မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Wednesday, December 10, 2008

ရှားစောင်းပင်သစ္စာ

တစ်ထောင့်ကိုးရာ ကိုးဆယ့်ငါး

ပင်လယ်လေတွေက တ၀ုန်းဝုန်း တိုက်ခတ်နေသည်။ ဆံပင်တွေက အထိန်းအကွပ်မဲ့စွာ။ ကြယ်သီးတပ်မထားသော အနွေးထည်အင်္ကျီကို ရင်ဖုံးအကျီ င်္လို ဆွဲစေ့ကာ လက်တစ်ဘက်ကို ဂျိုင်းကြားထဲ ထည့်ထားလိုက်သည်။ ဖုန်းကိုင်ထားသော ကျန်လက်တစ်ဖက်ကတော့ နားနားမှာ။ ပင်လယ်လှိုင်းတွေက မာန်ဟုန်ကြီးစွာ တဝေါဝေါ ကမ်းကိုရိုက်ခတ်နေသည်။ မိုးကောင်းကင်ကတော့ မဲမဲမှောင်လာနေပြီ။ ပင်လယ်ဇင်ယော်ကြီးတွေက တုပ်တုပ်ရွှဲမှာစိုးရွံ့သည့်အလား ကမ်းစပ်က သစ်တုံးပြတ်တွေအောက်မှာ ပုံးခိုရန်နေရာရှာနေကြသည်။ လေပြင်းထဲမှာ ပျံသန်းနေသော ငှက်အချို့တို့ ဦးတည်ရာမရ လေဟုန်နှင့် မျောသွားကြသည်။ တဆတ်ဆတ်တုန်ခါလာသော ဒူးများကို ငုံ့ကြည့်လိုက်တော့ ဆံပင်တွေက မျက်နှာတစ်ခုလုံးကို ဖုံးအုပ်သွားသည်။

“ရှင်.. ဟလို… ဘာမှ မကြားရဘူး..”

“မ… မ .. ဟလို… မောင်တို့… တစ်ကယ်ကို မဖြစ်နိုင်ဘူးလား”


“ဘယ်လို ဖြစ်နိုင်မှာလဲကွယ်”

“မောင် လေယာဉ်ပေါ်တက်တော့မယ်နော်…”

“ဟုတ်… ကောင်းသောခရီးဖြစ်ပါစေ”

“ဟင့်အင်း.. ဘယ်လိုမှ မကောင်းနိုင်ဘူး၊ မ.. ရက်စက်လွန်းပါတယ်”

“ဘယ်တုန်းကမှ ဖြစ်နိုင်တယ် မပြောခဲ့ရပါလားကွယ်”

“လေယာဉ်ကွင်းလာတဲ့ လမ်းတစ်လျောက်လုံး တွေ့သမျှ ဘုရားကျောင်းမှာ၊ သုံးလေးကျောင်းလောက် ရှိမယ်ထင်တယ်၊ သစ္စာဆိုခဲ့တယ်”

“………..”

“ချစ်သော.. မ နဲ့ အတူတူမနေရရင် ဒီခရီးဟာ နောက်ဆုံးဖြစ်ပါစေ…….. လို့”

“ဟာ.. ခက်တာပဲ။ မဟုတ်တာတွေ မဆိုနဲ့လေ၊ နောက်ပြီး ဘုရားဆိုတာကို မယုံဘူးဆို”

“ဟုတ်တယ်လေ.. မ က မောင့် ဘုရားပဲဟာကို”

“အော်.. အင်းအင်း.. အဟင်းဟင်း၊ ငရဲတွေကြီးကုန်ပါ့မယ်ကွယ်”

“တော်ပြီ မ… မဟာ တော်တော်လေးကို သွေးအေးလွန်းပါတယ်။ မောင်… သွားပြီ။ ဘာပဲဖြစ်ဖြစ် သိပ်ချစ်တယ်”

ဖုန်းကျသွားသည်။ မေးတွေ ခိုက်ခိုက်တုန်လာသည်။ ကားဆီသို့ လေးတွဲ့စွာလျောက်လာသည်။ ကားထဲမှာ မိနစ်ပေါင်းများစွာ ထိုင်နေမိသည်။ ပင်လယ်လေပြင်းတွေအောက်မှာ ထင်းရူးပင်တွေကတော့ ဆောက်တည်ရာမဲ့စွာ။


သက္ကရာဇ် နှစ်ထောင့်ငါး

မရောက်ဖူးသော အရပ်ဒေသတစ်ခုက စိတ်ကို လန်းဆန်းစေသင့်သလောက် မလန်းဆန်းစေနိုင်ပြီ။ ခြောက်ခြောက်ကပ်ကပ် ချုံပုတ်ပင်ပုများ၊ ရှားစောင်းပင်များက မျက်စိ အမြင်ဆန်းစေသည်။ ပူစပ်သော နေရောင်ခြည်က သည်တောမြို့လေး၏ အမိုးပြန့်ပြန့်အိမ်များပေါ်သို့ ထိုးကျနေသည်။ နေရာလေး တစ်နေရာမှ လေယာဉ်ကွင်းဆီသို့ ငှားလာသော ကားကို ကိုယ်တိုင်မောင်းရင်း ညနေခင်း လေညှင်းခံထွက်လာသည်။ ညနေခင်းဆိုသည့်တိုင် အပူချိန်က မြင့်နေသေးသည်။ ပတ်ဝန်းကျင်ကိုတော့ သူမ မျက်စိက တောက်လျောက် သတိထားကြည့်နေမိသည်။ ခုထိတော့ သူမ ရှာနေသော အရာများကို မတွေ့သေး။

လမ်းဘေးက အအေးဆိုင်လေး တစ်ဆိုင်ရှေ့မှာ ကားကိုထိုးရပ်လိုက်သည်။ ကားအရှိန်ကြောင့် ဖုန်တွေက တစ်ထောင်းထောင်း ထသွားသည်။ ဆိုင်ထဲဝင် အအေးတစ်ခွက်ဝယ်အပြီး ဆိုင်ပြင်ခုံတန်းလေးမှာ ထိုင်နေမိသည်။ ဘေးခုံမှာ တစ်ယောက်တည်း ထိုင်ပြီး အအေးခွက်ကို စိမ်ပြေနပြေသောက်နေသော အဘိုးကြီးတစ်ဦးကို သူမ ပြုံးပြလိုက်သည်။

“ဦးလေး.. ဒီလိပ်စာကနေ လေယာဉ်ကွင်းကိုသွားတဲ့လမ်း ဘယ်နှစ်လမ်းရှိလဲဟင်”
လက်ထဲက လိပ်စာ စာရွက်ကို သူမပြတော့ အဘိုးကြီးက ယူကြည့်သည်။

“ဒီမြို့လေးမှာ မိန်းလမ်းမက ဒီတစ်လမ်းထဲကွယ့်”

“သြော်…”

“ဟိုဘက်ခြမ်းမှာတော့ တစ်လမ်းရှိပေမယ့် ဒီလမ်းပဲ လူသုံးတာများတယ်၊ ဘာဖြစ်လို့လဲ”

“ဒီလမ်းပေါ်မှာ ဘုရားကျောင်းတွေ သုံးလေးကျောင်းရှိလားလို့”

“ဘုရားကျောင်းတွေက ဒီဘက်မှာ ဘယ်ရှိမလဲကွဲ့၊ အဘဒီမှာနေလာတာ မွေးကတည်းက ဒီလမ်းပေါ်မှာ ဘာ ဘုရားကျောင်းမှ မရှိဘူး”

“ခုန အဘပြောတဲ့ လေယာဉ်ကွင်းသွားတဲ့ နောက်တစ်လမ်းဆိုတဲ့ ဟိုဘက်ခြမ်းလမ်းကော”

“ပိုဆိုးတယ်၊ ဘာဘုရားကျောင်းမှ ဘယ်တုန်းကမှ မရှိဘူး။ ဒီမြို့လေးမှာ ဘုရားကျောင်းဆိုတာ ဟိုး တောင်ပေါ်မှာ တစ်ကျောင်းထဲပဲရှိတာ ကလေးမ ရဲ့”

“သြော်………”

သူမ နေကာမျက်မှန်ကို ဆံပင်တွေပေါ်မှ ဆွဲချလိုက်ပြီး မျက်လုံးတွေပေါ်သို့ ဖုံးအုပ်ပေးလိုက်သည်။ ပြုံးယောင်သမ်းနေသော နှုတ်ခမ်းကို လိမ္မော်ရည် ချိုမြမြက မွတ်သိပ်စွာ နှုတ်ဆက်လိုက်လေသည်။

Comments from ainchannmyay.com

1. သူညာပါတယ်။ တကယ့်ကိုပဲကွယ်…. မရှိပဲနဲ့ ..ဆုတောင်းတယ်ပြောတယ်….
Comment by sin dan lar — December 10, 2008 @ 2:57 am |

2. မွန်သာဆိုရင်တော့ အဲဒီဘုရားကျောင်းတွေအကြောင်း မေးမိတာကို နောင်တရနေမလားပဲ
တခါတလေ မသိခြင်းတွေက ပိုပြီးဆွတ်ပျံ့စရာ နင့်နဲ့လှိုက်မောစရာကောင်းသလားလို့
တခါတခါ စိတ်ကူးယဉ်တာများသွားတယ်မမး))
Comment by မွန် — December 10, 2008 @ 5:45 am |

3. ဒီပိုစ်ရေးကတည်းက ရယ်ချင်နေတာ sin dan lar ကော့မန့်ဖတ်ပြီး ပိုရယ်ချင်သွားမိတယ်။
မွန်… ဟုတ်တယ်နော်.. တစ်ခါတစ်ခါလဲ မသိတာ ပိုကောင်းပါတယ်။
Comment by မလေး — December 10, 2008 @ 11:42 am |

4. kg lay t ( B ) nay yar ka nay 1 nay yar yar ko htwatt kwar pho pyin sin nay t
kg ma lay nae 1 nay yar yar mar 1 nay nay sone pe, Lat Twal kya pho kyoe sarr see yone nay pone ya par tal
kg ma lay nay yar t Myanmar pyay phit pone ma ya hu khant man ya par tal, 1995 ku nit , pin lae day da mar hand phone ya pho so tar , ma phit nai tay hu U sa taw kyong phit ei ,hto a pyin , Myanmar pyin lal day da mar , Htin Suu Pin ko tway lay tway hta ma shi hu htin t
dar so kg ma lay t , A aye po taw oversea mar phit nai ei A bae kyong so ya taw , pin lal pyin A nee a nar twin shi taw Htin Shuu Pin myar kyong phit par tal
kg lay phone sat taw nay yar( B ) har, phone tway htu htat taw nay yar phit pe , Shar Song Pin myar shi taw kyong , A Lae Pai day da phit nai ei
A lae pain day da mar , pa yar kyong shi lay shi hta tate ma shi ( myanmar ) pyay twin , pe tot ( tong kone ka lay ) paw mar shi tal so htar ei
A lae pain day da mar Toung Kone shi kg shi nai ei , but sharr ei , myay pyant day da phit taw kyong phit ei
Kg lay ye’ sa khar tway har yuu toot mu sate kam sarr chat shi taw Lu nge 1 yout ye Sa Yite ko paw lwin say par tal ( Kg Ei ) but sin sarr tat thu a twatt so yin tot ( Lu Nyar 1 yout phit kg phit nai kyong sa khar lone myar ka Pya Ta Htar ei , ( Po Kg ei )
eg :“ချစ်သော.. မ နဲ့ အတူတူမနေရရင် ဒီခရီးဟာ နောက်ဆုံးဖြစ်ပါစေ…….. လို့” OR “ဟုတ်တယ်လေ.. မ က မောင့် ဘုရားပဲဟာကို”
To Taw, zat lan a ya, kg ma lay 10 nit lone lone kam sarr chat tway ount ta nway nway phit kae ya taw pone san lay yay htar ei , ( Kg Ei )
A htat par sar myar har Sar Phat Thu ei , zat lan a paw sway nway mu tat tat tar phit par tal .
Layy sar swar arr pay Lat
Comment by Anonymous — December 10, 2008 @ 2:21 pm |

5. why waited
Comment by HK — December 10, 2008 @ 8:36 pm |

6. နားလည်ဘူးး မူးသွားတယ် ။ မောင်က ချစ်လို့ညာတာပဲနော့် အချစ်ဆိုတာ တစ်ခါခါတော့ ရိုးသားစွာလှည့်ဖြားခြင်းတွေလိုတယ် ဒါမှ ကာရန်လေးတွေလှလာမှာ
Comment by မောင်မျိုး — December 10, 2008 @ 11:03 pm |

7. မလေးဆိုလိုတာကို နားလည်အောင် ကြိုးစားရင်း.. မဖတ်တတ်တဲ့စာတွေကိုလည်း ကြိုးစားဖတ်ကြည့်ရင်း ပြုံးမိပါတယ်။
တခါတလေမှာ ခက်တယ်..။
Comment by ShwunMi — December 11, 2008 @ 4:22 am |

8. အဟီးး
တမျိုးပဲ ခံစားရတယ်
တွေးကြည့်ရင်ရီချင်သလို့ 
ဒေါသဖြစ်ရမှလို့ ပဲနော်
ကောင်းလိုက်တဲ့ခံစားချက်လေးပါ
အားပေးလျက်
Comment by ညခင်းနဲ့ လမင်း — December 11, 2008 @ 6:47 am |

9. ညီမလေး အိမ်လေးရေ… မတွေ့တာကြာလို့ လာသွားတယ်နော် ကောင်းလိုက်တဲ့ မ ရယ်…..
Comment by yamin — December 11, 2008 @ 7:31 am |

10. လေယာဉ်ပျံရော ပျက်ကျသွားသေးလား?း)
Comment by ဒိုင်းဝီ — December 11, 2008 @ 8:14 am |

11. အနောနမစ်… အမ မနည်းဖတ်လိုက်ရတယ်..
HK…. မစောင့်ပါဘူး..ကောင်မလေးက ကြုံတော့မှ သွားကြည့်လိုက်တာထင်တယ်..
မောင်မျိုး.. ရိုးသားစွာလှည့်ဖျားခြင်းတဲ့လား.. စကားလုံးလေးကြိုက်သွားပြီမောင်လေးေ၇..
ရွှန်းမီ… တစ်ခါတစ်လေပဲ ခက်လို့ တော်တော့ပါတယ် ညီမရယ်..
ညခင်းနဲ့လမင်း… လှလိုက်တဲ့ကလောင်
ယမင်း… မင်္ဂလာပါ အစ်မရေ..
ဒီဝိုင်း.. ဖွဟဲ့.. ဖွ..
Comment by မလေး — December 11, 2008 @ 1:03 pm |

12. မလေး ဘုရားကျောင်းတွေမရှိဘူးဆိုတာ အဖိုးကြီးရဲ့ပြောစကားလေ…:P
Comment by shinminnyo — December 11, 2008 @ 2:18 pm |

13. စိတ်ဆိုတာ ခက်သားလား။ ကောင်မလေးက သူစိတ်မ၀င်စားတဲ့သူရဲ့ စကားမှန်မမှန်တော့ သိချင်တာကိုး။
Comment by ပုံရိပ် — December 11, 2008 @ 7:07 pm |

14. nice story.
Comment by mgmoekhin — December 11, 2008 @ 8:35 pm |

15. တကယ်တော့ အဘိုးကြီးက Coma ဖြစ်ပြီး အကြာကြီး အိပ်ပျော်နေခဲ့တာဗျ.
အဲဒီ့အချိန်မှာပဲ ဘုရားကျောင်းသုံးခုလုံးက အဖျက်ခံလိုက်ရတယ်. ဒါက Option (1) ပေါ့.
နောက်ထပ် Option ကတော့ အဘိုးကြီးက အဘွားကြီး ဆုံးသွားကတည်းက ညနေခင်းတွေဆို အဲဒီ့နေရာလေးမှာ ထိုင်ပြီး ငိုင်တွေဆွေးနေတတ်တယ်. အဘွားကြီးနဲ့ အဘိုးကြီး လက်ထပ်ခဲ့တဲ့ ဘုရားကျောင်းလေးကို ကနေဒါအစိုးရက ပြည်သူပိုင်သိမ်းလိုက်တာကို စိတ်နာပြီး ဒီလမ်းထဲမှာ ဘာ ဘုရားကျောင်းမှ မရှိဘူးလို့ ပြောလိုက်တာဖြစ်နိုင်တယ်. သနားပါတယ်. အဘိုးကြီးကြေကွဲနေရှာတယ်နော်.
အဲဒါက Option(2) ပေါ့ဗျာ.
Option (3) ကတော့ ကောင်မလေး ရောက်တဲ့မြို့မှားနေတာ ဖြစ်ကောင်းဖြစ်နိုင်တယ်.
ကောင်လေး ဘာဖြစ်သွားလဲဆိုတာ တွေးကြည့်လိုက်တော့…
သူ ကောင်မလေးကို မရနိုင်တော့တာ သေချာသွားမှန်းလည်းသိရော လွမ်းစရာကိုနာစရာနဲ့ ဖြေမယ်ဆိုပြီး နောက်တစ်ယောက်နဲ့ အိမ်ထောင်ပြုပစ်လိုက်ရင်း ဇာတ်မြုပ်နေထိုင်ပစ်လိုက်တယ်.
ဒါမှမဟုတ်…
လေယာဉ်ပေါ်မှာ အသည်းကွဲပြီး ရင်ပူတာကို သက်သာလိုသက်သာငြား ဂျင်ဂျာအေး မှာသောက်လိုက်ရော… ဂျင်ဂျာအေးကို တစ်ချိုက်ထဲသောက်ပစ်လိုက်တာ သီးသွားပြီး ဆေးရုံရောက်၊ ဆေးရုံမှာ Medical Checkup လုပ်… အရင်တုန်းက မသိခဲ့တဲ့ ရောဂါတွေ ပေါ်လာ. အရမ်းရှက်ပြီး ကောင်မလေးကို အဆက်အသွယ်မလုပ်တော့တာ ဖြစ်နိုင်တယ်. မယုံရင် ကန်တော်ကြီးအင်းလျားနားက ဆေးရုံတွေ မေးကြည့်ပါလား..
‘မင်းသိဖို့ကောင်းတယ်’
ဟတ်ဟတ်ဟတ်.
မသိတော့ဘူးဗျာ. ဇာတ်လမ်းလေးက ဖတ်ရတာကောင်းတယ်. ဒါပေမယ့် တဖက်သတ်ကြီး အဆုံးသတ်ထားတယ်ဗျာ. မသိရင် ယောင်္ကျားလေးတွေကပဲ မိန်းကလေးတွေကို ညာရွှီးဖြီးဖြန်းနေသလိုလို.. ပြီးတော့လည်း ကောင်မလေးက အဘိုးကြီးတစ်ယောက်တည်းရဲ့ စကားနဲ့ နေကာမျက်မှန်ကို ကောက်တပ်ပစ်လိုက်တယ်… မေးပါဦးလား. အထဲမှာ ထိုင်နေတဲ့ ဆိုင်ပိုင်ရှင်တို့၊ ခပ်လှမ်းလှမ်းမှာ ဂိတ်ထိုးထားတဲ့ တက်(က်)စီသမားတို့၊ ဟိုးဖက်ထောင့်မှာ ထိုင်ပြီးကဗျာရေးနေတဲ့ ဘလော့ဂါတစ်ယောက်ယောက်ကိုပေါ့. ဘလော့ဂါတွေဆိုရင် ဓာတ်ပုံအထောက်အထားနဲ့တောင် ပြောပြမလားပဲ
Information မစုံသေးဘဲ ဆုံးဖြတ်တာ ကောင်လေးအတွက် သနားဖို့ကောင်းပါတယ်. တကယ်ဆို သူ ကိုယ့်နားမှာ မနေနိုင်တော့ဘူးဆိုရင်တောင် ဖြူစင်ရိုးသားစွာနဲ့ ကောင်မလေးရင်ထဲမှာ ကျန်နေခဲ့စေချင်တယ်.
မလေး မတရားဘူး..
စတာပါဗျာ.. မလေးပျင်းနေမှာစိုးလို့..
သွားပြီ… ဘိုင်….
ကိုရန် - Kan Yo (အတုတွေပေါ်နေမှာစိုးလို့ Trademark Registered လုပ်လိုက်တာ. )
Comment by ကိုရန် -- Kan Yo — December 11, 2008 @ 9:43 pm |

16. ရှင်မင်းညို.. ကောင်မလေး ကိုယ်တိုင်လဲ တွေ့ဘူးလေ
ပုံရိပ်ရယ်… မဖြစ်နိုင်ဘူးလို့ ပြောတာလေ…
မောင်မိုးခင်… ကျေးဇူးပါရှင်..
ကိုရန်…. ကနေဒါမှာ ရှားစောင်းပင်မရှိဘူး။ စာလဲ သေချာမဖတ်…. ရသလေးတော့ ပျက်ပါပြီ…
Comment by မလေး — December 12, 2008 @ 12:32 pm |

17. မမရေ… စဖတ်ဖတ်ခြင်းမှာ ပင်လယ်လေတွေကြား ရောက်နေသလိုပဲ… အပြီးသတ်ကျတော့ ကျေကျေနပ်နပ်ကြီးကို ပြုံးမိတယ်… မမစာတွေကိုဖတ်တိုင်း စိတ်ထဲမှာ တကယ်တန်ဖိုးထားမိပါတယ်…
Comment by ရွှေပြည်သူ — December 12, 2008 @ 10:48 pm |

18. ညီမစာတွေကိုလဲ အပြန်အလှန်ပါပဲ ညီမရွှေပြည်သူး)
Comment by မလေး — December 15, 2008 @ 8:59 pm |

19. ချစ်ခြင်းမှာလှည့်ဖျားခြင်းကင်းပါစေ
Comment by kotharrnge — December 16, 2008 @ 1:34 am |

20. သူငယ်ချင်းေ၇…စာတွေကအတော်၇သမြောက်တယ်…ဒီနေ့အချိန်ပေးပြီးဖတ်ဖြစ်တယ်…ဆက်ဖတ်၇န်မျှော်နေမယ်…
Comment by Angel Eyes — December 17, 2008 @ 10:31 pm |

21. ကိုသားငယ်.. ပေးတဲ့ဆုနဲ့ပြည့်ကြပါစေ…
Angel Eyes …
အင်န်ယူအက်စ်က ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွားကိုယ်တိုင်လာမှတော့ ဒီထက်ပိုကြိုးစားရေးရမှာပေါ့ဟာ..
ငါကမတရားဘူးနော်.. ကိုယ့်အကြောင်းကျမပြောဘူး၊ သူများကြောင်းကျရေးနေတယ်.. နင်မကြိုက်ရင် ဒီကော့မန့်ဖျက်ပေးပါ့မယ် သူငယ်ချင်းရေ…
ကြုံရင်ဒါလေးဖတ်စေချင်တယ်.. http://www.ainchannmyay.com/?p=141
ကျန်တဲ့ ရသလေးတွေကလဲ ကြည့်တတ်ရင်.. hidden message လေးတွေပါတယ်သူငယ်ချင်း..
နင်လာတာငါ ၀မ်းသာတယ်နော်
Comment by မလေး — December 18, 2008 @ 3:47 pm |

6 comments:

မွန် said...

မမရယ် ဒီပို့စ်လေးအရမ်းသဘောကျတာနဲ့ မွန်ကောမန့်တော့ပွတ်လိုက်တယ် မတက်သွားဘူးထင်တယ် အခုကြည့်တော့မရှိပြန်ဘူး အခုပြန်ရေးမလို့ စဉ်းစားတော့လဲ အဲဒီတုန်းက ပေးထားတဲ့စာကြောင်းတွေအတိုင်း သေချာပြန်မမှတ်မိပြန်ဘူး အင်း အဲဒီတုန်းက တက်မတက်ဂရုစိုက်ပြီးမစစ်လိုက်မိတာ စိတ်မကောင်းဖြစ်နေမိတယ်

တစ်ပြည်သူ အိမ့်ချမ်းမြေ့ said...

ညီမလေး www.ainchannmyay.com မှာ ရေးသွားပေးသေးတယ်လေ.. ဒီဘက်မှာတော့ ဒီတစ်ခုပဲရှိတယ်

Phyo Evergreen said...

အစ်မရေ ဖတ်ပြီးတော့ပြုံးမိသွားတယ်..။ သေချာစဉ်းစား ကြည့်တော့ မြို့ငယ်လေးတစ်မြို့မှာ ဘုရားကျောင်းက တစ်ကျောင်းနှစ်ကျောင်း ထက်ပိုမရှိနိုင် ပါဘူး..။ မကို ညာသွားတဲ့ မောင့်ကို ဘဲ ရီချင်တယ်..။

ကလိုစေးထူး said...

သမရိုးကျလို ဖြစ်နေတဲ့ ဖြစ်စဉ်တခုကို ဇာတ်ကွက် နှစ်ကွက်ထဲနဲ့ သရုပ်ဖော်သွားတာ မိုက်တယ်။ ဒီစာဖတ်ပြီးတော့ `မင်းသာ လိုချင်တယ်ဆိုရင် ဓူဝံကြယ်ကြီးလဲ ကိုယ်ဆွတ်ပေးပါမယ်´ လို့ စာတွေဖွဲ့ခဲ့ကြတာတွေကို မြင်ယောင်မိသေးတယ်။ :D ရှားစောင်းပင် သစ္စာလို့ ခေါင်းစဉ်ပေးလိုက်တော့ နမိတ်ပုံပေါ်နှင့်နေသလား စဉ်းစားမိတယ်။ သို့သော်...၊ စာရေးဆရာမ စိတ်ကူးက ပိုလှပါသည်။ :)

Anonymous said...

မလေးရေ
ဒီနေရာလေး အလွမ်းပြေ လာသွားတယ်။
လှတယ်။
မဆီမဆိုင် သောကြာကြယ်ကို သတိရသွားသေးတယ်။ မလေးရဲ့ အမှတ်တရ ကြယ်လေး။
ဒါနဲ့ သောကြာကြယ်က တဘောင်ရှိတယ်နော်။ မလေးကတော့ သိမှာပါ။ ညီမလေးကတော့ ဟိုတုန်းက မေမေပြောဖူးတာကို မေ့နေလို့ ဟိုတစ်နေ့က စကားစပ်မိမှ မလေးရဲ့ သောကြာကြယ်နဲ့ ဆက်စပ်သတိရသွားသေးတယ်။
နှင်း

မွန် said...

မမ
မွန်မမကို တဂ်ပို့စ်လေးတစ်ပုးလောက် ရေးပေးစေချင်လို့
မမအားတယ်ဆိုရင် ရေးပေးပါနော်

LinkWithin

Related Posts Plugin for WordPress, Blogger...