မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Saturday, September 27, 2008

အိမ့်ချမ်းမြေ့ရဲ့ ပထမဆုံးများ

အမတန်ခူး ... အစ်မတန်ခူး လိုပဲ မှတ်မိသမျှရေးပေးမယ်နော်။ ပထမဆုံးတွေရှိကြပေမယ့် အကုန်လုံးတိတိကျကျ မမှတ်မိတော့ စွဲလန်းနေပြီး မထမဆုံးလိုဖြစ်နေတာလေးတွေကို မှတ်မိသမျှရေးပေးလိုက်ပါတယ်နော်။

ပထမဆုံးတက်ရသည့်ကျောင်း
ယဉ်ယဉ်ဝိုင်းမူကြို။
စိတ်အညစ်ဆုံးနဲ့ မပျော်ဆုံး။ ဖယ်ရီမောင်းတဲ့ ဦးလေးကြီးနဲ့ နောက်မှာကလေးတွေကို ထိန်းတဲ့ ဦးလေးကြီးက အမွှာပူးညီအစ်ကိုထင်တယ်။ ချွတ်စွပ်ပဲ။ သိပ်ကြောက်တာပဲ။ မိုးလင်းလို့ရှိရင် အိမ်ခန်းပြူတင်းပေါက်ကနေ သူတို့မျက်နှာပေါ်လာတာနဲ့ အာဗြဲနဲ့ဟစ်တော့တာပါပဲ။ ညစ်ပေမှုမရှိတဲ့ အကျီ င်္တွေကို တစ်နေ့ နှစ်ခါ၊သုံးခါလောက် နာနီတွေက လဲလှယ်ပေးလို့ စိတ်ညစ်နေတဲ့ ကလေးတွေရှိတဲ့ ကျောင်းလေးလဲဖြစ်ပါတယ်။

ပထမဆုံးတက်ရသည့်အတန်း
အဲဒါကတော့ ပကာသနတွေကင်းတဲ့ မူလတန်းကျောင်းလေးတစ်ကျောင်းရဲ့ ကကြီးတန်းမှာပါ။ ကျောင်းဝိုင်းကြီးက သစ်ပင်ဝါးပင်တွေ စိမ်းစိမ်းစိုစိုနဲ့။ ခရေပင်အကြီးကြီးလဲရှိတယ်။ စိန်ပန်းပင်တွေလဲရှိတယ်။ စံပယ်ခြုံလေးတွေလဲ ရှိတယ်။ မတောက်ပြောင်ပေမယ့် စိတ်ထားနူးညံ့သိမ်မွေ့တဲ့ ဆရာ၊ဆရာမတွေကော ကျောင်းသူကျောင်းသားတွေကော ရှိတဲ့ အတန်းလေးတစ်တန်း၊ နံနက်ခင်း နေရောင်တွေ ကျုထရံကြားက ထိုးဖောက်လာတတ်တဲ့၊ မိုးရွာရင် မိုးယိုတာလွတ်အောင် ခုံရွှေ့ထိုင်ရတဲ့ အတန်းလေးတစ်တန်းပါ။


ပထမဆုံးအတန်းပိုင်ဆရာမ
အဲဒါ မမှတ်မိတော့ဘူး။ မှတ်မိတာ နှစ်တန်းဆရာမ၊ ကရင်မကြီး၊ ၀၀ဖြူဖြူ သဘောကောင်းကောင်း၊ စာမရရင် ကလေးတွေကို မရိုက်နှက်ဘူး။ ဒါပေမယ့် ယောက်ျားလေးတွေကို နှုတ်ခမ်းမွှေးဆွဲလွှတ်ပြီး တစ်နေကုန် လက်ပိုက်ထိုင်ခိုင်းထားတတ်တယ်။

ပထမဆုံးသောသူငယ်ချင်း(မိန်းကလေး)
နာမယ်ပြောလို့မဖြစ်ဖူးထင်တယ်။ သူက အခု ရန်ကုန်မှာ ဆေးခန်းထိုင်နေတယ်။ သူအိမ်မှာလာအိပ်တဲ့ညတွေမှာ သူများအိပ်မောကျနေချိန်မနက်လေးနာရီမှာ (သုံးတန်းပဲရှိကြသေးတယ်) သူက ကုတင်ခြေရင်းမှာ စာထိုင်ဖတ်နေပြီ။ အမြင်ကိုကတ်တယ်… အဟွန်း။

ပထမဆုံးသောသူငယ်ချင်း(ယောင်္ကျားလေး)
သူငယ်ချင်းယောင်္ကျားလေးဆိုတာ ဆယ်တန်းအောင်ပြီးမှပဲ ရတော့တာပါပဲ။ အိမ်ကိုလဲ ရှားရှားပါးပါး ခြေချဖူးသော ယောင်္ကျားလေးသူငယ်ချင်း နှစ်ယောက်ထဲက တစ်ယောက်ပါပဲ။ ထုံးစံအတိုင်း .. ရုပ်ရှင်လက်မှတ်လေး နှစ်စောင်ထဲက သူပါပဲ။ Pathetic!!! :P


ပထမဆုံး ဖတ်ရသော စာအုပ် (ဖတ်မိသမျှစာအုပ်များထဲမှ မှတ်မိသော)
တစ်ကယ်ပြောရမှာလားဟင်။ သခင်သန်းထွန်းရဲ့နောက်ဆုံးနေ့များ ပါပဲ။ အဲဒီစာအုပ်ရယ်… ခပ်ထူထူ ဟိုအပြာရောင်စာအုပ်နှစ်အုပ်တွဲရယ်ပါ။

ပထမဆုံး ပျော်ပျော်ရွှင်ရွှင် ဖတ်မိသည့် ကျောင်းစာ (မှတ်မိသမျှ)
မိုးရေတက်ရေ တဖွေးဖွေး
ချောင်းငယ်အဝေးဝေး
လယ်စောင့်တဲလေး ခြေတံရှည်
မိုးကုတ်အောက်မှာတည်
ကြာနီတစ်ပွင့် ဖြူတစ်ပွင့်
တဲနဲ့ ပနံတင့်။

ပထမဆုံး ရဖူးသောဆု
သူငယ်တန်းပါ။

ပထမဆုံး စီးရသော ဘတ်စ်ကား
အဲဒီနေ့ကတော့ သေသည်တိုင်မမေ့ပါ။ ရှစ်တန်းနှစ်၊ မိုးတွေသည်းသည်းမဲမဲရွာနေတဲ့နေ့။ နံပါတ် (ဂ) ဘတ်စ်ကားကြီးစီးပြီး လသာ၂အထိ အဝေးကြီး သွားရတဲ့နေ့။ စပယ်ယာက ဒီမှတ်တိုင်မှာ “အလယ်က အစ်မလေး ရှေ့ကိုတိုးပါ နေရာချောင်တယ်” ဆိုလို့ ရှေ့ကိုတိုး။ နောက်တစ်မှတ်တိုင်ရောက်တော့ “အစ်မလေး နောက်နားရွေ့ပါ၊ ချောင်ပါတယ်”ဆိုလို့ နောက်ကိုပြန်ရွေ့ပေးနဲ့။ တစ်လမ်းလုံး ကြွက်နေရာမရသလိုဖြစ်၊ ခေါင်မိုးက လက်တန်းကိုလဲ လှမ်းကိုင်ရတာ ခါးကပေါ်လို့ တစ်ကားလုံး ငါ ခါးပေါ်နေတာများကြည့်နေလားဟဲ့ဆိုပြီး အလွန်စိတ်ဆင်းရဲရသော ခပ်ကြောင်ကြောင် နေ့တစ်နေ့ပါပဲ။

ပထမဆုံး ဆိုခဲ့သော သီချင်း
မှန်ရာကို သစ္စာဆိုပါသည်။ ဘုရားသခင်ထံ တိုင်တည်ဖူးပါသည်။ ရင်မှာတစ်ယောက်ထဲ ချစ်ခဲ့ဖူးပါသည်။ မင်းကလွဲ၍ အားလုံးကိုချစ်မည်။

အဲဒီသီချင်းပါ။ အရမ်းကိုကြိုက်ပါတယ်။

ပထမဆုံး ဝယ်သော သီချင်းခွေ (ကက်ဆက်ခွေ)
ခိုင်ထူး…
မင်းနဲ့ဝေးရာ အဝေးဆုံး.. ဆိုတဲ့သီချင်းပါတဲ့အခွေ။

ပထမဆုံး အကြိမ် ဝယ်သော နိုင်ငံခြား တီးဝိုင်း ဗီဒီယို အခွေ
သိန်းငှက်အဖွဲ့

ပထမဆုံး ရုံမှာ ကြည့်ခဲ့ဖူးသော ရုပ်ရှင်
ရွှေနွယ်ရိုး (အံ့ကျော်ကြီး လူကြမ်းလုပ်တာပဲ မှတ်မိပါတော့တယ်) သိပ်ငယ်တော့ အရမ်းငိုရတာပဲ မှတ်မိတော့တယ်)

ပထမဆုံး ရည်းစားထားခဲ့ဖူးသောနှစ်
အမလေး… မဖြစ်ဖူးထင်တယ်။
၁၅နှစ်.. ရည်းစားဆိုတာအဖြစ်ပါ။ လူတွေူရှေ့စက်ဘီးပေါ်တင်ထားတဲ့လက်ကို အကိုင်ခံရလို့ ရှက်ပြီးခေါင်းငြိမ့်လိုက်တာ။ ဘားမားတူဒေးမှာ ရှိတယ်.. ဖတ်ချင်ရင် အဲဒီမှာ သာဖတ်ကြည့်ကြပါတော့။

ပထမဆုံး ရေးခဲ့သော ရည်းစားစာ
ကနေဒါနိုင်ငံကနေ ရုပ်ရှင်လက်မှတ်လေး နှစ်စောင်ထဲက သူ ကို ရေးတဲ့စာပါ။ ရည်းစားစာထက် ချစ်သူဆီရေးတဲ့ စာပါ။ အပြာရောင်စာရွက်ပါးပါးလေးနဲ့…။ ခြောက်မျက်နှာရှိပါတယ်။ အစမှာ.. “ဗင်ကူးဗားကို ခြေအချ.. မိုးတွေက အစိုးမရအောင် ရွာနေတယ်လေ..” အဲလိုစထားပြီး။ အဆုံးမှာ “ငါ့ကို စောင့်နေပါဆိုတဲ့ စကားသုံးပြီး ကြိုးရှည်ရှည်နဲ့ လှန်မထားပေမယ့်.. ငါ… နင့်ဆီကို .. သုံးနှစ်ကြာရင်ပြန်ခဲ့မယ်” လို့ အဆုံးသတ်ထားပါတယ်…။ ရွှတ်။

(အဲဒီတုန်းက ဂျီတောခ်တွေ ချက်တင်တွေမရှိတော့ အဲလို စာလေးတွေကို တစ်ယောက်ထဲသောသူဆီကို သစ္စာတရားတွေ တပွေ့တပိုက်နဲ့ ခုနှစ်နှစ် ခုနှစ်မိုး ရေးလိုက်တာ ရသလက်စွမ်းတွေ တက်လာတော့ တာပါပဲရှင်… )း))

ပထမဆုံး ကဗျာ
ခုနှစ်တန်းတုန်းက စာကျက်ရင်း အိပ်ငိုက်လို့ ထ စပ်လိုက်တဲ့ကဗျာပါ။ ရင်ခုန်တမ်းတ၊ လွမ်းမောရပါသည် … ကနေ မတက်ရသေးခင် အဖေတွေ့လို့ ကြိမ်းခံထိတာနဲ့ ဆက်မစပ်ဖြစ်ခဲ့ပါဘူး။

ပထမဆုံးရောက်ခဲ့သော အခြားမြို့
ကော့သောင်း
လေးနှစ်သမီးက ရောက်ခဲ့တာပါ။ ကမ်းစပ်မှာပြေးခဲ့တာ ဝေေ၀၀ါးဝါး ခုထိမှတ်မိတယ်။

ပထမဆုံးရောက်ခဲ့သော နိုင်ငံရပ်ခြား
ထိုင်း၊
လူတွေရုတ်ရုတ်ရုတ်ရုတ်၊ ကားတွေ၊ တုတ်တုတ်တွေ၊ ခြေသလုံးမတွေ.. ဒါပဲမှတ်မိတော့တယ်။ ကနေဒါဗီဇာ သွားနှိပ်တာပါ။

ပထမဆုံး သောက်ဖူးသော ဆေးလိပ်၊အရက်
အဲ.. အကုန်ပေါ်တော့တာပါပဲလား။
အရက်တော့လုံးဝမသောက်ပါ။ ကြိုက်လဲမကြိုက်ဘူး။ ၀ိုင်လဲမကြိုက်ဘူး၊ ဘီယာလဲမကြိုက်ဘူး။ ထန်းရေလောက်တောင်မကောင်းဘူး။

ဆေးလိပ်… ဟုတ်.. ဆေးလိပ်ကတော့ တစ်ဆယ့်သုံးနှစ်သမီးတုန်းက ၀ရံတာမှာ အကိုတွေဂစ်တာတီးရင်း ခိုးသောက်နေတုန်း အနားသွားပြီး တစ်ချက်သွားသောက်ကြည့်တယ်။ အဲဒါပါပဲ။
အနောက်နိုင်ငံမှာနေပေမယ့် ဆေးလိပ်တို့ အရက်တို့နဲ့ မရင်းနှီးပါဘူး။ အိမ်မှာလဲ အရက်ဘားတွေဘာတွေ မထားပါဘူး။ ဆေးလိပ်ကိုတော့ သောက်ချင်တယ်၊ အမြဲသောက်ချင်ပေမယ့် ဘယ်တော့မှ မသောက်မယ့် အရာတစ်ခုပါပဲ။

ပထမဆုံး ချက်ဖူးသော ဟင်း
အရှက်တွေတော့ကွဲပါပြီ။ ကနေဒါမှာ ကြက်ဥဟင်းချက်တဲ့နေ့။
ခုထိနာမယ်ကြီးပါတယ်.. လကမ္ဘာကြက်ဥဆီပြန်ဟင်း……… တဲ့။

ပထမဆုံး ပစ်ဖူးသော သေနတ်
ပြောင်းတိုသေနတ်လေး တစ်လက်ပါ။

ပထမဆုံး ဘလော့ပို့စ်
မောင်………. တဲ့

ကိုယ်ပိုင်ဘလော့ဂ်မှာတော့
ဘာကြောင့်ပါလဲ……… ဆိုတဲ့ အမည်မသိကဗျာဆိုရှင်ရဲ့ ကဗျာလေးတစ်ပုဒ် ကို စတင်ပါတယ်။

ပထမဆုံး ကျောင်းပြေးပြီး သွားခဲ့သည့် နေရာ
T13 ဘေးရေနီမြောင်းဘောင်မှာ ထိုင်ပြီး ဖြတ်သွားတဲ့ ကောင်လေးတွေရဲ့ ပုဆိုးအနားစနဲ့ မန်းလေးဖိနပ်တွေကိုကြည့်ပြီး ကဗျာစုစပ်တဲ့နေ့။

ပထမဆုံး လည်ပတ်ကြည့်ရှုခဲ့ဖူးသော ဘလော့ဂ်
ကိုတက်စလာ နဲ့ ကိုစစ်အိမ်

ပထမဆုံး စတင်ရင်းနှီးခဲ့ရသော ဘလော့ဂ်ဂါ
ကိုဒီဝိုင်း နဲ့ မဂျစ်

ဆက်တက်ဂ်ချင်သူများကတော့
ဒီပိုစ်ကိုဖတ်ပြီး ရေးလိုသူများအားလုံးကို တက်ဂ်ပါတယ်ရှင်။

Comments from ainchannmyay.com

1. မလေးချက်တဲ့ ကြက်ဥဆီပြန်ဟင်းကို စားချင်ပါတယ်။
မှန်ရာကို သစ္စာဆိုပါသည်။ ဘုရားသခင်ထံ တိုင်တည်ဖူးပါသည်။ ရင်မှာတစ်ယောက်ထဲ ချစ်ခဲ့ဖူးပါသည်။ မင်းကလွဲ၍ အားလုံးကိုချစ်မည်။… “မင်းကလွဲ၍ ဘယ်သူ့မှ ကိုယ်မချစ်ပြီ” မဟုတ်ဘူးလား။
Comment by ပန်ဒိုရာ — September 29, 2008 @ 4:58 am |

2. အိမ်ဟောင်းမှာဖတ်ပြီးသား ဒီမှာလည်းလာဖတ်တယ်
Comment by မောင်မျိုး — September 30, 2008 @ 12:06 am |

3. မလေးရဲ့ ပထမဆုံးများထဲမှာ ထူးထူးခြားခြားပဲ… အမြဲသောက်ချင်ပေမဲ့ ဘယ်တော့မှမသောက်မယ့် ဆေးလိပ်လို့ တွေ့ရတယ်။ ဒါလည်း ထူးခြားမှုတစ်ခုပဲလား? တစ်ခါမှမမြည်းစမ်းဖူးလို့ အရသာကို မသိဘူးလေ။ မလေးပြောမှ တစ်ခါလောက် မြည်းကြည့်မှနဲ့တူတယ်။
ခုနစ်တန်းတုန်းက အိပ်ငိုက်ရင်း ထစပ်လိုက်တဲ့ ကဗျာ တစ်စ ကလည်း မလေးရဲ့ ငုံ့နေတဲ့ ၀ါသနာ အစထင်တယ်နော်။
မလေးပြောတာလေးတွေ ခြုံကြည့်ရင် မလေး ငယ်စဉ် နေထိုင်ခဲ့တဲ့နေရာလေးကို မှန်းဆမိကြမယ်နဲ့တူတယ်နော်။ ညီမလေးကတော့ အတွေးထဲ ရေးရေးလေးတောင် မပေါ်ဘူးဖြစ်နေတယ်။ အဲလောက် ဗဟုသုတ ပြည့်ဝတာ
(p.s အိမ်မှာ font သွင်းလိုက်တော့ offline နဲ့ စာတွေဖတ်လို့ရပြီလေ မလေးရဲ့။ ဘလော့က ၀င်ရတာ တော်တော်ကြီးကို အဆင်မပြေဘူး။ ဖွင့်လို့ရတဲ့ ဆိုင်ဘာတွေတော့ အများကြီးရှိပေမဲ့ သုံးနေကျဆိုင်မဟုတ်ရင် မသုံးတာရယ်၊ တကူးတက သွားကျင့်မရှိတာရယ်ကြောင့် အခက်တွေ့ရတယ်။ မပန်ကို ကြုံတုန်းပါးလိုက်ချင်တယ်၊ မပန်ရဲ့စာတွေ စုစည်းထားတာရှိရင် ညီမလေး ဖတ်ချင်တယ်။ ဖြစ်နိုင်ရင် မေးလ်ကိုဖြစ်ဖြစ် ပို့ပေးပါလားဟင်။ pdf file နဲ့ဆိုရင် တအားအဆင်ပြေမှာပဲ။ မရှိရင်တော့ အဆင်ပြေတဲ့နေ့ကျတော့မှ အချိန်ယူပြီး ဖတ်ရတော့မှပေါ့။ စာတွေကို အမြဲအားပေးလျက်ပါ မ။)
Comment by Anonymous — September 30, 2008 @ 4:51 am |

4. မလေးရဲ့ ပထမဆုံးများထဲမှာ ထူးထူးခြားခြားပဲ… အမြဲသောက်ချင်ပေမဲ့ ဘယ်တော့မှမသောက်မယ့် ဆေးလိပ်လို့ တွေ့ရတယ်။ ဒါလည်း ထူးခြားမှုတစ်ခုပဲလား? တစ်ခါမှမမြည်းစမ်းဖူးလို့ အရသာကို မသိဘူးလေ။ မလေးပြောမှ တစ်ခါလောက် မြည်းကြည့်မှနဲ့တူတယ်။
ခုနစ်တန်းတုန်းက အိပ်ငိုက်ရင်း ထစပ်လိုက်တဲ့ ကဗျာ တစ်စ ကလည်း မလေးရဲ့ ငုံ့နေတဲ့ ၀ါသနာ အစထင်တယ်နော်။
မလေးပြောတာလေးတွေ ခြုံကြည့်ရင် မလေး ငယ်စဉ် နေထိုင်ခဲ့တဲ့နေရာလေးကို မှန်းဆမိကြမယ်နဲ့တူတယ်နော်။ ညီမလေးကတော့ အတွေးထဲ ရေးရေးလေးတောင် မပေါ်ဘူးဖြစ်နေတယ်။ အဲလောက် ဗဟုသုတ ပြည့်ဝတာ
(p.s အိမ်မှာ font သွင်းလိုက်တော့ offline နဲ့ စာတွေဖတ်လို့ရပြီလေ မလေးရဲ့။ ဘလော့က ၀င်ရတာ တော်တော်ကြီးကို အဆင်မပြေဘူး။ ဖွင့်လို့ရတဲ့ ဆိုင်ဘာတွေတော့ အများကြီးရှိပေမဲ့ သုံးနေကျဆိုင်မဟုတ်ရင် မသုံးတာရယ်၊ တကူးတက သွားကျင့်မရှိတာရယ်ကြောင့် အခက်တွေ့ရတယ်။ မပန်ကို ကြုံတုန်းပါးလိုက်ချင်တယ်၊ မပန်ရဲ့စာတွေ စုစည်းထားတာရှိရင် ညီမလေး ဖတ်ချင်တယ်။ ဖြစ်နိုင်ရင် မေးလ်ကိုဖြစ်ဖြစ် ပို့ပေးပါလားဟင်။ pdf file နဲ့ဆိုရင် တအားအဆင်ပြေမှာပဲ။ မရှိရင်တော့ အဆင်ပြေတဲ့နေ့ကျတော့မှ အချိန်ယူပြီး ဖတ်ရတော့မှပေါ့။ စာတွေကို အမြဲအားပေးလျက်ပါ မ။)
Comment by အေးချမ်းသူ — September 30, 2008 @ 4:56 am |

5. မလေးရဲ့ ပထမဆုံးထဲကနေ ရုပ်ရှင်လက်မှတ်လေးနစ်စောင်ထဲကသူ ကိုဖတ်ဖြစ်တယ်။ တကယ်ကောင်းပါတယ်။ဆက်ရေးနော်။
ဒီ blog လေးကို အခုမှဖတ်ဖြစ်တာ။
Comment by မိုးနေ — October 1, 2008 @ 6:09 am |

6. စာလာဖတ်ပါတယ် မလေးအိမ့်..။
ညီမလည်း ဆေးလိပ်မသောက်မိအောင် ကြိုးစားပြီးနေနေတာ။
သောက်ချင်ပေမယ့် ရုပ်ဆိုးသွားမှာ ကြောက်လို့။
ပထမဆုံးများ ကနေ လိုက်ကြည့်ရင်း စာတွေ အများကြီး ဖတ်ဖြစ်သွားပါတယ်။
Comment by ShwunMi_ရွှန်းမီ — October 5, 2008 @ 10:32 am |

7. မလေး .. အဲဒီ ရုပ်ရှင်လက်မှတ်လေးနှစ်စောင်ကို ပြန်ဖတ်ပြီး အရင်ကလိုပဲ ပြန်ခံစားသွားတယ် ။ သိပ်ဝမ်းနည်းစရာ ဇာတ်လမ်းလေးပဲ ။
လွတ်မြောက်ခြင်း ဆိုတဲ့ ဇာတ်လမ်းမှာတော့ ဖြစ်လေ့ဖြစ်ထ ရှိတတ်တာတွေကို သွားတွေးမိတယ် ။ တကယ်လည်း နိုး ကံကောင်းခဲ့တယ်လို့း)
အိပ်မက်မှာတင်ခဲ့တဲ့ မောင် ဆိုတဲ့ ကဗျာလေး ဖတ်ပြီးတည်းက အဲဒီ အနှစ်နှစ်ဆယ်ကျော်ကြာပေမယ့် သိမ်းထားဆဲဆိုတဲ့ ခရေလေးကို စိတ်ဝင်စားသွားတား)
မလေးရေ … ဂျစ်တို့ခင်ခဲ့တာလည်း ဘာလိုလိုနဲ့ နှစ်တောင် ချီခဲ့ပြီပဲ ။ ပထမဆုံးဘလောဂ့်ပေါ်မှာ ခင်ခဲ့ကြတဲ့ တက်စ်လာ ၊ မလေး ၊ ဒီဝိုင်း တို့လည်း ဘလောဂ့်လောကမှာ (အရင်ကလောက် အချိန်မများပေမယ့်) ရှိနေဆဲဆိုတာ သိရတာတွက် ၀မ်းသာမိတယ် ။ ဒီဝိုင်း နဲ့ တက်စ်လာတို့ကတော့ စာအရေးကျဲလာကြပြီ ။ ဒါပေမယ့် သူတို့စာတွေ တခါတလေ တက်၂လာသေးတာ တော်သေးတယ် ။ မလေးဆီလည်း ရောက်ဖြစ်ပါတယ် ။ ကွန်မန့်မရေးဖြစ်တား)
ရယ်ရင် ဟွန်း .. ဟွန်း လို့ ရယ်တတ်တဲ့ မလေးကို သတိရလျက်
ဂျစ်
Comment by ဂျစ်တူး - gyit_tu — October 11, 2008 @ 6:49 pm |

6 comments:

Phyo Evergreen said...

စာဖတ်လို့လည်း ကောင်းပါတယ်......။ ရေးလည်းရေးလိုပါတယ်...။
ရေးလည်းရေးပါ့မယ်....။
ပထမဆုံး comment ပေးခွင့်ရလို့လည်းဝမ်းသာပါတယ်..။
ဘလော့ကိုပဲလာလည်ဖြစ်ပါတယ်... .com ကတက်တာနှေးသလားလို့ပါ..။

ရှင်မင်းညို said...

အမရဲ့စာတွေကိုအရင်ကသိပ်မဖတ်ဖြစ်ပါဘူးး....
လွန်ခဲ့တဲ့တလက မောင် ကို ပထမဆုံး အိမ်မက် မှာဖတ်ဘူးပြီး အရမ်းကို ကြိုက်တာပါ... ပြီးတော့တော်တော်များများကိုလိုက်ဖတ်တော့တာပဲ...
မလေး အေးချမ်းပါစေ..

မောင်မျိုး said...

ရုပ်ရှင် လတ်မှတ် ၂ စောင်ထဲက တစ်ယောက်က အစ်မအတွက် အမှတ်တရတွေ တော်တော်များများဖြစ်ခဲ့တာပဲး) ငယ်ကချစ်တော့ အနှစ်တရာ သီချင်းလေးအတိုင်းပဲ

တန်ခူး said...

အိမ့်ရေ ခုလို တခုတ်တရ ရေးပေးတာ ကျေးဇူးအများကြီးတင်ပါတယ်…
မင်းကလွဲ၍ အားလုံးကို ချစ်မည်… ဟုတ်လို့ လား… မင်းကလွဲ၍ ဘယ်သူ့ မှကိုယ်မချစ်ပြီ မဟုတ်ဘူးလား…
လွတ်မြောက်ခြင်းကို ခုမှ ဖတ်ဖူးတာ… တို့ လဲ အဲလို လွတ်မြောက်ဖူးတော့ အိမ့်ရေးထားတာလေးကို ထပ်တူနီးပါးခံစားလို့ ရတယ်… ကြိုက်တယ်…
ဒါနဲ့ အတူ ဖတ်ဖူးပြီးသား မောင်နဲ့ ရုပ်ရှင်လက်မှတ်လေးနှစ်စောင်ကို ပြန်ဖတ်ဖြစ်တယ်… အိမ့်ရေ… ရုပ်ရှင်လက်မှတ်လေးနှစ်စောင်ရဲ့ နောက်ဆက်တွဲလေး ရေးဦးလေ…
ပထမဆုံး ဘတ်စ်ကားစီးရတဲ့ အတွေ့ အကြုံကို ကိုယ်ချင်းစာမိပါရဲ့… ခါးတို ၀တ်ပြီး ကားစီးရတဲ့ ဒုက္ခလေ….
လကမ္ဘာကြက်ဥဆီပြန်ဟင်းလေးနဲ့ ပန်းသီးငါးပိချက်လေးစားချင်လို့ ကနေဒါကို အလည်လာဦးမှပဲ…

Kay said...

မလေးရေ- လိပ်စာပြောင်းတာ..ကြော်လည်း အကြောင်ငြာဘူး။ အဲဒါကြောင့်..ရီဒါထဲကို မ၀င်ပါဘူးလို့။ ဂလိုဖြစ်သွားပီပေါ့။

ရင်ခုန်သံ ထုံလွှမ်းသော ပထမ များကိုလည်း..ဖတ်ရင်း..မြင်ယောင်ကြည့်သွားပါတယ်။ ကောင်မလေး ချောချောလေး တယောက်ကို-း)

Kay said...

မလေးရေ- လိပ်စာပြောင်းတာ..ကြော်လည်း အကြောင်ငြာဘူး။ အဲဒါကြောင့်..ရီဒါထဲကို မ၀င်ပါဘူးလို့။ ဂလိုဖြစ်သွားပီပေါ့။

ရင်ခုန်သံ ထုံလွှမ်းသော ပထမ များကိုလည်း..ဖတ်ရင်း..မြင်ယောင်ကြည့်သွားပါတယ်။ ကောင်မလေး ချောချောလေး တယောက်ကို-း)

LinkWithin

Related Posts Plugin for WordPress, Blogger...