မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Wednesday, January 21, 2009

အတ္တကင်းတဲ့ကောင်းကင်



ရွှေဝါရောင်ကောင်းကင် …
ပတ္တမြားပြင် အနားသပ်ခင်းနဲ့
အတ္တကင်းတဲ့ ကောင်းကင်အောက်
တိမ်ဖြူတွေ အဆုပ်လိုက်ကောက်
တိမ်မျှင်ပေါက်တမ်း ကစားချင်တယ်…။

မြူခဲတွေကိုဖမ်းဆုပ်
အိုးပုတ်လုပ်တမ်းကစားရင်း
တိမ်ကမ္ဖလာခင်းပေါ် ခြေစမ်း
နွမ်းလျတဲ့ စိတ်တွေဖျောက်
အပျင်းပြေ လမ်းလျှောက်ချင်တယ်..။

ဒီလိုနဲ့ ..
ဒီဆောင်းမြူကို တိတ်တခိုး
ကြိတ်ပိုးလို့ မရိုး
ကိုယ်မြတ်နိုး နေမိပြီထင်တယ်..။

ခုတစ်လော ကျွန်မလက်ရှိနေနေတဲ့ မြို့လေးမှာ မြူတွေသိပ်သည်းစွာကျနေတာကို သူငယ်ချင်းတစ်ယောက်က ဓာတ်ပုံပို့ပေးလာတာနဲ့ ကဗျာတစ်ပုဒ် စပ်ဖြစ်လိုက်တာပါရှင်။ သိပ်မြင့်တဲ့ အဆောက်အဦးရဲ့ ထိပ်တွေကလွဲလို့ တစ်မြို့လုံး မြူအုပ်နေတာပါ။ မြို့ကို ဟိုးမြူတွေရဲ့ အောက်မှာတွေ့ရပါလိမ့်မယ်။ အပြာရောင်လေးနဲ့ ၀ိုင်းပြထားပါတယ်ရှင်။ ဒီပုံကိုကြည့်တိုင်း ကျွန်မ ဘယ်လောက်သေးလဲ ကိုယ့်ကိုကိုယ် တွေးမိလိုက်ပါတယ်။

အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှ ကော့မန့်များ

ဝိုး မြူတွေ လှလိုက်တာ :)
Comment by မောင်မျိုး — January 21, 2009 @ 6:08 pm
လှလိုက်တာဗျာ..တကယ်ပါပဲ ပုံလေးတော့ယူသွားတယ်
Comment by Upasaka — January 21, 2009 @ 7:10 pm

ကောင်းကင်ဘုံ နဲ့တူနေသလားလို့ ;)
Comment by ကိုသားငယ် — January 21, 2009 @ 9:23 pm

မဂျီးေ၇..ဟီးကျွန်တော်ကရေပြင်ကြီးမှတ်လို့ဟီးပုံလေးလှလို့မောင်လေးယူသွားပြီ
Comment by ဒေါင်မင်း — January 22, 2009 @ 12:14 am

အရမ်းကိုလှတယ်နော်… တကယ်ပဲ.. ပေါ်နေတဲ့အဆောက်အဦးတွေကလည်း တိမ်တွေပေါ်ဆောက်ထားတာကျနေတာပဲ…
Comment by Phu Phu — January 22, 2009 @ 1:21 am

ဟာ မထင်ရဘူး မလေးရယ်၊ လှိုင်းလုံးတွေလိုပဲ။ အေးစက်နေမှာပဲ။
ကောင်းကင်ဘုံကို ရောက်ဖူးတဲ့လူရှိတာ ခုမှပဲ တွေ့တော့တယ်။ မလေးနဲ့ နှစ်ယောက် အလည်သွားကြည့်ရအောင် :D
Comment by ayechanthu — January 22, 2009 @ 4:39 am

မောင်မျိုး၊ Upasaka၊ ကိုသားငယ်၊ ဒေါင်းမင်း၊ ပုပု၊ သိုးလေး ….
ပုံက ဟိုးတောင်ပေါ်က လှမ်းရိုက်ထားတာ၊ မြေပြင်ပေါ်မှာလဲ သိပ်လှတာပဲ.. အရမ်းကဗျာဆန်တာပဲ.. မြူတွေကြားက အရွက်မရှိတဲ့ သစ်ပင်တွေတန်းစီနေတဲ့ လမ်းလေးတွေဆိုတာ အရမ်းလှတာပဲ..
Comment by မလေး — January 22, 2009 @ 10:26 am

မဂျီးဒါဆိုအဲဒီပုံတွေမရှီဘူးလား…ကြည့်ချင်လို့…
Comment by ဒေါင်မင်း — January 22, 2009 @ 11:28 am

i think this picture look like country in the sea
Comment by shawngyi — January 23, 2009 @ 7:53 am


4 comments:

Phyo Evergreen said...

အစ်မရေ ဓာတ်ပုံအရမ်းလှလို့ သိမ်းထားချင်တယ်.. ခွင့်ပြုပါ...။ အိုးပုတ်တမ်း ကစားရင်ဝင်ပါပေးမယ်လေ အဖော်ရအောင်လို့..။

တစ်ပြည်သူ အိမ့်ချမ်းမြေ့ said...

အမဆီက အိုးပုတ်တွေမလုရင် ပြီးတာပဲ.. ဟွန်းဟွန်း

Phyo Evergreen said...

မြူတွေကြားက အရွက်မရှိတဲ့ သစ်ပင်တွေတန်းစီနေတဲ့ လမ်းလေးတွေဆိုတာ ရောကြည့်ချင်သေးတယ်..။
ကျွန်တော်က ရှုခင်းပုံတွေဆိုအရမ်းကြိုက်တာ...။ ပျင်းရင်းတောင် ဆလိုက်ရှိုးလုပ်ထားပြီးကြည့်တာ..။
အစ်မတို့ ဆီမှာ ပျော်စရာကောင်းတဲ့အိပ်မက်တစ်ခုထဲ ကလိုဖြစ်နေမှာဘဲ...။။ ဒါနဲ့ အိုးပုတ်လုမဲ့ အစီအစဉ်ကို ဘယ်လိုလုပ်သိသွားတာလဲ... ဟီးဟီး။

တန်ခူး said...

အိမ့်ရေ… ကဗျာမဖတ်ခင် ပုံလေးကို အမှတ်တမဲ့ကြည့်လိုက်တော့ ပင်လယ်ပြင်ကြီးလို့ ထင်နေတာ…
ကဗျာဖတ်ပြီးမှ မြူခိုးပင်လယ်ကြီးဖြစ်နေမှန်းသိတယ်…
ကဗျာလေးကချစ်စရာကောင်းလိုက်တာ..
အတူကစားကြစို့ နော်…

LinkWithin

Related Posts Plugin for WordPress, Blogger...