မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Monday, January 26, 2009

သံလွင်အိပ်မက် အတွဲ၃၊ အမှတ်၁



သံလွင်အိပ်မက် အတွဲသုံး၊ အမှတ်တစ် ထွက်ပါပြီရှင်…

ဒီတစ်ခါ ဆောင်းပါးတွေက တော်တော်စုံစုံလင်လင်နဲ့ စိတ်ဝင်စားစရာကောင်းလှပါတယ်။
နောက်ပြီး ၀တ္ထုတွေမှာ ပန်းချီလှလှလေးတွေနဲ့ သိပ်လှတာပဲ။ . ဘယ်သူဆွဲလဲတော့မသိ၊ တော်တော်လေး လှတယ်။
ကျွန်မ၀တ္ထုက ပန်းချီအရ ကျွန်မက ဂျင်းပင်နဲ့.. အဟွန်း။ ပန်းချီလေး တော်တော်လှတယ်။
ကျွန်မ ဒီတစ်ခါတော့ သူငယ်ချင်းတစ်ယောက် ဆိုတဲ့ ၀တ္ထုတိုလေးတစ်ပုဒ်ပဲ ရေးထားပါတယ်ရှင်။ ပေါ့ပေါ့ပါးပါး ရသတိုလေးပါ၊ အားပေးကြပါဦးရှင်။
ဆောင်းပါးတော့ နောက်အစ်ရှုးမှပဲ ရေးပါတော့မယ်။

6 comments:

Phyo Evergreen said...

အစ်မရေ ၀တ္ထုတိုလေးကောင်းတယ် ပေါ့ပေါ့ပါးပါးလေးဘဲ.။ ကျွန်တော်မှတ်မိသလောက်တော့ မြကန်ကဗျာက စာသားက "ဘုံဝတိံသာ နန္ဒာပေလော၊တူစွ ဟုတ္တာ" လို့ထင်တာပဲ။

တစ်ပြည်သူ အိမ့်ချမ်းမြေ့ said...

မောင်လေးတော်တယ်.. အမ သံလွင်ကိုပြောကြည့်ဦးမယ်.. ရသေးလားမသိ

Phyo Evergreen said...

အစ်မ ဗုဒ္ဓဘာသာမဟုတ်ရင် ဘယ်ဘာသာဝင်လဲ..။ သိချင်လို့..(ရှုပ်ကုန်ပြီ)

တစ်ပြည်သူ အိမ့်ချမ်းမြေ့ said...

အမ ပြောရရင်တော့ အရှည်ကြီးဖြစ်သွားမယ်ထင်တယ်.. အမ မှာ အဲလိုစိတ်မျိုးမရှိဘူး.. အမက လူထူးလူဆန်း.. သံလွင်မှာ ရေးလိုက်တာ နည်းနည်းလေး အမ လိုသွားတယ်.. ကိုယ့်ကိုကိုယ် ဘာသာရေးစည်းချလိုက်သလိုဖြစ်သွားလားမသိး)) တစ်ကယ်တော့ ကိုးကွယ်မှုတိုင်းမှာ အလှတရားကိုယ်စီ ရှိပါတယ်ကွယ်..။ ဒီလောက်နဲ့ကျေနပ်ပါနော်..

Phyo Evergreen said...

နားလည်ပါတယ်..အစ်မ။ စိတ်အနှောင့်အယှက်ဖြစ်သွားရင် ဆောရီး။

တစ်ပြည်သူ အိမ့်ချမ်းမြေ့ said...

ဟင့်အင်း တောင်းပန်ဖို့ မလိုပါဘူးမောင်လေးရေ..

LinkWithin

Related Posts Plugin for WordPress, Blogger...