မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Tuesday, August 19, 2008

အလွမ်းမိုး



မောင်….

အလွမ်းတွေ ရွဲစိုနေတဲ့ မိုးညိုတွေထဲ
ကျမ တစ်ယောက်ထဲပေါ့မောင်…
ပျက်သုဉ်းတော့မယ့် လျှပ်ရောင်တွေက…
ကလက်တက်တက်နဲ့
ကျွန်မရဲ့ ကပျက်ကယက် အိပ်မက်ဆိုးတွေကို
ဓားထက်ထက်လို မွှန်း
ဆိုးသွမ်းလွန်းလှပါလား.. မောင်..။


မောင်ထားခဲ့တဲ့ အလွမ်းမိုးတွေ
စွယ်တော်ရွက်ကြွေတွေပေါ် တတောက်တောက်ကျတော့
စွယ်တော်ရွက်တွေပေါ်က
ပိုးကောင်လေးတွေ ခေါင်းငိုက်စိုက်ချ
မလှမပ ငိုနေကြလေရဲ့.. မောင်။

မိုးတွေက အေး နေသလား
ဒါမှမဟုတ်
နွေးနေလား
ကျွန်မ မသိရအောင်ဘဲ ရင်ထဲ ဗလောင်ဆူလှပါတယ်..
ဓားမြမြလေးနဲ့ ဆံပင်တွေကိုမွှန်း
နောက်တော့..
ပခုံးသားတွေဆီကိုယွန်း
တိုးတိုက် ခိုက်မိ
စိုးကြိုက်မိသူ အပြစ်လား.. မောင်..။

ဟော…
ဟိုဘက်တောမှာလဲ
မိုးတွေ ပြိုလာပြန်ပကော.. မောင်။

2 comments:

မောင်မျိုး said...

မောင်ဆိုတဲ့ အစ်ကိုကြီးတော်တော် ဆိုးတာပဲ :) ကျနော့် အစ်မ သနားပါတယ် ဟီးး အိမ်မက်ဆိုးတွေတောင်မက်နေပြီးတဲ့ ။

တန်ခူး said...

တိုးတိုက် ခိုက်မိ
စိုးကြိုက်မိသူ အပြစ်မဟုတ်ပါလေ
အချစ်ဆိုတာ
နှစ်လွှာပေါင်းမှတရွက်
နှလုံးသားတစုံနဲ့ 
ဖွဲ့ တည်ထားတာမို့ 
ဒီအလွမ်းမိုးတွေကြား
မောင်ရော… လွမ်းမိုနေသေးလား

LinkWithin

Related Posts Plugin for WordPress, Blogger...