မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Sunday, September 14, 2008

နံနက်စာ

နံနက်ခင်းက တောက်ပလွန်းနေတယ်
ညစ်နွမ်းတဲ့ အတောင်တွေဖြန့်လို့
ငှက်တွေက မလှမပနဲ့ ကမောက်ကမ ပျံသန်း
မခမ်းနားတဲ့ မနက်ခင်း လေပြင်းတွေကြားထဲမှာလဲ
ငါ တစ်ယောက်ထဲထိုင်ရင်း
ဖြေရှင်းမရတဲ့ ပုစ္ဆာတွေထဲ မိုက်မဲစွာ ကူးခတ်သွားလာနေတာ
ငါ့ဘ၀ရဲ့ အမှားတွေသာဖြစ်လိမ့်မယ်..

မြိုမကျတဲ့ သကြားရည်သုတ် ပေါင်မုန့်တစ်ချပ်
လည်ပင်းဝမှာ ညှပ်နေတုန်း
ဗြုန်းဆို..
အသုံးမကျတဲ့ တီကောင်တထွေးကြီးက
သွေးအေးအေးနဲ့ ရင်ထဲထိုးဖောက်
လျောက်လို့သွားနေတယ်…

ရုတ်တရက်…
တလောကလုံးမှောင်အတိကျသွားတယ်..
သစ်ပင်တွေ ညိုးကျခြောက်သွေ့
အမှောင်ရဲ့ အတွေ့တွေအောက်မှာ
ညဉ့်ငှက်တို့ ရင်ကွဲစွာ
မျက်လုံးဝါတွေနဲ့ နားမလည်နိုင်စွာငေးရင်း
နေ့သစ်တစ်ခု ပြန်လင်းလာနိုင်မယ့်နေ့ကို…
သူတို့.. မျှော်ရင်းနဲ့ငိုနေခဲ့တယ်။

ငါလဲ….
သိပ်လွမ်းတယ်..။


2 comments:

တန်ခူး said...

နေ့သစ်တစ်ခု ပြန်လင်းလာနိုင်မယ့်နေ့ကို တို့ လဲ မျှော်မိတယ်… လှပတဲ့ နံနက်ခင်း လွတ်လပ်တဲ့ နံနက်ခင်း နံနက်ခင်းပီသတဲ့ နံနက်ခင်း….

ကလိုစေးထူး said...

မှောင်အတိကျနေတဲ့ နံနက်ခင်းကို မမြင်ချင်တော့ဘူး။

LinkWithin

Related Posts Plugin for WordPress, Blogger...