မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Sunday, July 20, 2008

သံလွင်အိပ်မက် အတွဲ၂၊ အမှတ်၂။

သံလွင်အိပ်မက် အတွဲ၂၊ အမှတ်၂ထွက်ပါပြီ...။

ကျွန်မရဲ့ ၀တ္ထုတိုလေးတစ်ပုဒ် နဲ့...

ဆောင်းပါးတစ်ပုဒ်လဲ ပါပါတယ်။

မဂ္ဂဇင်းတစ်ခုလုံးကို သွားချင်ရင်တော့ ဒီကို သွားပါရှင်...။

ဒီတစ်ခါ သံလွင်မဂ္ဂဇင်းက ပိုကောင်းနေတဲ့ အချက်တွေများစွာထဲက တစ်ခုက ကော့မန့်တွေ၊ ဝေဖန်ချက်တွေရေးလို့လဲရတယ်၊ ပရင့်ထုတ်လို့လဲရတယ်၊ သူငယ်ချင်းတွေဆီလဲ ကိုယ်နှစ်သက်တဲ့ ပိုစ်လေးတွေကို အီးမေးလ်နဲ့ ပို့လို့လဲရပါတယ်..။ ဖိုရမ်၊ ဧည့်သည်တွေရဲ့မှာတမ်း၊ အရောင်စုံပန်းချီလေးတွေနဲ့ ဝေဆာနေလိုက်ပါသေးတယ်။ မကြာခင် လေးနှစ်ပြည့်တော့မယ့် သံလွင်အင်တာနက် မဂ္ဂဇင်းကို ဆက်လက်အားပေးလိုက်ကြပါစို့နော်..။

3 comments:

တန်ခူး said...

ခါလာနဲ့ ခိုင်… ဘ၀ကို ခံယူပုံချင်း နှိုင်းပြသွားတာ ထိတယ် အိမ့်ရေ…
ကိုယ်ရတဲ့ဘ၀မှာ ပျော်ရွှင်စွာဖြတ်သန်းမလား… စိတ်ညစ်စွာဖြတ်သန်းမလား…
အဲဒီရွေးချယ်မှုက ဘွဲ့ တွေ ဒီပလိုမာတွေနဲ့  ချမ်းသာကြွယ်ဝမှုတွေနဲ့  ဘယ်လိုမှမပတ်သက်တာကို မီးမောင်းထိုးပြလိုက်သလိုပဲ….

ကလေးငယ်များအတွက် အကျိုးရှိတဲ့ ဆောင်းပါးလေးရေးရဲ့ အားထုတ်မှုအတွက် လေးစားကျေးဇူးတင်လျက်….

diLo said...

hoat!
TLAM finally out!
thanks for advertising about it sis :D
will go and read ur writings when i have time sis!

cheers!

Anonymous said...

မလေး...
မလေး ရေးခဲ့တဲ့ ဆောင်းပါးတွေ၊ ကဗျာတွေ၊ ၀တ်ထုတွေ တော်တော်များပြီနော်။ အဲဒါတွေကို တပေါင်းတစည်းတည်း pdf file နဲ့ ဖြစ်ဖြစ် သိမ်းထားလားဟင်။ မလေးမှာ အဲလို တစုတစည်းတည်း သိမ်းထားတာရှိရင် ညီမလေး လိုချင်တယ်။ ပေးနိုင်မယ်ဆိုရင် ပေးပါနော်။ တခြား ဘာအတွက်မှ မရည်ရွယ်ပါဘူး။ ဒီတိုင်းလေးပဲ သိမ်းထားချင်တာရယ်၊ အချိန်ရတဲ့အခါတိုင်း ဖတ်ချင်တာရယ်။ အဲဒါပါပဲ။

စောင့်မျှော်လျက်
ညီမလေး အေးချမ်းသူ

LinkWithin

Related Posts Plugin for WordPress, Blogger...