မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Wednesday, October 22, 2008

ညည်းချင်း

လူတွေကိုလဲ ရှောင်ရသေးသည်။ ဒါတောင် ကနေဒါ၊ အခြားသော လူများသော တိုင်းပြည်တွေနဲ့ ယှဉ်လျှင် တိတ်ဆိတ်ခြောက်ကပ်သောနိုင်ငံ။ တမင်လဲ လူနည်းသောကြားရက်ကို ခွင့်တင်ပြီး ဈေးဝယ်ထွက်လာတာတောင် လူက မွန်းကျပ်လာသည်။ လူတွေကို ရှောင်ရင်း စီးထားသည့် ဒေါက်ဖိနပ်ကို ချွတ်ပြီး နီးရာ အမှိုက်ပုံးထဲ ပစ်ထည့်လိုက်ချင်စိတ်ဖြစ်နေသည်။ ရှင်းရှင်းပြောရလျှင် ၀တ်ထားသော ကုတ်တွေ၊ ပိုက်ဆံအိတ်တွေ၊ ဒေါက်ဖိနပ်တွေကို အကုန်ချွတ်ပစ်ပြီး ရေကန်တစ်ခုခုထဲ ဒိုင်ပင်ထိုးချချင်စိတ်ဖြစ်နေသည်။ လူတွေဟာအပေါ်ယံ ပစ္စည်းတွေ အောက်မှာ လေးပင်မောပန်းလှပါလားဟု တွေးလိုက်မိသည်။

*********************
အလှအပနဲ့ အသုံးအဆောင်ပစ္စည်းတွေ ဈေးဝယ်ထွက်ရတာကို နှစ်သက်တဲ့ မိန်းမတွေထဲမှာ မပါသော မိန်းမတစ်ယောက်ဟာ လူထူးဆန်းတစ်ယောက်သာဆိုရင် ကျွန်မဟာ လူထူးဆန်းတစ်ယောက်ပဲ ဖြစ်လိမ့်မည် ထင်ပါသည်။ မရှိမဖြစ်လိုအပ်နေမှုထက် လိုချင်သော စိတ်ဆန္ဒတွေကို ဖြည့်စည်းပေးရန်၊ လူသုံးကုန်ပစ္စည်းတွေကို ရောင်းချပေးသော ဆိုင်တန်းတွေရှိရာ shopping mall တွေဟာ ကျွန်မအတွက်တော့ မြို့ပြအစိတ်အပိုင်းတစ်ခု၏ အပူဒဏ်၊ ရေမွှေးနံ့၊ လူနံ့တွေနှင့် လေးပင်မှုတွေများကို စုတ်ယူငင်ထားသော နေရာတစ်ခုပဲဖြစ်ပါသည်။

ကျွန်မ လိုအပ်တဲ့ ပစ္စည်းတစ်ခုကို ၀ယ်မယ်ဆိုလျှင် ဈေးထိပ်က မြေပုံမှာ အဲဒီပစ္စည်းရနိုင်မည့် ဆိုင်၏ မြေပုံကို အရင်သွားကြည့်သည်။ ပြီးတော့ ဆိုင်ရှိရာကို တန်းတန်းမတ်မတ်သွားသည်။ ဆိုင်ထဲဝင်သည်၊ နည်းနည်းပါးပါး လေ့လာပြီး ကြိုက်သည်၊ ဈေးသင့်တော်သည်ဆိုလျှင် ၀ယ်လိုက်တတ်သောသူပါရှင်။

အထူးသဖြင့် စတိုးဆိုင်ကြီးတွေဖြစ်တဲ့ The Bay တို့ Sears တို့အထဲကို ၀င်ရမည်ဆိုလျှင်၊ စတိုးဆိုင်ထိပ်က ရေမွှေးကောင်တာကို ဖြတ်ရမည်ဆိုလျှင် အလိုလိုနေရင်း ဇက်ကြောက တက်လာပါပြီ။ ယခုလဲ The Bay ဆိုင်ထဲကို ၀င်ရတော့မည် ဆိုသည်နှင့် ခပ်လှမ်းလှမ်းကတည်းက အသက်ကို အောင့်ထားလိုက်သည်၊ ပြီးတော့ ရေမွှေးကောင်တာရှေ့က အသက်အောင့်ထားရင်း မြန်မြန်ဖြတ်ပြီး အ၀တ်အစားတွေရှိသော တန်းဘက်ကိုရောက်တော့မှ အသက်ကို ၀၀ရှုလိုက်သည်။ အ၀တ်စားတန်းမှာ အကျီ တွေက ဆောင်းကူးရာသီမှာ ၀တ်ဖို့ အ၀တ်အစားတွေမို့ ထူထူထဲထဲတွေ။ နွေရာသီဝတ်ပေါ့ပေါ့ ပါးပါးလေးတွေကိုတော့ ရာသီကုန်ပြီမို့ အကုန်သိမ်းဆည်းသွားကြပြီ။

“ဟင်း..
ကပ်ပြီးမှ လုပ်တာကိုး ကိုယ့်အပြစ်နဲ့ကိုယ်ပဲ...”


ခပ်တိုးတိုးပြောပြီး ဂါဝန်လှလှလေးတွေတန်းဘက်ကို သွားလိုက်သည်။
ဟယ် … ဒီဂါဝန်လေးက လှတယ်၊ အိနြေ္ဒ လဲရတယ်၊ မြန်မာပြည်မင်္ဂလာဆောင် နဲ့လဲ သင့်တော်မယ်ထင်တယ်။ အရောင်လေးလဲ မဆိုးဘူး၊ ဒီတစ်ဆိုင်လုံးကတော့ Made in Canada ဆိုတော့ ဈေးနည်းနည်းပိုကြီးနိုင်ပေမယ့် သင့်တော်ရင်တော့ ဒါလေးပဲ ၀ယ်သွားတော့မယ်။

စိတ်ကပြောပြီး ဈေးနှုန်းကဒ်လေးကို ကိုင်ကြည့်လိုက်သည်။

ဟင်.. ဘုရားဘုရား.. ဒေါ်လာ လေးရာ၊ ဒါတောင် ဒီဇိုင်းအင်ကနေဒါ၊ မိတ်ဒ်အင် ချိုင်းနား။
ဘုရားတပြီး ပြန်ချလိုက်တယ်။

ကြိုက်လို့ကိုင်ကြည့်လိုက်သည့် ဂါဝန်တိုင်းက ဒေါ်လာ နှစ်ရာကျော်တွေချည်း။ ကိုယ်တတ်နိုင်တာကျတော့လဲ ပုံစံမကြိုက်၊ အရောင်က မကြိုက်။
ဒီတစ်ထည်ကလဲ တိုနန့်နေတာပဲ၊ ပွဲထိုင်တွေမှာ ဒူးဆစ်ပေါ်နေခြင်းဟာ အထက်တန်းလွှာမဟုတ်ဘူးလို့ ဘယ်သူတွေ စည်းမျဉ်းချလိုက်ပါသလဲ။ နိုင်ငံတစ်ကာ အစည်းအဝေးတက်တာလဲမဟုတ်ဘူး။ ဒီဟာကလဲ အရောင်တွေ လက်နေလိုက်တာ၊ ဒါသာဝတ်သွားလိုက်လို့ကတော့ ခရစ်စမတ် လက်ဆောင်ထုတ်ကြီးရွေ့လာတယ် ထင်နေဦးမယ်။ ဒါလေးကလဲ ကြိုးလေးက တစ်ချောင်းထဲ၊ အသက်အရွယ်နဲ့ ဘယ်လိုမှ မလိုက်ဘူး။ ဟယ်.. ဒါလေးလှလိုက်တာ လုံလုံခြုံခြုံနဲ့ အနက်ရောင်လေး၊ လက်နေတာလေးတွေကလဲ စိန်ပွင့်လေးတွေ မသိမသာလက်နေသလိုလို၊ ဈေးကလဲ အတော်ပဲ၊

လက်ကိုင်အိတ်ထဲက ဆဲလ်ဖုန်းကို ထုတ်လိုက်သည်။ ပြီးတော့ နံပါတ်တစ်ခုကို လှည့်လိုက်သည်။

“မေ… ”

“ပြော.. သမီး”

“မေ.. မြန်မာပြည် မင်္ဂလာဆောင်တွေမှာ အနက်ဝတ်လို့ရလား”

“ဟယ်.. မရဘူးနော်။ သူတို့က ပန်းရောင်တို့ အ၀ါတို့ ၀တ်တာ..၊ အနက်မလုပ်နဲ့..”

“ဟုတ်.. ဟုတ်.. ဒင်နာကော မရဘူးလား.. ဘာဝတ်ရမလဲ ခုထိမသိဘူး”

“သမီးကဘာဝတ်ဝတ်လှမှာပါ… အနက်တော့မလုပ်နဲ့”

မေ နဲ့ပြောရင်း တဖြည်းဖြည်း တစ်ခြား အ၀တ်အစားတန်းတွေဘက်ရောက်သွားသည်၊ ဟိုဟာလေးကိုင်ကြည့်၊ ဒါလေးကိုင်ကြည့်၊ စကားကတစ်ပြောပြောနဲ့ ဖိနပ်လေးတွေ ကိုင်ကြည့်လိုက်၊ ပိုက်ဆံအိပ်ကိုင်ကြည့်လိုက်နဲ့ ဘယ်တွေရောက်ကုန်မှန်းမသိလို့ ကိုယ်ဘာလာဝယ်လဲ ကိုယ်မေ့သွားလို့ ငါဘာလာဝယ်တာပါလိမ့်လို့ ကိုယ့်ကိုကိုယ်စိတ်ထဲက ပြန်မေးရသေးသည်။

“အဖြူကော.. သတို့သမီးနဲ့ မှားနေဦးမယ်ထင်တယ်နော်..”

“အဖြူတော့ မကောင်းဘူးသမီး၊ အ၀ါလေးတို့ ဘာတို့ဝတ်ပါလား”

“အဲဒီအရောင်တွေ တစ်ခှု မကြိုက်ဘူး၊ တောက်တောက်ကြီးတွေ၊ စိတ်ညစ်လိုက်တာ၊ မူးနေပြီလူက..”

“စောစောကမှ ကြိုမလုပ်တာ”

မေနဲ့ စကားပြောရင်း ၀တ်ထားရတဲ့ ကုတ်အကျီ င်္အနက်ကြီးကလေးလာသလိုလို၊ ပူလောင်ပြီး အိုက်လာသလိုလို၊ ပိုက်ဆံအိတ်ကို လွယ်ထားတဲ့ ပခုံးက အောင့်လာသလိုလို၊ ဒေါက်မြင့်က နာလာသလိုလို၊ တော်တော်လေးကို ကသိကအောင့်နှင့် ဈေးဝယ်ရတဲ့ ဒုက္ခကို ခံစားနေရသည်။ ရူထားတဲ့ ရေမွှေးနံ့တွေက နှာခေါင်းထဲက မထွက်လို့ မူးမော်ချင်သလိုလိုဖြစ်နေသေးသည်။ ဒီလောက် ပင်ပန်းမောပန်းစရာကောင်းသော အလှပြင်ပစ္စည်းဈေးဝယ်ထွက်ခြင်း ဒုက္ခကို မိန်းမတွေ ဘာဖြစ်လို့ ခုံမင်နှစ်သက်တာလဲ မသိဘူးဟု စဉ်းစားနေမိသည်။

“ဟိုရောက်မှ အမ တစ်ယောက်ယောက် အကျီ င်္ထမီ ထုံးစံအတိုင်းယူဝတ်ရတော့မယ်ထင်တယ်”

“ခါးပတ်ပါယူသွားဦး လိုလိုမယ်မယ်..”

“အဟွန်း မေ ကလဲ၊ လုပ်တော့မယ်”

“သြော်.. သမီးရဲ့ ချိတ်ကော”

“ဟို နတ်ကတော်စိမ်းချိတ်လား၊ တစ်ထည်တည်းသော ချိတ်လား မေ..”

“အေး”

“ပျက်ပြီ”

“ဟင်.. ထမီပျက်ရတယ်ရှိသေးလား”

“ဟုတ်.. ရှိတယ်။ ဟိုတစ်ပါတ်က ဟိုမင်္ဂလာဆောင်မှာ ဒေါက်မြင့်နဲ့ညိပြီး ကြိုးတွေထွက်လာလို့ ပျက်ပြီ။ ဂါဝန်ကြီးလို့ ဖြစ်သွားတာ.. ချိတ်ကြိုးတွေ အကုန်ထွက်လာတယ်၊ ပြောရင်းနဲ့ အသည်းတောင်ယားလာတယ်”

“တစ်ခါမှ မကြားဖူးဘူး”

“ဟုတ်.. တကယ်မရှိတော့ဘူး။ ဘာဝတ်ရမှန်းမသိဘူး၊ စိတ်ညစ်တယ်.. ဒါဆိုဒါပဲလေ မေ… ချလိုက်ပြီ”

ဖုန်းကိုပိတ်ပြီး စတိုးဆိုင်ထဲက လေးလေးပင်ပင်ထွက်ချလာသည်။ လူတွေကိုလဲ ရှောင်ရသေးသည်။ ဒါတောင် ကနေဒါ၊ အခြားသော လူများသော တိုင်းပြည်တွေနဲ့ ယှဉ်လျှင် တိတ်ဆိတ်ခြောက်ကပ်သောနိုင်ငံ။ တမင်လဲ လူနည်းသောကြားရက်ကို ခွင့်တင်ပြီး ဈေးဝယ်ထွက်လာတာတောင် လူက မွန်းကျပ်လာသည်။ လူတွေကို ရှောင်ရင်း စီးထားသည့် ဒေါက်ဖိနပ်ကို ချွတ်ပြီး နီးရာ အမှိုက်ပုံးထဲ ပစ်ထည့်လိုက်ချင်စိတ်ဖြစ်နေသည်။ ရှင်းရှင်းပြောရလျှင် ၀တ်ထားသော ကုတ်တွေ၊ ပိုက်ဆံအိတ်တွေ၊ ဒေါက်ဖိနပ်တွေကို အကုန်ချွတ်ပစ်ပြီး ရေကန်တစ်ခုခုထဲ ဒိုင်ပင်ထိုးချချင်စိတ်ဖြစ်နေသည်။ လူတွေဟာအပေါ်ယံ ပစ္စည်းတွေ အောက်မှာ လေးပင်မောပန်းလှပါလားဟု တွေးလိုက်မိသည်။

သွားရင်းသွားရင်း ကျောက်ပြားခင်းစင်္ကြဘေးက ဆိုင်သေးလေးတစ်ခုကို လှမ်းတွေ့လိုက်သည်။ ရောင်စုံပုဝါ လက်လက်ကလေးတွေ ချိတ်ထားတာတွေ့တော့ ပုဝါလေးနဲ့ ဆံထုံးလေးနှင့် ငါတော်တော်လေး ယဉ်မှာပဲဟု ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ၊ ကိုယ့်ကိုကိုယ်စိတ်ကူးယဉ်ပြီး ၀င်သွားလိုက်သည်။ ဆိုင်က အရှေ့အိန္ဒိယ နဲ့ အရှေ့အလယ်ပိုင်း ယဉ်ကျေးမှုနစ်ခုကို ရောပြီး ပစ္စည်းတင်ထားသည်။ သီချင်းကလဲ ယဉ်ကျေးမှုနှစ်ခု ရောယှက်ထားပုံရသည်။ remix ပေမယ့် မြူးကြွငြိမ့်ငြောင်းနေသည်။ ပုဝါတွေကို မကြည့်ဖြစ်ဘဲ
ကိုယ်ကြိုက်တဲ့ အသည်းကွဲရောင် အကျီ င်္လေးတစ်ထည် ကို ချိတ်ထားသော ထောင့်လေးတစ်ထောင့်ကို ရောက်သွားသည်။ အကျီ င်္ရှိနေတဲ့ နေရာလေးကလဲ မျက်နှာကျက်က ငြိမ့်ငြောင်းသီချင်းလာနေတဲ့ စပီကာအောက်မှာ၊ အကျီ င်္လေးကို ကိုင်ကြည့်ရင်း ဆဲလ်ဖုန်းကို ထုတ်လိုက်မိပြန်သည်။

“ဟလို”

“ဟလို”

“ဟလို.. ပြော.. ခု ဘယ်မှာလဲ”

“ဘာဝတ်ရမှန်းခုထိ မသိသေးလို့”

“ဒီလောက်ကပ်နေပြီ”

“အသည်းကွဲရောင်ကောင်းမယ်ထင်လား”

“အသည်းကွဲရောင်ဆိုတာ ဘယ်လိုမျိုးလဲ”

“အင်.. အသည်းကွဲရောင်လေ…”

“အင်း ကောင်းမှာပေါ့။ ဘာသီချင်းကြီးလဲ ခုဘယ်ဆိုင်မှာလဲ”

“အရှေ့အလယ်ပိုင်းနဲ့ အရှေ့အိန္ဒိယ နှစ်ခုရောထားတဲ့ ဆိုင်... သီချင်းလေးကောင်းတယ်နော်..”

“လုပ်ပြန်ပြီကွာ.. ဆာရီတော့ ၀ယ်မလာနဲ့ဦး”

“ဟင်.. ဒါပေမယ့် မြန်မာပြည်က ဒီဇိုင်းမျိုးတွေအများကြီးပဲ”

“ကြည့်လုပ်ဦး”

“အင်း အရောင်တွေကတော့ တောက်တယ်၊ တစ်သက်လုံး အနက်တွေ အညိုတွေဝတ်ရတာများတော့ ဘာပုံထွက်လာမလဲမသိဘူး”

“ကိုယ်တစ်ယောက်ထဲ တောက်တာမှ မဟုတ်တာ.. ဟိုမှာတော့ ပူမယ်နော်.. ကဲ ကိုယ်သွားရမယ်”

“အင်း.. ဘိုင်”

“ဘိုင်”

ဖုန်းကို ကုတ်အကျီ င်္အိတ်ထဲ ထည့်လိုက်သည်။ ဆိုင်လေးထဲမှာ ကိုယ်ကလွဲလို့ ဘယ်သူမှ ရှိမနေ၊ ဆိုင်တွင်းမှာ အာဖရိကန်ဗုံသံနောက်ခံနှင့် သီချင်းလေးတွေက ငြိမ့်ငြောင်းနေသည်။ ကောင်တာနောက်က လူကလဲ စာအုပ်တစ်အုပ်ဖတ်ပြီး ငိုက်မြည်းနေသည်။ လက်ထဲမှာ ဇာအနားကွပ်လေးတွေနဲ့
အကျီ င်္လေး သုံးထည်ကို ကိုင်ပြီး ထိုဆိုင်လေးထဲမှာ တော်တော်ကြာကြာ အချိန်ဖြုန်းနေလိုက်သည်။
ခုနက ခံစားခဲ့ရသော မြို့ပြအစိတ်အပိုင်းတစ်ခု၏ အပူဒဏ်၊ ရေမွှေးနံ့၊ လူနံ့တွေနှင့် လေးပင်မှုတွေကတော့ တဒင်္ဂပျောက်ကွယ်နေပါတော့သည်။

Comments from acm.com

1. ဟူးးး…မော်လိုက်တာ အစ်မက ဈေးဝယ်ထွက်တာမကြိုက်ဘူးလို့  တက်စ်ပို့ စ်တစ်ခုမှာတည်းကဖတ်ဖူးတာ အခုတော့ တကယ်ယုံသွားပြီးး မင်္ဂလာသွားဆောင်ဖို့ လားလို့  ဟိဟိ မင်္ဂလာဆောင် သွားတာကိုးး ဘယ်သူနဲ့ လဲ မြန်မာပြည်ရောက်မှ ချိတ်တွေဝတ်ပေါ့ ကျနော်ပြောဖူးသား အစ်မက ချိတ်ဝမ်းဆက်လေး စထုန်းလေးနဲ့ ဆို အရမ်းလှမှာလို့  ဟဲဟဲ မြှောက်တာ ပြန်လာရင် မုန့် ဝယ်ခဲ့ ။ စားချင်တဲ့ လက်ဖက်ရည်နဲ့  နံပြား အားလုံးစားခဲ့နော့် ပျော်ပါစေ မွေးရပ်ပြန်ခရီးမှာ ။
Comment by မောင်မျိုး — October 23, 2008 @ 2:17 am |

2. Ma Lay,
When are you going back to Burma? I had a same problems like you do when it comes to shopping for some occasions. Stress out and have fun at the same time so I know what you are talking about. Peace out…
Ain Shin Ma
Comment by lynda — October 23, 2008 @ 8:47 am

3. မလေး..
မြန်မာပြည် ပြန်မလို့လားဟင်။ ပျော်ရွှင်ပါစေနော် အစ်မ။ အပြန်ကျရင် မုန့်ဝယ်ခဲ့နော်။ ဘယ်လောက်ကြာမှာလဲဟင်။ လွမ်းနေရတော့မယ်။ ပန်းသီးငါးပိချက်လည်း အခုထိ ချက်မကျွေးသေးဘူး။
Comment by ချစ်စု — October 24, 2008 @ 5:37 am |

4. ပြက္ခဒိန်က အမည်းရောင် ရက်စွဲလေးတွေရဲ့ ထူးခြားချက်ကို ရှာဖွေကြည့်မိသေးတယ်၊ ဒီတစ်ခါတော့ စဉ်းစားမိတဲ့ အတွေးက တစ်ခါတည်းနဲ့ မှန်သွားတယ်နဲ့ တူတယ်၊ မလေး ပို့စ်တင်တဲ့ ရက်စွဲလေးတွေရယ်လားလို့။
မလေး မြန်မာပြည် ပြန်လာတဲ့အခါပဲဖြစ်ဖြစ် မဆုံချင်ပါဘူး၊ သံယောဇဉ်တွေ တိုးမှာစိုးလို့။ တွေ့ ဆုံ ကြုံ ကွဲ တဲ့။ အဲဒီတော့ မတွေ့ဆုံခဲ့ရင် ကွဲစရာလည်း မလိုတော့ဘူးပေါ့နော်။
အမှတ်တရ လေးတွေကို အခါခါ ထပ်ဖတ်သွားတယ်။ ဒီနေရာမှာ သာနေတဲ့ လ၊ ပြာနေတဲ့ ရေ၊ စိုပြည်တဲ့ ဆောင်း… လွမ်းနေမိသေးတယ်။
Comment by ayechanthu — October 25, 2008 @ 4:40 am |

5. Have a nice trip, Ma Lay…
ဓာတ်ပုံတွေ အများကြီး ရိုက်ခဲ့၊ ပြီးရင် ဘလော့ဂ် မှာတင်ပေး.
Comment by Yan — October 25, 2008 @ 5:10 am |


4 comments:

Phyo Evergreen said...

အစ်မရေ နောက်ဆုံကျဘာဝယ်ခဲ့ သလဲဆိုတာသိချင်ပါ တယ်....။ တစ်ခါတစ်လေ စဉ်းစားရတာကိုက ဦးနှောက် ခြောက်တယ်နော်...။

ရှင်မင်းညို said...

မလေးရေ...
မြန်မာအကျီိံလေးနဲ့ ပုဝါ နဲ့ ဆိုတော်တော်ယဉ်မှာတော့
အသေအချာပဲ...

တန်ခူး said...

အိမ့်ရေ… မြန်မာပြည်က မင်္ဂလာဆောင်လား.. မြန်မာဝတ်စုံလေး ၀တ်ချင်ရင် အချိန်မှီပါသေးတယ်… တချို့ ဆိုင်တွေ အမြန်ကြေးနဲ့ ချုပ်ရင် တရက်ပဲ ကြာတယ်… အခုနောက်ပိုင်း မြန်မာပြည်မှာ မြန်မာအကျီင်္လေးတွေ ရယ်ဒီမိတ်ချုပ်ပြီးရောင်းတယ်သိလား… တို့ သိသလောက်တော့ ဆရာစံလမ်းမှာ တဆိုင်ရှိသလိုပဲ… ချစ်စရာလေးတွေ… အိမ့်က ဖြူသွယ်သွယ်လေးဆိုတော့ ဘယ်အရောင်နဲ့ ဖြစ်ဖြစ်လိုက်မှာပါ…

တန်ခူး said...

ပြန်ပြီလားအိမ့်ရေ… အသစ်တွေ မတွေ့ တော့လို့ … လွမ်းနေမယ်…

LinkWithin

Related Posts Plugin for WordPress, Blogger...