မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Sunday, January 11, 2009

ကောသလမင်း၏ အိပ်မက်များ

အဲဒီနေ့က ကျွန်မရဲ့ အနှစ်သက်ဆုံး စေတီလေးဖြစ်တဲ့ ကျိုက်ကလော့ စေတီကို ကျွန်မတို့ သွားဖြစ်တယ်။ တိုက်တိုက်ဆိုင်ဆိုင် နေ၀င်ချိန်ဆည်းဆာနဲ့ ဆုံလို့ ဓာတ်ပုံတွေရိုက်ဖြစ်ခဲ့တယ်။ နေ၀င်ပြီး ညမီးတွေလင်းတဲ့ထိ စေတီပေါ်မှာ ထိုင်နေလို့ အပြန်မှာတော့ ညကမှောင်နေပြီ။ အပြန်စေတီစောင်းတန်းမှာ ကျွန်မတို့ ငယ်ငယ်ကတည်းက သင်ခဲ့ရတဲ့၊ ကျွန်မလည်း အလွန်နှစ်သက်တဲ့၊ ကောသလမင်းရဲ့ အိပ်မက် ပန်းချီတွေကို ဘုရားစောင်းတန်းခေါင်မိုးတွေပေါ်မှာ ချိတ်ဆွဲထားတာ တွေ့တော့ ကျွန်မ ပျော်သွားပြီး ဓာတ်ပုံတွေ ရိုက်ယူခဲ့တယ်။

ပန်းချီတွေက ချိတ်ဆွဲထားတာ နံပါတ်စဉ်တိုင်းတော့ မဟုတ်ဘူး။ ဓတ်ပုံရိုက်နေရင်းလည်း နံပါတ်နှစ်က ပျောက်နေတာကို သတိထားမိလိုက်တယ်။အဲဒီနားမှာ ခပ်ပိန်ပိန်အဘိုးကြီး တစ်ယောက်က ဘုရားခွေးတွေကို ညစာကျွေးနေတယ်။ စောင်းပဲ့နေတဲ့ သံပန်းကန်ထဲက ဆန်တွေကို ချောင်ချိုချောင်ကြားမှာ ကြောက်လန့်နေဟန်ရှိတဲ့ ခွေးတွေကို ချကျွေးနေတဲ့ သူက ကောသလရဲ့ နံပါတ်၂ပန်းချီကို ရှာနေတဲ့ ကျွန်မတို့ကို၊ နံပါတ်၂ပန်းချီက ဟိုတစ်လောက မိုးပြင်းလို့ ပြုတ်ကျလာလို့ သိမ်းထားလိုက်ပြီလို့ ပြောတယ်။ နောက် အဲဒီအဘိုးနဲ့ အခြားအရာတွေ တော်တော်ကြာကြာ ပြောဖြစ်တယ်။ နောက်တော့ သူထွက်သွားတော့ ကျွန်မ ဇွဲမလျော့ပဲ စောင်းတန်းတစ်လျှောက် နံပါတ်နှစ် ပန်းချီကို လိုက်ရှာတာ၊ ထင်ထားတဲ့အတိုင်း အခြား ဇာတ်ဝင်ခန်း ပန်းချီတွေကြားမှာ ညှပ်နေတာတွေ့လိုက်တယ်။ ဒါနဲ့ ကျွန်မ အမြဲလိုချင်ခဲ့တဲ့ ကောသလအိပ်မက် ၁၆ချပ်ကို ပြည့်ပြည့်စုံစုံ ရလာတော့တာပါပဲရှင်။ စိတ်ဝင်စားသူများတွက် အခု ပြန်လည်ဝေမျှထားခြင်းဖြစ်ပါသည်ရှင်။

































5 comments:

Phyo Evergreen said...

အစ်မရေ ဓာတ်ပုံတွေဝေမျှလို့ကျေးဇူးပါ...။ တစ်ပုံချင်းစီ သေသေချာချာကြည့်သွားတယ်..။
အိပ်မက်အတိုင်း အပြင်မှာတစ်ကယ်ဖြစ်နေတယ်ဗျာ..။

megumi said...

အမရေ၊ တင်ပြပေးတာကျေးဇူးတင်ပါတယ်။ ဘုရားဘလော့မှာ တင်ချင်လို့ ခွင့်ပြုပါရှင့်။

အိမ့်ချမ်းမြေ့ said...

ရပါတယ်ညီမရေ..
ယူပါ

megumi said...

ကောသလမင်း၏ အိပ်မက်များ ပို့စ်အတွက် ကျေးဇူးတင်ပါတယ် မမရှင့်။

အိမ့်ချမ်းမြေ့ said...

ညီမဘလော့ဂ်လိပ်စာလေးထားခဲ့ပေးမလား
လာလည်ချင်လို့ပါ
း)

LinkWithin

Related Posts Plugin for WordPress, Blogger...