မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Thursday, October 02, 2008

ပေလင်၊ ဟာပါ နဲ့ ခုံဖိနပ်ဝတ်

ဒီနေ့ …
တိုကပ်ကပ်ေ၇ွှရောင်ဆံပင်တွေနဲ့၊ ပုလဲနားကပ်မဟုတ်တဲ့
အပျိုနားကပ်လို နားမှာတုန်တုန်ယင်လို့.. ဆံညိုယဉ်ချထားတဲ့
အမေရိကားရဲ့ အပြင်ကို တစ်ခေါက်သာ ရောက်ပါတယ်ဆိုတဲ့..
အလာစကာက “ပေလင်” တစ်ယောက်..
စင်မြင့်ပေါ် တစ်ခေါက် ရောက်တဲ့နေ့..။

ဒီနေ့…
ကနေဒါဝန်ကြီးရဲ့ မိန့်ခွန်းရေးသူက
သြဇီဝန်ကြီးချုပ်ရဲ့ မိန့်ခွန်းတွေကို
“ဟာပါ”အတွက်ပါဆိုပြီး.. အကိုးအကားမဲ့စွာ
မဟားတရားနဲ့ ခိုးထားမိလို့…
မီးရောင်စိမ်းအောက်က တိတ်ဆိတ်စွာ ထွက်ခွာသွားရတဲ့နေ့..။




ဒီနေ့..
ဗြိတိန်နိုင်ငံ တရားရုံးတော်ကြီးတွေမှာ
ရာစုနှစ် လေးခုလောက် သက်တမ်းကြာခဲ့တဲ့
မြင်းမွှေးနဲ့လုပ်ထားတဲ့ အဖြူရောင် ဆံပင်တုကြီးတွေ..
ငြီးငွေ့စွာ ကျွတ်ကျသွားတဲ့ နေ့..။

……….
……….

ဒီနေ့..
ခုံဖိနပ်ဝတ် မိန်းမတစ်ယောက်
ပေါက်ပေါက်ဖောက်သလို၊
ကော်ရစ်ဒါတလွှား.. တဒေါက်ဒေါက် လမ်းသလားရင်း
ဟိုအဝေးက .. သူ့ကလေးများအတွက်…
တန်ဖိုးနည်း ပစ္စည်းတချို့ အလှုခံနေတဲ့နေ့…။


3 comments:

Phyo Evergreen said...

အစ်မရေ ခုံဖိနပ်နဲ့က အစ်မလား...၊ ရန်ကုန်သွားမလို့လား....၊ တကယ်လား...???????
မေးခွန်းပေါင်များစွာ ခေါင်းထဲမှာ.....။

ရှင်မင်းညို said...

အဖြစ်အပျက်တွေများလိုက်တဲ့ ဒီနေ့
ကဗျာလေး ကောင်းတယ်အမ..

တန်ခူး said...

အိမ်ပြန်မလို့ လား အိမ့်ရေ… ခုန်ဖိနပ်ဝတ်မိန်းမတယောက်ရဲ့ အိမ်အပြန်လမ်းကို သူ့ ကလေးတွေက နွေးထွေးစွာဆီးကြိုနေလိမ့်မယ်… Have a nice trip….

LinkWithin

Related Posts Plugin for WordPress, Blogger...