မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Wednesday, November 19, 2008

ဆက်စပ်မှုမဲ့ခြင်းများ

တစ်ကယ်တော့....

ခံစားချက်တွေနဲ့ စိတ်အစာဖြေမှုတွေကြားမှာ လွင့်ပါးစီးမျောနေကြတဲ့ ...

မျှော်ကိုးမှုမပါ စေတနာတွေဖုံးလွှမ်းနေတဲ့ စာတွေ၊ ကဗျာတွေ၊ ခံစားချက်၊ အနုပညာတွေ၊ ဆောင်းပါးတွေ၊ ဝေဖန်ချက်တွေ၊ နိုင်ငံရေး၊ စီးပွားရေး လူမှုရေး အမြင်တွေ၊ ရယ်...
ဒါမှမဟုတ်...
တစ်စုံ တစ်ရာ အကျိုးအမြတ်တွေ၊ မျှော်ကိုးမှုတွေကို အရင်းခံရင်း
သူများပေးတဲ့ ပညာတွေနဲ့ တိုင်းပြည်ကို ပြန်လက်ညှိုးထိုး
အပေါ်စီးက ဝေဖန်ရေးသားမှု စာစုတို့ ကျင်လည်ရာ ဒီဖန်သားပြင်တွေရယ်..

ဖန်သားပြင်နောက်ကွယ်က ဘ၀ စစ်တွေ ရယ်...

ရန်ကုန်မြို့ကြီးပေါ် က ဘ၀ စစ်တွေဟာ ...

လုံးဝ ဆက်စပ်မှုမရှိတဲ့ Venn Diagram စက်ဝိုင်း သုံးခုလိုပါလားလို့
အံ့သြစွာနဲ့...
ကိုယ်...
တရားတွေရနေမိတယ်..။

ဒီလိုနဲ့ ...
ကိုယ်တို့တွေဟာ...
ဆက်စပ်မှုမဲ့စွာ..
အစုအဖွဲ့လေးတွေဖွဲ့ရင်း
တစ်ဖြည်းဖြည်း ဝေးကွာသွားကြတော့မယ်ထင်ရဲ့။

3 comments:

Nay Nay Naing said...

ဒီအတွေး... သဘောကျတယ်..

Republic said...

အင်း .. ၀င်တွေးကြည့် သွားပါတယ်ဗျာ ၊၊

တန်ခူး said...

ဆက်စပ်မှုမဲ့နေတာ
လက်တွေ့ မကျတာ တွေရှိနေတာတော့ အမှန်ပဲအိမ့်ရေ…
ဒါပေမယ့်… ဖန်သားပြင်ပေါ်က စာသားသက်သက်မဟုတ်ပဲ ရင်ထဲက စေတနာတွေပါ ပါခဲ့ရင် စေတနာနောက်က လက်တွေ့ ကူညီကယ်တင်မှုတွေ ပါလာမယ်ထင်တာပဲ…
မမေ့မလျော့ရှိခြင်းက ကောင်းပေမယ့် စေတနာပါတဲ့ လက်တွေ့ ပါတဲ့ မမေ့မလျော့ရှိခြင်းက ပိုအကျိုးရှိတာပေါ့နော်…
ဆက်စပ်မှုတွေ ပိုရှိအောင် ကြိုးစားကြည့်ရအောင်လား ညီမရယ်…
ကိုယ်တတ်နိုင်သလောက်ပေါ့… better than nothing လေ…

LinkWithin

Related Posts Plugin for WordPress, Blogger...