်း၊ ဘာဖြစ်လာတာလဲ"

"ဟဲ့ မြနှင်း၊ အမေ စိတ်ပူလို့ သေတော့မယ်၊"

"ဟို.. ဟို..."
မြနှင်းတစ်ယောက် စကားမဆိုနိုင်ဘဲ၊ တဟိုဟိုနှင့် တုန်ယင်နေသည်။

"မြနှင်းရယ် ပြောစမ်းပါအေ၊ ပြောစမ်း ညည်းကို ဘယ်သူ စော်ကားလိုက်လဲ။ ငါသိတယ်၊ ငါတို့ မြေနိမ့်ရာ လှံစိုက်ခံရပြီ မဟုတ်လား၊ ဟင်.. မိုက်ပါ့အေ၊ ညည်းကို ဒီလိုလူတွေနဲ့ ကင်းကင်းနေပါဆို၊ ညည်းဟာသင်ထားတဲ့ ပညာတွေသာရှိပြီး ဥာဏ် ကို မရှိဘူး။"


မြနှင်း မိခင် မျက်ရည်တွေကျလာပြီး ထမီစနှင့် သုတ်ပြီး ရှိုက်နေသည်။

"အို.. အမေ၊ ဟာ.. အမေကလဲ ဘာတွေပြောနေတာလဲ အမေရဲ့၊ သမီး ဂျပန်ကို ပညာတော်သင်သွားရတော့မယ် အမေရဲ့၊ အမေသိရဲ့လား၊ အမေ သမီးတော့ ပျော်လွန်းလို့ သေတော့မယ် အမေ။"


"ဟင်.. ညည်း နိုင်ငံခြားမှာ စာသွားသင်ရတော့မယ်ပေါ့၊ ဟုတ်လား။ တစ်ကယ်လား မြနှင်းရယ်၊ အမေနားကြားလွဲတာလား"

"မလွဲဘူးအမေရဲ့၊ ရုံးမှာ သတင်းတွေ ထွက်နေတာတော့ကြာပြီ။ ဒီနေ့တော့ တရားဝင်ကြေငြာလိုက်တာပဲအမေ"

"ငါတို့မှာ ငွေမှ မရှိဘဲ မြနှင်းရယ်"

"မပူပါနဲ့ အမေရယ်၊ ပညာတော်သင်သွားရမှာလေ အမေရဲ့၊ လိုတာဆိုလဲ ဘကြီးဆီက နည်းနည်းပါးပါး ဆွဲရမှာပေါ့"

ထိုနေ့ညနေခင်းက မြနှင်းနှင့် မြနှင်း၏ မိခင်တို့ မီးဖိုထဲမှာ ငိုကောင်းကောင်းနှင့် ငိုနေခဲ့ကြသည်။ နောက်တစ်နေ့ နံနက်ခင်းတွင်လည်း မနက်ဈေးလေးထဲတွင် မြနှင်းမိခင်၏ ဂုဏ်ယူဝင့်ကြွားသော စကားသံများကို ဈေးသူဈေးသားတွေက ၀ိုင်းအုံပြီး နားထောင်နေခဲ့ကြသည်။


(ဆက်ရန်)


ဓာတ်ပုံများကို အပျော်တမ်း ဓာတ်ပုံဆရာ ကိုရဲထွန်း flickr.com/photos/yetun/2632386881 ထံမှ ကြိုက်လွန်းလို့ ယူသုံးထားပါတယ်ရှင်။ သူ၏အံ့မခန်း အခြားလက်ရာများကိုလဲ သွားရောက်ကြည့်ရှုနိုင်ပါတယ်ရှင်။


ဂုဏ်မက်သူ (၁)
ဂုဏ်မက်သူ (၂)
ဂုဏ်မက်သူ (၃)
ဂုဏ်မက်သူ (၄)


Comments from ainchannmyay.com

မလေး ဒိုင်ယာလော့ခ်တွေ အရမ်းပီပြင်တာပဲ
မွန်တော့စွဲနေပြီ မြန်မြန်ဆက်ပါComment by မွန် — February 4, 2009 @ 7:34 pm

မလေးရေ စောင့်ဖတ်နေတယ်။ ဆက်နော်။Comment by ပုံရိပ် — February 4, 2009 @ 8:07 pm |
“နင်တို့ ဘယ်တော့ ယူကြမှာလဲ” လို့ နိုင်မင်းက ဘာလို့မေးတာလဲ ဟင် မလေး…။ မြနှင်းက ဘယ်သူနဲ့ သတင်းထွက်နေလို့လဲ…။
ပြီးတော့ သူက မြနှင်းကို ဘာလို့ မခံချင်ဖြစ်တာလဲဟင်…၊ သူကအရင်သစ္စာဖောက်သွားပြီးတော့……၊
မပျင်းဘူးနော်.. စောင့်ဖတ်တယ်နော်…Comment by sin dan lar — February 4, 2009 @ 8:16 pm

sin dan lar … ငိုချင်ပြီ မစင်ဒါလာရယ်… သေချာလဲဖတ်ဖူးးးးးးးး ဟွန်းဟွန်း။ နိုင်မင်းက ဆိုက်ကားသမားလေး လေ၊ မြနှင်းရည်းစားဟောင်း ပူပူနွေးနွေးကွဲလာတဲ့ ဆန်းသစ်နဲ့ ဘယ်တော့ ယူမှလာလဲ မေးတာလေကွယ်.. သူ.. သိပ်နောက်တယ်။Comment by မလေး — February 4, 2009 @ 8:28 pm

well… then Mya Hnin go to Japan with the help of her uncle, she is studying hard as well as working hard there to forget her heartache…after she got her Ph.D in Tokyo University, she works as an assistant prof. a few year went by,she moved to the north america where she is fall in love with a handsome wall street figure and they married in Nov 2008.. then they visited to Burma for their honeymoon on Nov 7 2008, and staying in a 4 star hotel, in the early morning , Mya Hnin made a call for room service for her hunger of motherland foods, and she is so excited that she misses the foods for years, she woke her husband up with the sweety morning kiss, “Darling , breakfast will be served in an hour”. then she took a warm foamy nice bath, and she heard the doorbell is ringing,! Honey could u get the door pls. then she got the bathrobe and wipe the water out off her body..and she let her hair dry .. and sat in the table.. she noticed the hands of room service man and looked up the face, for the moment she saw his face, she smiled and exclaimed that “OMG” … she gave a undescribeable mysterious look for a few minutes to him … then she turned her head to her husband and said … Darling ! do u like our food and service !!!!Comment by westcoast22 — February 4, 2009 @ 9:54 pm

westcoast22 က မလေး အီးမေလ်းကို ပို့ထားတာ.. ဒီမှာမတင်ရဲဘူး ရှက်လို့တဲ့ ဒါနဲ့မလေးက ပြန်တင်ထားပေးတာ။ အဲလိုဆုံးသတ်လဲ မဆိုးဘူး။ westcoast22 ၀တ္ထုရေးလို့ ရပြီ Comment by မလေး — February 4, 2009 @ 9:58 pm

အစ်မ ဒီအပိုင်း က တိုတိုလေး..
ဆန့်ငင် ဆန့်ငင် ဖြစ်နေတယ်
စောင့်ဖတ်နေပါတယ် Comment by မောင်မျိုး — February 4, 2009 @ 10:56 pm

မလေးရေ- ဂုဏ်မြင့်သူကို အားလုံးပီးမှ မန့်မလို့..
ခုက..နှုတ်ဆက်တာ။ စောင့်ဖတ်နေတယ်။ ကျမလည်း.. တက္ကသိုလ် အလွမ်းပြေ ရေးအုံးမယ်..အတူတူလွမ်းကြရအောင်။ခင်မင်တဲ့- မကေComment by K — February 4, 2009 @ 11:49 pm

မြနှင်းအမေကလည်းနော်… သမီးငိုတာတွေ့တာနဲ့ဘာတွေလျှောက်ထင်မှန်းမသိဘူး …… သူပြောတာနဲ့ဖတ်နေတဲ့လူတောင် မြနှင်းဘာဖြစ်ပြီလဲဆိုပြီးလန့်သွားတယ်…
နောက်တပိုင်းစောင့်နေတယ်မလေးရေComment by Phu Phu — February 5, 2009 @ 1:31 am

မြနှင်းကဂျပန်..သွားရမယ်ဆိုတော့ကောင်းတယ်..မဂျီး..ကလဲဆက်ရန်တဲ့…စောင့်ရအုံးမှာပေါ့လေ…
ဇာတ်၇ှိန်ကမြင့်နေပြီ…နော်မဂျီး..Comment by ဒေါင်းမင်း — February 5, 2009 @ 2:04 am တင်ပါပြီ မလေးရဲ့ ဟီးးComment by မွန် — February 5, 2009 @ 5:19 am

(ဆောရီး)99 ပါ မလေးရယ်… ။ သေချာဖတ်ပါတယ်.. ဒီဦးနှောက်ကြီးက မြနှင်းရည်းစားဟောင်း ဆန်းသစ်ကို နိုင်မင်းလို့ င်္ဒီတစ်ပုဒ်မှာ
မှတ်လိုက်မိတာ…။ (တကယ်တော့ မမေးခင် (၄) ကိုတောင်ပြန်ဖတ်သေးတယ်..)
မငိုချင်ပါနဲ့နော်… တောင်းပန်ပါတယ်.. သွေ့ပုချိ.. ပါဒန်မီ… မြန်မြန်ဆက်ရေးနော်….Comment by sin dan lar — February 5, 2009 @ 5:43 am

မစင်ဒန်လာ (မစန်ဒါလင်း) ၊ ကျေးဇူးပြုပြီး စာသေချာဖတ်ပြီးမှ comment ပါရှင်။ စားရေးတဲ့သူ အတော်အားငယ်သွားနိုင်လို.ပါ။ Comment by amayarko — February 5, 2009 @ 8:04 am

မောင်မျိုး … ရုံးကနေရေးတာမောင်လေးရေ (၀ါသနာ.. ၀ါသနာ)
ကေ.. တက္ကသိုလ်အလွမ်းဆို အရမ်းဖတ်ချင်တယ်၊ မလေးက တက္ကသိုလ်ဆိုတာ ခြေချဖူးရုံပဲ ချဖူးခဲ့တာ ကေရယ်..
Phu Phu ရေ.. အဲဒါ နယ်မှာမီးတွေပျက်တဲ့တည၊ မလေးဖေဖေက အိမ်ပြန်နောက်ကျတဲ့တစ်ရက်၊ မလေး ကြောက်လို့ ငိုနေတာကို အဖေက တုန်၂ရင်၂နဲ့ ဘယ်ကောင်ဘာလုပ်လဲဆိုပြီး မေးခဲ့တာကို ခံစားရေးထားတာပဲ ပုပုရေ.. မလေးမှာ ငိုအားထက်ရယ်အားသန်၊
ဒေါင်းမင်း… လောလောဆယ်ဘာဆက်ရေးရမှန်းမသိလို့ ဂျပန်လွှတ်ထားတာ၊ မြန်မာရုပ်ရှင်တွေမှာလဲ တစ်ခုခုဆို စင်္ကာပူထွက်ထွက်သွားကြတယ်လေ၊
မွန်.. မလေးလာဖတ်မယ်
စန်ဒါလာ.. ပဲခေါ်လိုက်တော့မယ်.. ဟိ၊ ၉၉ခါ ဆောရီးနဲ့ ရဘူး။ အခေါက် ၁၀၀ ပြည့်မှ ခွှင်လွှတ်နိုင်မယ်
အမရာကို.. အဲ.. ဒီနာမယ်လေးလည်း လှလိုက်တာ။ ရပါတယ် အမရာကိုရယ်၊ မလေးက တားမရတဲ့ ၀ါသနာကြောင့် လုံးချင်းဆိုတာ ဘယ်လိုရေးကြလဲဆိုပြီး အပျော်လျှောက်ရေးကြည့်နေတာပါ၊ မ အမရာကို အပါအ၀င် ဒီလောက်လာဖတ်ကြတာကိုပဲ မလေးက ကျေးဇူးတင်နေပါပြီ။Comment by မလေး — February 5, 2009 @ 8:45 am

စောင့်ဖတ်နေတယ် မလေး။မလေးဖတ်ချင်တယ်ဆိုလို့ ၀ိသာခါနဲ့ သီတာ ဆိုတဲ့စာအုပ်လေးကို သက်ဆိုင်တဲ့ဆီက တောင်းခံထားလို့ .pmd file တစ်ထုပ်တော့ လက်ဝယ်ရနေပါပြီ။ pdf ဖိုင်ပြောင်းဖို့ နည်းနည်းလေးတောင် လှုပ်ဖို့မအားလို့(ပိုချင် ပိုနိုင်တာပေါ့ ) မပြောင်းဖြစ်သေးဘူး။ ရတာနဲ့ မလေးကို ပေးဖတ်မယ်နော်။Comment by အေးချမ်းသူ — February 6, 2009 @ 2:40 am

အမရေ မြန်မြန်တင်ပါ
စောင့်ရတာ မောလှပီComment by အမည်မဲ့ — February 7, 2009 @ 3:48 pm

မမအိမ့်ရေ… ရန်ကုန်ပြန်နေတာနဲ့ နောက်ကျမှ ရောက်လာလို့ ကိုယ့်ကိုကိုယ် အရမ်းကံကောင်းတယ်လို့ ထင်မိပါတယ်။ သူများတွေလို စောင့်မနေရဘဲ အများကြီးတခါထဲ ဖတ်လိုက်ရလို့လေ…း) အရမ်းကောင်းတာပဲ ဆိုတာကိုတော့ အထူးပြောစရာလည်း မလိုတော့ပါဘူး။ အပိုင်းတိုင်း အခန်းတိုင်းကို ရင်တွေခုန်ပြီး ဖတ်သွားပါတယ်။ ခံစားချက်တွေကလည်း မျိုးစုံနဲ့။ ဂုဏ်မက်သူ(၄)တုန်းက ဖတ်တဲ့သူတွေ ပျင်းနေပြီလား မသိဘူးလို့ မမအိမ့်ကပြောတယ်နော်။ မပျင်းတဲ့အပြင် တစ်ပိုင်းပြီးလေ ဆက်ဖတ်ချင်လေပါပဲ။ အဆုံးသတ်ရောက်တဲ့အထိ စောင့်ဖတ်နေပါ့မယ်… အားရင် မြန်မြန်ဆက်ရေးပေးပါဦးနော်း)Comment by ရွှေပြည်သူ — February 8, 2009 @ 9:15 am

အေးချမ်းသူ … ကျေးဇူးညီမလေးေ၇..
အမည်မဲ့ .. တင်လိုက်ပါပြီအမည်မဲ့ရေ..
ရွှေပြည်သူ .. အတွေ့အကြုံတွေမျှော်နေမယ်နော်Comment by မလေး — February 9, 2009 @ 9:28 am

အဟဲ.. စောစောက အပိုင်း၎မှာ မန့်ခဲ့သလိုလေးပဲ.. သူ့ဟာသူအောင်မြင်တာပဲလိုချင်တယ်.. နောက်မှ လင်ကောင်းကောင်းယူရင်ယူ… ဒါမှ အမှန်တကယ်အောင်မြင်တယ်လို့ခေါ်မှာ… မလေးက ဂျပန်ကိုပို့လိုက်တဲ့အတွက် ကျေနပ်မိပါ၏….
တစ်ပိုင်းဖတ်ပြီးတိုင်း တခါကွန်မန့်ပေးတယ်.. နောက်တစ်ပိုင်းကို အရင်သွားမဖတ်သေးဘူး..
ဘာလို့လဲဆိုတော့.. တစ်ပိုင်းဖတ်ပြီးတိုင်းမှာ စိတ်ထဲခံစားရတာကို စစ်စစ်မှန်မှန်ရေးချင်လို့..
ဒါပဲနော်.. နောက်မင်းသားတစ်ယောက်ပါမယ်ဆိုရင်.. perfect ပဲဖြစ်ရမယ်.. အဟီး… ပေါ်က westcoast22 ပြောသလို.. ပညာတတ် လူချမ်းသာပဲ..
Comment by မဗေဒါ — February 10, 2009 @ 12:23 pm

hut1.png



No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...