မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Friday, September 05, 2008

ပိုင်ရှင်စစ်သူမို့

မတောင်းပဲ လက်ထဲအတင်းထိုးပေးခဲ့တယ်။

ကိုယ့်မှာတော့လေ…
ခိုးထုတ်ခိုးထည်လို
ဟိုနားသိုရနိုး ဒီနားထားရနိုး
ပျယ်ပြောက်မှာစိုးစိတ်နဲ့
အမြတ်တနိုး သိမ်းဆည်းခဲ့ပါတယ်…

ထာဝရဆိုတာ မရှိပေမယ့်
အဲဒီအရာလေးကို…
ထာဝရ ရနိုးမျှော်ကိုးရင်းနဲ့
ထာဝရနဲ့အိပ်၊ ထာဝရနဲ့နိုး
ထာဝရနဲ့ ပန်းတွေလဲပျိုးခဲ့ပါတယ်…

ဒီလိုနဲ့….
ဒီလိုနဲ့ပေါ့…

မတောင်းပဲ ပေးခဲ့ပြီး
မပေးဘဲ မင်းပြန်ယူသွားတော့လဲ…
မင်းသာလျှင် ပိုင်ရှင်စစ်သူမို့
ကိုယ်…
တားမနေတော့ဘူး ချစ်သူ..။

1 comment:

တန်ခူး said...

ကောင်းလိုက်တာ အိမ့်ရယ်… ဒီကဗျာလေးကို အမြတ်တနိုးသိမ်းထားလိုက်ပြီ…

မတောင်းပဲ ပေးခဲ့ပြီး
မပေးဘဲ မင်းပြန်ယူသွားပေမယ့်
နှလုံးသားတနေရာမှာ
အတော်ကြာနေရာယူထားတာမို့ 
ပိုင်ရှင်စစ်ရယ်
ကွက်လပ်ပြန်ဖြည့်လှည့်….

LinkWithin

Related Posts Plugin for WordPress, Blogger...