မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Tuesday, August 12, 2008

မောင်

မောင်...
အပူရုပ်ကို ဟန်လုပ်လို့
နှစ်ချို့ရက်တွေ..
စောင့်နေရသလိုပါပဲ.. မောင်..

မောင်..
ငိုနေတဲ့ မျက်လုံး
အပြုံးမျက်နှာနဲ့
နှုန်းချိကာခွေယိုင်လဲ
နေနိုင်ဆဲပါလား.. မောင်..

မောင်..
ကဗျာမပီ
စာမစီနိုင်လဲ..
အသည်းနွမ်းကျ
ပန်းလျနေဆဲပါ.. မောင်....

4 comments:

တန်ခူး said...

မောင်…
သစ္စာတည်မြဲ
မယိုင်လဲပဲ
နှလုံးသားထဲစွဲတာ…
တယောက်ထဲပါမောင်…

(မောင်နဲ့ အမြန်ပြန်ဆုံပါစေလို့ ….)

မောင်မျိုး said...

မောင်...
သရက်သီးမှည့်တွေ တပွေ့ တပိုက်
ပြောင်ဖူးပြုတ်လေး တစ်ဖူးလောက်နဲ့ 
ပြန်လာခဲ့ပါတော့

မေ ဆိုတဲ့ အစ်မကြီးက လွမ်းနေလို့ တဲ့ ဟီးးဟီးးး :P

ရင်ခတ်နွယ် said...

မောင်
အလွမ်းတွေ ပျံ့ကျဲ
အနမ်းတွေ နွမ်းလည်
မေ့ ၇င်ဝှက်သဲ သစ္စာပန်းက
မနွမ်းမခြောက် သစ္စာအောက်မှာ

ရင်ချတ်နွယ် said...

မောင်
အလွမ်းတွေ ပျံ့ကျဲ
အနမ်းတွေ နွမ်းလည်
မေ့ ၇င်ဝှက်သဲ သစ္စာပန်းက
မနွမ်းမခြောက် သစ္စာအောက်မှာ
မောင့်အတွက် ပွင့်နေဆဲပါ..မောင်..။

LinkWithin

Related Posts Plugin for WordPress, Blogger...