မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Saturday, October 18, 2008

စိတ်ကိုအနိုင်ကျင့်သူများ

ကျွန်မ စိတ်ထဲမှာ ဒီနေ့ တော်တော်လေး ကသိကအောင့်ဖြစ်သွားပါတယ်။ အဖြစ်ကတော့ ဧည့်ကြိုရုံးဝန်ထမ်းနဲ့ သယ်ယူပို့ဆောင်ရေးငှာနက၀န်ထမ်းနှစ်ယောက်ကြားမှာ ဖြစ်သွားတဲ့ ကိစ္စလေးပါ။ ဧည့်ကြိုရုံးဝန်ထမ်းမိန်းကလေးက အသက်သုံးဆယ်လောက်၊ သယ်ယူပို့ဆောင်ရေးငှာနက ကောင်လေးက ရှိလှမှ တဆယ့်ရှစ်နှစ်၊ sexual harassment လို့ အမည်တပ်ပြီး အလုပ်ထုတ်ခံလိုက်ရတာက မိန်းကလေးပါ။ မိန်းကလေးက ကောင်လေးကို နောက်ကနေပြီး ဂျင်းပင်အောက်ကပေါ်နေတဲ့ အောက်ခံဘောင်းဘီကို သွားသွားဆွဲပြီး စတဲ့ ကိစ္စပါပဲ။ ဒီခေတ် ယောင်္ကျားလေးတွေကလဲ တမင် အောက်ခံဘောင်းဘီကို ပေါ်အောင် ၀တ်တတ်ကြတယ်ထင်ပါတယ်။ မိန်းကလေးကလဲ သူ့မောင်အရွယ်လေးဆိုတော့ စ တယ်နဲ့တူပါတယ်။ ဒါပေမယ့် ဘယ်လိုမှ မလုပ်သင့်တဲ့ ကိစ္စတစ်ခုပါပဲ။ ကောင်လေးက ကျွန်မနဲ့ ခင်ပါတယ်။ မထင်မရှားတီးဝိုင်းလေးတစ်ခုက လိဒ်သမားလေး တစ်ဦးပါ၊ တော်တော်လဲ အေးပါတယ်။ သူ့ကို ဟိုမိန်းကလေး အဲလို စရင် သူ စိတ်အနှောက်အယှက်ဖြစ်တယ်လို့ ကျွန်မ ကိုပြောနေတာတော့ကြာပါပြီ။

မိန်းကလေးကလဲ ပြင်သစ်မလေးဆိုတော့ ပြင်သစ်မလေးတွေရဲ့ ပုံစံအတိုင်း လွတ်လပ်ပေါ့ပါး၊ စလိုက်နောက်လိုက် နေတတ်ပါတယ်။ မြန်မာမျက်စိမှာတော့ တော်တော်လေးတော့ မျက်စိနောက်စရာပေါ့နော်။ ဒါပေမယ့်လဲ အချို့ယဉ်ကျေးမှုတွေမှာ ဒါဟာ ခေတ်ရှေ့ပြေးတယ် outgoing ဖြစ်တယ်ဆိုပြီး ဂုဏ်ယူတတ်ကြတာတွေလဲရှိပါတယ်။
နောက်ဆုံးတော့ ဘာဖြစ်ကြတယ်မသိဘူး၊ မိန်းကလေး အလုပ်ဖြုတ်ခံထိလိုက်ပါတယ်။ ရုံးတွေမှာ မလိုအပ်ပဲ စတာတွေ၊ နောက်တာတွေက သိပ်လွန်လာရင် အလုပ်တွေကို ထိခိုက်နိုင်တယ်။


ဒီနေ့ တစ်ယောက်သောသူကလဲ တိုက်တိုက်ဆိုင်ဆိုင် စိတ်ဝင်စားစရာ ဆောင်းပါးလေး တစ်ပုဒ် အီးမေးလ်ကို ပို့ပေးလာတော့ ဖတ်ပြီး စာဖတ်သူများနဲ့ ဝေမျှလိုစိတ်ဖြစ်လာပါတယ်။ အများကတော့ သိပြီးသားတွေပါပဲ။

ကနေဒါနိုင်ငံမှာ Sexual harassment နဲ့ racial discrimination ကို ထိထိရောက်ရောက် အရေးယူပေမယ့်၊ အရေးယူရခက်တဲ့ bullying (စိတ်ကိုနှောက်ယှက် အနိုင်ကျင့်) တာက ပိုပြီး လုပ်ငန်းခွင်တွေမှာ များပြားပါတယ်။ bully လုပ်သူ ၈၀% ဟာ အထက်အရာရှိတွေဖြစ်ပြီး၊ လူနည်းစုဟာ လုပ်ဖော်ကိုင်ဘက်အချင်းချင်းဖြစ်တယ်လို့ ဆိုပါတယ်။ များသောအားဖြင့် တစ်ယောက်ထဲ နေတတ်သူတွေနဲ့ အားနည်းတဲ့သူတွေဟာ bully လုပ်တာခံရတာများပေမယ့် လုပ်ငန်းခွင်တွေမှာကတော့ အလုပ်ကြိုးစားတဲ့သူတို့ လူချစ်လူခင်ပေါတဲ့သူတို့ဟာ အနိုင်ကျင့်ခံရတတ်သူတွေ ဖြစ်နေတတ်တယ်။ အနိုင်ကျင့်တဲ့သူတွေဟာ ဘယ်လိုလူတွေကို ရွေးအနိုင်ကျင့်လဲဆိုရင် အားလုံးနဲ့ လိုက်လျောညီထွေ နေတဲ့သူတို့၊ ပြန်ပြီးဖြေရှင်းချက်တွေနဲ့ ရန်ပြန်မဖြစ်တဲ့ သူတွေကို ရွေးပြီး အနိုင်ကျင့်တတ်တဲ့ သဘောတွေရှိတယ်လို့လဲဆိုပါတယ်။

အနိုင်ကျင့်သူများ၏ အကျင့်စရိုက်များ
အနိုင်ကျင့်တဲ့ bully တွေဟာ ဘယ်လိုလူတွေလဲဆိုရင် စာနာစိတ်မရှိသူ၊ social skills နည်းသူ၊ ကိုယ့်ကိုကိုယ် မလုံမခြုံဖြစ်နေသူ၊ ယုံကြည်မှု နည်းသူတွေပဲဖြစ်ပါတယ်။ သူတို့ ပစ်မှတ်ကိုတွေ့ပြီဆိုရင် တရားမမျှတစွာ ဝေဖန်ပစ်တင်မယ်၊ လူတွေအများရှေ့မှာ အရှက်ခွဲမယ်၊ ဒါမှမဟုတ် အုပ်စုထဲမှ ကျဉ်ထားတဲ့ သဘောတွေလုပ်တတ်ပါတယ်။

အထက်အရာရှိတွေမှာ အဲလိုနိမ့်ကျတဲ့ စိတ်ရှိပြီဆိုရင်တော့ လက်အောက်ငယ်သားတွေကို မတန်တဆအလုပ်တွေခိုင်းမယ်၊ မပြီးပြီးအောင် အတင်းတွန်းမယ်၊ လုပ်ပိုင်ခွင့်တွေကို လျော့ချပြီး အလုပ်တွေပိုပိအောင် ဥာဏ်ဆင်မယ်လို့ ဆိုပါတယ်။

အနိုင်ကျင့်သူများ၏ ဒုက္ခများ
သူတို့တွေဟာ လုပ်ငန်းခွင်ရဲ့ ၁၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းကို မိမိကိုယ်ကို ကာကွယ်နေရတာရယ်၊ မိမိဘက်ကို ပါလာမယ့်လူတွေကို လူစုနေရတာရယ်နဲ့ အချိန်ကုန်နေပြီး၊ တစ်ကယ့်အလုပ်မလုပ်နိုင်တော့အောင် စိတ်တွေကျပ်နေတာတွေဖြစ်လို့ ခဏခဏလဲ ရုံးပျက်တတ်တယ်လို့ ဆိုပါတယ်။

အဲလိုလူမျိုးတွေဟာ ပတ်ဝန်းကျင်ကို အဆိပ်တွေပျံ့နှံ့စေတဲ့ သူတွေလို့ဆိုပါတယ်။ ဒေါသ၊ ကြောက်ရွံ့ခြင်း၊ စိတ်ကျစေခြင်းတို့ကို ပတ်ဝန်းကျင်မှာ ပျံ့နှံ့စေတဲ့ လူတွေပဲဖြစ်ပါတယ်။ အနိုင်ကျင့်ခံရတဲ့ သူတွေခမျာလဲ စိတ်ကျတာ၊ အိမ်ထောင်ရေးအဆင်မပြေတာ၊ အပေါင်းသင်းမိတ်ဆွေတွေပျက်တာတွေ ဖြစ်လာပါတယ်။

အဲလို ဖြစ်လာရင် ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းတစ်ခုလုံးဟာလဲ ထိခိုက်နစ်နာပါတယ်။ health care system တစ်ခုလုံးလဲ ထိခိုက်နစ်နာပါတယ်။ ကျွန်မ ရေးဖူးတဲ့ ချစ်သူ့လွယ်အိတ် ထဲကလိုပဲ၊ society တစ်ခုလုံးက web ကြီးတစ်ခု မို့လို့ တစ်ယောက်နစ်နာရင် အကုန်နစ်နာကြတာပါပဲ။ နောက်ဆုံး ဒီဒုက္ခဟာ ကိုယ့်ဆီပဲ ပြန်ရောက်လာတာပါပဲ။

ဒီလို အလုပ်တွေမှာ အချင်းချင်း အနိုင်ကျင့်တဲ့သူတွေကြောင့် ကုမဏီတွေဟာ လူတော်၊ လူကောင်းတွေကို ဆုံးရှုံးကြရတာ မနည်းပါဘူး။ အနိုင်ကျင့်သူတွေကို ထိထိရောက်ရောက် အရေးယူတဲ့ လုပ်ငန်းခွင်တွေဟာ အနိုင်ကျင့်သူတွေကို အရေးမယူတဲ့ ကုမဏီတွေထက် ၃၀% ကနေ ၄၀% ထိ ပိုပြီးအောင်မြင်တယ်လို့ ဆိုပါတယ်။


ရုံးတွေမှာ အဲလို အနိုင်ကျင့်လာပြီဆိုရင် ရက်၊ အချိန်၊ အဖြစ်အပျက်တွေကို သေသေချာချာ ရေးမှတ်ထားတာမျိုး၊ တနည်းနည်းနဲ့ မှတ်တမ်းတင်ထားတာမျိုး လုပ်ခိုင်းပါတယ်။ ဖြေရှင်းပေးမယ့် သူ (သို့) အုပ်စုဟာလဲ အနိုင်ကျင့်သူကော၊ အနိုင်ကျင့်ခံရသူ နှစ်ဦးလုံးရဲ့ ရသင့်ရထိုက်တဲ့ အခွင့်ရေးတွေကို တရားမျှတစွာ ထည့်သွင်းစဉ်းစားဖို့လိုတယ်လို့ ဆိုပါတယ်။ အဖြစ်အပျက်တစ်ခုလုံးကို အသေးစိတ်ခြုံငုံကြည့်ပြီးမှ လုပ်ဆောင်စရာရှိတာတွေကို လုပ်ဖို့လဲ ဆောင်းပါးက အကြံပေးထားပါတယ်ရှင်။

ရုံးတွေ၊ ကျောင်းတွေ၊ အိမ်တွေ၊ ဘာသာရေးအဖွဲ့အစည်းတွေ၊ လှုမှုရေးအဖွဲအစည်းတွေ အားလုံးမှာ အုပ်စုဖွဲ့ အနိုင်ကျင့်၊ bully လုပ်ခြင်းများ လျော့နည်းပပျောက်ပါစေ… လို့။



Virtual world မှာ bully လုပ်ခံရသူများအနေနဲ့ကတော့ မိမိတစ်ဦးတည်းမဟုတ်ကြောင်း၊ မိမိကို ချစ်ခင်သေးတဲ့သူတွေရှိသေးကြောင်း အမြဲသတိရပြီး၊ ကိုယ်လုပ်သင့်တာကို တစိုက်မတ်မတ် လုပ်သွားဖို့ အားပေးတိုက်တွန်းလိုက်ပါတယ်ရှင်။
Common.. it’s just a virtual world လို့တော့ ကျွန်မ မပြောတော့ပါဘူးရှင်။ ဘာလို့လဲဆိုတော့ ဒီ virtual world ကြီးကို ချစ်နေမိပြီ၊ သံယောဇဉ်ဖြစ်နေမိပြီ ဖြစ်လို့ပါပဲရှင်။


source:http://www.safety-council.org/info/OSH/bullies.html


Comments from ainchannmyay.com

1. လူတစ်ယောက်က ခင်လို့စတာကို စိတ်အနှောင့်အယှက်မဖြစ်သင့်သလို…ငါ့ကို ချစ်လို့..ခင်လို့ပါလားလို့ စိတ်နှလုံးသွင်းလိုက်ရင် အဲဒီကောင်လေး အေးချမ်းသွားပါလိမ့်မယ်..
နေရာချင်းသာလဲလိုက်ချင်တယ်.. ဟဲ..ဟဲ..
အနိုင်ကျင့်တတ်တဲ့လူ ဆိုတာကလည်း သူတို့ကိုယ်တိုင်ကိုက သိမ်ငယ်စိတ်များနေတတ်တဲ့လူတွေများပါတယ်..အဲဒီလူတွေက တကယ်သနားဖို့ကောင်းတယ်..သူများ စိတ်ညစ်မှသူတို့ပျော်ရတယ်ဆိုတာ တော်တော်ခွတီးခွကျနိုင်တာပဲ..
Comment by ဒီဝိုင်း — October 19, 2008 @ 8:32 am

2. ဒီပို့စ်လေးဖတ်ရတာ စိတ်လည်းမကောင်းဘူး. ပညာလည်းရပါတယ်.
စိတ်မကောင်းတာကတော့ အလုပ်ပြုတ်သွားတဲ့ မိန်းကလေးအတွက်ပါ. ပညာရတာကတော့ အကျီစားသန်က ရန်များ၏ ဆိုတဲ့ မြန်မာစကားပုံလေး မှန်လွန်းတာကို သတိရမိသွားတာပါ.
ဟုတ်တော့လည်းဟုတ်တယ်ဗျာ. အလုပ်ခွင်ထဲမှာ ကိုယ့်အထက်ကလူက ကိုယ့်ကို တစ်နည်းတစ်ဖုံနဲ့ ဘူလီလုပ်ရင် တော်တော်အခံရခက်တယ်.
မခံနိုင်လို့ ပြန်ပြောပြန်ရင်လည်း ရိုင်းတယ်. အောက်ခြေလွတ်တယ်. ကျေးဇူးကန်းတယ်. စတဲ့ စကားလုံးတွေ မျိုးစုံနဲ့ ထိုးနှက်ခံရတယ်.
စတယ်နောက်တယ်ဆိုတာကလည်း အခြေအနေနဲ့ အချိန်အခါကို ကြည့်သင့်တာပေါ့လေ.
ဘာပဲဖြစ်ဖြစ်ပါ.
ဒီပို့စ်လေးအတွက် ကျေးဇူးတင်ပါတယ်. မလေးလည်း အလုပ်ခွင်ထဲမှာရော၊ ပြင်ပလက်တွေ့ဘ၀မှာပါ စိတ်ကို အနိုင်ကျင့်တတ်သူတွေနဲ့ လွတ်ကင်းပြီး အေးချမ်းပျော်ရွှင်ပါစေဗျာ…
ခင်မင်လေးစားလျက်
ရန်အောင်
Comment by Yan — October 22, 2008 @ 3:48 am

3. မလေးရေ.. ဒီပို့စ်လေးက ကောင်းလိုက်တာ .. သတိထားဖို့လေ။ အဲလို စိတ်ကို အနိုင်ကျင့် တတ်သူများဟာ မိသားစု အချင်းချင်း ထဲမှာတောင် ရှိတယ် ဆိုတာ Child Abuse Protection Report တွေထဲမှာ ဖတ်လိုက်ရတယ်။ ကိုယ့်အပြုအမူ တစ်ခုက သူများကို မထိခိုက်အောင် ဂရုစိုက် တတ်မှုပါ လိုတယ် ထင်ပါရဲ့နော်။
Comment by ခွန်မြလှို်င် — October 23, 2008 @ 2:46 am

4. ကျနော်လဲ အွန်လိုင်းမှာ အဲ့လို bully လုပ်တာခံဖူးတယ်။ အင်းနော် လူတွေလူတွေ..
Comment by minnyoon — October 23, 2008 @ 3:14 am

3 comments:

Phyo Evergreen said...

အစ်မရေပို့စ်လေးက စိတ်ဝင်စားဖို့ကောင်းပြီး ဗဟုသုတ
လည်းရတယ်..။ ကျွန်တော်က Bully ဆိုသိပ်မုန်းတာ..
ကိုယ်လည်း အနိုင်ကျင့်ခံရဖူးတာကိုး...။ တစ်ခါတုန်းက
part-time အလုပ်တစ်ခုမှာဆို မန်နေဂျာက Bully
လုပ်တာ..ပြန်ရမဲ့အချိန်ကိုပေးမပြန်ဘူး...အချိန်ပိုလုပ်ရ
လို့လည်းပိုက်ဆံမပေးဘူး..။ ကိုယ်ကလည်း ပြန်မပြော
တတ်တော့ ...နောက်ဆုံးထွက်လိုက်တာဘဲ...။အားပေး
စကားတွေအတွက်ကျေးဇူးပါ..။

My Wonderful Moral Thoughts said...

''Bully တွေဟာ ဘယ်လိုလူတွေလဲဆိုရင် စာနာစိတ်မရှိသူ၊ social skills နည်းသူ၊ ကိုယ့်ကိုကိုယ် မလုံမခြုံ ဖြစ်နေသူ၊ ယုံကြည်မှု နည်းသူတွေပဲ ဖြစ်ပါတယ်။ သူတို့ ပစ်မှတ်ကို တွေ့ပြီဆိုရင် တရားမမျှတစွာ ဝေဖန်ပစ်တင်မယ်၊ လူတွေအများရှေ့မှာ အရှက်ခွဲမယ်၊ ဒါမှမဟုတ် အုပ်စုထဲမှ ကျဉ်ထားတဲ့ သဘောတွေ လုပ်တတ်ပါတယ်။''

Quite Right!!! Absolutely..

ကိုယ်လဲ သူများကို Bully မလုပ်သလို ကိုယ့်ကို လာလုပ်ရင်လဲ နဲနဲလေးမှမခံဘူး။ ကိုယ်ရှေ့ သူများ လုပ်ခံနေရရင်လဲ ဝင်ကာကွယ်ပြစ်မှာ အသေအချာပဲ။

Post လေး ကောင်းတယ် မလေး။

SMNTL

တန်ခူး said...

အိမ့်ရေ… စိတ်ဝင်စားစရာပါ…
အနိုင်ကျင့်ခြင်းက ဘယ်နေရာမှာ မကောင်းပါဘူး…
အနိုင်ကျင့်တာကို အရေးယူလို့ ရတာ တော်တော်ကောင်းပါတယ်…

LinkWithin

Related Posts Plugin for WordPress, Blogger...