မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Monday, September 08, 2008

လတ်တလော အိမ့်ချမ်းမြေ့

အမတန်ခူးက တက်ဂ်ထားတာလေး ကိုရေးလိုက်ပါပြီ။

ကိုယ့်ရဲ့နာမည် - ဘယ်လိုပြောရမှန်းတောင်မသိဘူးး)) ဒီအသိုင်းအ၀ိုင်းမှာတော့ တစ်ပြည်သူတဲ့၊ မလေးတဲ့၊ အိမ်ချမ်းမြေ့တဲ့။

ကိုယ့်ကိုသူငယ်ချင်းတွေက ဒီလိုခေါ်တယ် - နာမယ်အရင်းရယ်၊ ပန်းနာမယ်တွေနဲ့ တိရစ္ဆာန်နာမယ်တောင် ပါလိုက်သေး၊ ဥပမာ.. ရင်မွှေးပန်းတို့၊ မြတ်လေးတို့၊ ယုန်လေးတို့ အင်း… ခေါင်ရမ်းပန်းတို့ ကျွဲမ တို့ မခေါ်တာ ကံကောင်း…

ကိုယ်ဒီမှာနေတယ် - စိမ်းမြညိုမှောင်နေတဲ့ တောင်တွေဝန်းရံတဲ့ ပစိဖိတ်သမုဒ္ဒရာနဲ့ ကပ်နေတဲ့ တောင်ကုန်းတွေထူထပ်ပြီး ရှဉ့်လေးတွေပေါများတဲ့ အေးချမ်းတဲ့ မြို့လေးတမြို့မှာနေပါတယ်။

ကိုယ့်ဆီ ဖုန်းဆက်ချင်ရင် - ဘယ်သူမှ မဆက်ချင်ဘူးတဲ့… တစ်ကယ်.. အကုန်လုံးကို လိုက်မေးပြီးပြီ


အရောင်ဆိုရင် - ပန်းရင့်ရောင်၊ အစိမ်းရင့်ရောင်၊ အနက်နဲ့အဖြူ

အ၀တ်အစားဆိုရင် - ရိုးရိုးယဉ်ယဉ်လေးတွေကြိုက်တယ်။ အသားတွေ အရမ်းပေါ်နေတာမကြိုက်ဘူး (ချမ်းလို့ပါ :P) နောက်ပြီး သူ့နေရာနဲ့သူလိုက်ဖက်မယ့် အ၀တ်အစားလေးတွေပါ။ brand name နဲ့ ဈေးကြီးအ၀တ်အစားတွေထက် သင့်တင်လျောက်ပတ်တဲ့ အ၀တ်အစားလေးတွေ ကြိုက်တယ်။ ဖိနပ်မြင့်မြင့်တွေတော့ ကြိုက်တယ်။

အစားအစာဆိုရင် - မုန့် ဟင်းခါး၊ လက်ဘက်ရည်နဲ့အီကြာကွေး၊ ရွှေရင်အေး၊ ပဲပြုတ်ထမင်းဆီဆမ်း၊ French toast၊ broccoli keish နောက်ပြီး Cheese Cake!!! :D

ပစ္စည်းဆိုရင် - လူလက်နဲ့လုပ်တဲ့ ပန်းပုရုပ်တုတွေ နဲ့ ဂီတပစ္စည်းတွေ။

သီချင်းဆိုရင် - ကိုယ်ပိုင်သံစဉ်တွေကြိုက်တယ်။ သီချင်းဆိုသူတွေထက် သီချင်းတွေကိုကြိုက်တာပါ။ ပန်းနွယ်ကစိမ်း၊ ရင်ခတ်အလွမ်း၊ လွမ်းရတဲ့ညတွေလွန်ပါစေ.. ဗလရဲ့ ကိုယ်တိုင်ကိုယ်ကျ အဲလိုသီချင်းမျိုးလေးတွေ.. ဆိုသူအမည်တွေကို မပြောမဖြစ် ပြောရမယ်ဆိုရင်တော့ စန္ဒယားလှထွဏ်၊ အနိုင်၊ ခိုင်ထူး၊ စိုးလွင်လွင်၊ ဗလ၊ မွန်းအောင်နဲ့ မာရဇ္ဖ။ (မိန်းကလေးအဆိုတော် မပါဘူးနော်.. အတင်းညှစ် စဉ်းစားတာတောင် ထွက်မလာဘူး) အင်း.. ထွန်းအိန္ဒာဗိုလ်ရဲ့ ဝေးခဲ့ကြပြီကိုကြိုက်တယ်။ မြန်မာသီချင်းတွေနဲ့ ဝေးတာ ဆယ်စုနှစ်တစ်ခုကျော်သွားလို့ နောက်ပိုင်းလူတွေကို သိပ်မသိတော့ဘူး။ အင်္ဂလိပ်သီချင်းတွေက မြန်မာသီချင်းတွေလောက် စာသားတွေက ကဗျာမဆန်လို့ သိပ်မစွဲလန်းဘူးရှင့်။

စာရေးဆရာ - R. Tagore, Arundhati Roy.. (အိန္ဒိယ စာရေးသူတွေချည်းပဲနော်)

စာအုပ် - http://www.ainchannmyay.com/?page_id=63 အဲဒီမှာကြည့်လိုက်ကြပါနော်။

Life style – အဲ.. အဲဒါကိုဘာရေးရမှန်းမသိလို့ အမတန်ခူးနဲ့ မောင်မျိုးဆီသွားကြည့်တာ သူတို့ရေးထားတာတွေ သဘောကျပေမယ့် ကူးချလို့မဖြစ်တော့.. အင်း.. ဘယ်လိုပြောရမလဲ.. ပူလောင်တဲ့ ပြိုင်ဆိုင်မှုတွေ နဲတဲ့နေရာမှာ အေးအေးလေးကြိုးစားပြီးနေနေတယ်လို့ ဆိုလို့ရပါတယ်။ ဒါဟာ အတ္တပုံဆောင်ခဲတစ်ခုရဲ့ ပြယုဒ်လို့ ဆိုလို့လဲ ရနိုင်ပါတယ်။ (ပြောရင်း စီးရီးယစ်က ဖြစ်လာပြန်ပြီ)

ကိုယ့်ရဲ့ဝါသနာ - စာရေးတယ်၊ ဂစ်တာတီးတယ်၊ သီချင်းရေးတယ်၊ အိမ်ရှင်းတယ်၊ ပန်းပျိုးတယ်၊ အားကစားလုပ်တယ်၊ အလေးမတယ် (၅ ပေါင်အလေး.. အဟွန်း)

အလိုချင်ဆုံးလက်ဆောင် - ရုံးရှေ့မှာ မထင်မှတ်ပဲ အမှတ်တမဲ့မြင်လိုက်ရမယ့် … သူ ….
(ပင်စင်မယူခင်ထိ မျှော်နေမယ်နော်)

ကိုယ့်ရဲ့အချစ်ဆုံးသူက - မျက်လုံးဝိုင်းနဲ့နှုတ်ခမ်းထော်

ကိုယ့်ရဲ့အလေးစားဆုံးသူက - လူတိုင်းက သူ့ဟာနဲ့သူ လေးစားစရာတွေက ရှိနေပါတယ်။

ကိုယ့်ရဲ့အခင်ဆုံးသူငယ်ချင်းက - ရုပ်ရှင်လက်မှတ်လေးနှစ်စောင်ထဲက သူပါ။

ကိုယ့်ကို အများဆုံးနားလည်မှုပေးနိုင်သူက - ညီမလေး (ရှုး တိုးတိုး… သူ မသိပါစေနဲ့)

ကိုယ့်ရဲ့အမုန်းဆုံးသူက - အဲဒါတော့ မရှိသေးဘူး၊

ရင်အခုန်ဆုံးအချိန် - အပြေးလေ့ကျင့်နေတဲ့အချိန်

အကြောက်ဆုံးအချိန် - သူမချစ်တော့မှာစိုးမိတဲ့အချိန်

အမှတ်တရနေ့  - ၂ရက် ၃ရက် ၄ရက် ဂရက် ၁၀ရက် ၁၂ရက် ၁၃ရက် ၂၀ရက် ၂၂ရက် ၂၄ရက် ၃၀ရက်

ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင် တောင်းမဲ့ဆု - အချစ်ဆုံးနဲ့ပြန်ဆုံပြီး ထာဝရအတူနေပါရစေ။

အချစ်ဆိုတာ - ဟိုမုန်းတွေနဲ့ကယ်မီကယ်လ်တွေပါ။

အမုန်းဆိုတာ - တဒင်္ဂခံစားချက်တစ်ခု

အလွမ်းဆိုတာ - မထွေးနိုင်မမြိုနိုင်တဲ့အရသာ

သံယောဇဉ်ဆိုတာ - ရင်ထဲက ကန့်လန့်ဖြတ် သံတန်းကြီးတစ်ခု

ဘ၀ဆိုတာ - ကစားပွဲတစ်ခု၊ ပြဇာတ်တစ်ခု၊ သုတေသနတစ်ခု၊ စမ်းသပ်မှုတစ်ခု၊ နောက်ဆုံး အိပ်မက်တစ်ခုလဲဖြစ်နိုင်ပါတယ်။

သူငယ်ချင်းဆိုတာ - စိတ်ဆိုးပြီး အဖုအထစ်မရှိ ပြန်ခေါ်ကြတဲ့သူတွေ

ချစ်သူဆိုတာ - ကဗျာတို့ရဲ့ သခင်၊ အသည်းကိုနွေးစေတဲ့ ဘုရင်၊ မွှေးပျံ့တဲ့ပန်း၊ သင်းပျံ့တဲ့လေပြေ၊ အတောင်ပံများအောက်က တွန်းအား၊ နှုတ်ခမ်းမှာ တိတ်တခိုးအပြုံးတစ်ခု ဖန်တီးပေးသူ နဲ့ ကျမရဲ့မျက်လုံးထဲမှာ နူးညံ့ယဉ်ကျေးလို့ အလှပဆုံးသောအရာ

ကိုယ့်ကိုယ်ကို ဒီလိုထင်တယ် - အားနာတတ်တယ်၊ စကားပြောရင်လိုရင်းမရောက်ဘူး၊ (စကားကို မပြောချင်တာပါ.. စာပဲရေးချင်တယ်.. ဖြစ်နိုင်ရင် တယ်လီပသီရှိရင်ကောင်းမယ်) ကိုယ့်ကိုဆော်လို့ဆော်နေမှန်းမသိဘူး (ကံကောင်းရင် တပတ်လောက်နေမှ ဟာ.. ဒါ ငါ့ကိုဆော်သွားတာပါလားဆိုပြီးဖြစ်တယ်)။ အရမ်းမြိုသိပ်လို့ ပေါက်ကွဲမှုပြင်းထန်တယ်။ ဒီလိုနဲ့ ဆယ်သုံးနှစ်သမီးဘ၀ထဲက သေနတ်ပစ်လက်ဖြောင့်တော့တာပါပဲ .. အဲဒါကြွားတာ… (မဟုတ်ပါ.. တစ်ကယ်ကြီးပါ မယုံရင် နို့ဆီခွက်တွေကို မေးကြည့်ပါ) နောက်ပြီး သဘာဝအလှအပမှာ တိမ်းမူးတတ်တယ်။ တိတ်ဆိတ်ငြိမ်သက်မှုကို သဘောကျတယ်။

ကိုယ့်ရဲ့လက်ဆွဲဆောင်ပုဒ်က - ကမ္ဘာမှာ ဒီယာယီတဲ့ရဲ့ သက်တမ်းက ရက်ပေါင်းသုံးသောင်းကျော်ကျော်လေးပါ။

အပြောချင်ဆုံးစကားတခွန်း - များလွန်းလို့ ဘယ်က စရမှန်းမသိတော့ပါဘူးရှင်။

သိုးမလေးကို တက်ဂ်တယ်...း))

7 comments:

Kay said...

မလေးရေ- မြင်ယောင်ကြည့်လို့ ရသွားပြီ။
း)
ခုတလော စာတွေသိပ် မရေး ဖြစ်ပါလား။

တန်ခူး said...

စာရေးကောင်းတဲ့ ယုန်လေး(ဒီနာမည်လေးကိုချစ်လို့ … နှုတ်ခမ်းထော်လေး တယောက်ထဲ ခေါ်ဖို့  ထားထားတဲ့ နာမည်လေးလားမသိ) မို့  ကိုယ့်အကြောင်းကိုယ်ရေးထားတာတောင် ဆွတ်ပျံ့ ပျံ့ … ပန်းပျိုးသူလေးရဲ့ တညနေမှာ ရုံးရှေ့ မှာ မျက်လုံးဝိုင်းနဲ့ နှုတ်ခမ်းထော်လေး တယောက် နှလုံးသားပန်းပုရုပ်ကလေးတခုနဲ့  လှမ်းလာတဲ့ ချစ်သူကို ကြိုနေပါစေလို့ … အဲဒီအခါ ကဗျာတို့ ရဲ့သခင် ယူဆောင်လာတဲ့ ကာရံလေးတွေကြောင့် မထွေးမမြိုနိုင်တဲ့ အလွမ်းတွေ ဝေးဝေးရောက်သွားမှာပေါ့… သူ့ နှုတ်က ထာဝရချစ်နေတာလို့ ဆိုတော့ တပြည်သူလေး နှုတ်ခမ်းမှာ တိတ်တခိုးပြုံးလို့ ပေါ့… အဲဒီနေ့ ရောက်ရင် အတူဝမ်းသာရအောင် အသိပေးဦးနော်…

myatnoe said...

ရုပ်ရှင်လက်မှတ်၂စောင်ကို သွားဖတ်တာ...
သက်မမောချပီး...လှည့်ပြန်ခဲ့ပါတယ်။

မလေး..ဘဝမှာ လုပ်ချင်တာနဲ့ လုပ်ဖြစ်တာ တထပ်တည်းကျပါစေ..လို့

မောင်မျိုး said...

အစ်မရေ့ ချစ်သူအကြောင်းကို ဖွင့်ပြထားတာလေး တော်တော်လှတယ်ဗျ “အသည်းကိုနွေးစေတဲ့ ဘုရင်၊ မွှေးပျံ့တဲ့ပန်း၊” ဂွဒ်ထး) ပြီးခဲ့တဲ့ ရက်ကပဲ ကျနော် ရွှေရင်အေးရောင်းနေတာ ပြောမှမပြောတာ လာပို့ ပေးတာပေါ့ဗျာ ....။ သေနတ်ပစ်လက်ဖြောင့်တယ်ဆိုလို့  ပြေးပြီး :P

Republic said...

မင်္ဂလာပါ တယ်ရင်း အိမ့်ချမ်းမြေ့ ၊၊ စာတွေကောင်းပါတယ် ၊၊ cbox မတွေ့လို့ ခြေရာမကျန်ခဲ့တာပါ ၊၊ ဒီမှာဘဲ နှုတ်ဆက်ခဲ့တယ်ဗျာ ၊၊

ခင်မင်စွာဖြင့် ...

ခင်မင်းဇော် said...

မလေး အရင်လင့်က အမဆီမှာ အလုပ်မလုပ်တော့ ဘယ်သွားရှာရမယ် မသိဖြစ်သွားတာ။ ခုသူများ ဘလော့ထဲက ပြန်လိုက်လာရတယ်။ လင့်လဲ ပြောင်းချိတ်လိုက်ပြီ။ အကြာကြီးဝေးခဲ့တာပဲလေ။

ခင်မင်းဇော် said...

မလေးရဲ့ လိပ်စာအဟောင်းလေး ပြောင်းသွားတာလဲ မသိလိုက်။ လင့်က အလုပ်မလုပ်တာပဲ သိတော့ ဘလော့ကို ဖိတ်ကြားမှ ဖတ်လို့ရတော့တယ် ထင်တယ်လို့ ထားလိုက်တာ။ ခု ဘလော့တခုကနေ ကလစ်ကြည့်တော့ မှ လင့်ချိတ်ထားတဲ့ လိပ်စာက မှားနေသကိုး။ ပြန်ပြင်လိုက်ပြီ။ အကြာကြီး မရောက်ဖြစ်ခဲ့တာပဲ။ မထင်မှတ်ပဲ ဝေးခဲ့ကြပေါ့.. သတိရနေတာ.. စီဘောက်လဲ မတွေ့...

LinkWithin

Related Posts Plugin for WordPress, Blogger...