မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Wednesday, July 02, 2008

ဒီနေရာမှာ (၂)

ဒီနေရာမှာ…
အတ္တနဲ့ မောဟတွေ မရှိသလို…
ဒေါသနဲ့ ဒုက္ခတွေလဲမရှိဘူး..။
မာန်မာန နဲ့ ယှဉ်ပြိုင်လိုမှုတွေမရှိ သလို
အနိုင်ယူလိုမှု တွေ နဲ့ ငြင်းခုန်မှုတွေ မရှိဘူး။

ဒီနေရာမှာ…
အချစ် နဲ့. အမုန်း မရှိသလို…
သံယောဇဉ်နဲ့ တိမ်းမူးမှုတွေ မရှိဘူး…။
မနာလိုမှုတွေ နဲ့ ငြူစူမှုတွေလဲ မရှိ သလို…
ရင်ခုန်သံတွေနဲ့ ကြည်နှုးမှုတွေလဲ မရှိဘူး…။

ဒီနေရာမှာ..
ကလက်တက်တက် ရယ်မောသံတွေ မရှိသလို…
ရှိုက်ကြီးတငင် ငိုကြွေးနေသံတွေလဲ မရှိဘူး…။
အချစ်ကို တောင်းစားသူတွေနဲ့ ဒါးမြတိုက်စားသူတွေလဲ မရှိသလို
အချစ်ကို ဒူးထောက်ပေးနေသူတွေနဲ့ ...
ကြိမ်းမောင်းလို့ အတင်းထိုးထည့်နေသူတွေလဲ မရှိဘူး။
အချစ်အစစ် နဲ့ အချစ်တု မရှိသလို
အချစ် နဲ့ အမုန်းဆိုတာကို မရှိဘူး..။

ဒီနေရာမှာ…
ဝေါဟာရတွေ… ပြောင်မြောက်တဲ့ အသုံးအနှုန်းတွေ မရှိသလို
ဆွံအမှုတွေနဲ့ စကားလုံးမဲ့ မှုတွေ မရှိဘူး..။
ဒဲ့ဒိုးစကားတွေ နဲ့ စောင်းပါးရိပ်ခြည်စကားတွေ မရှိသလို..
န်ဆောင်မတွေ နဲ့ အမှန်တရားကို စာတတန်ပေဖွဲ့ ရေးဖွဲ့မှုတွေ မရှိဘူး..။

ဒီနေရာမှာ…
အချစ်အနမ်းတွေ နဲ့ ကာမ ညတွေမရှိသလို..
အငြိုးအမုန်းတွေနဲ့ စုန်းပြူးညတွေ မရှိဘူး..။
သံယောဇဉ် နဲ့ တိမ်းမူးမှုတွေမရှိသလို…
အားနာမှုနဲ့ ရက်စက်မှုတွေလဲ မရှိဘူး…။

ဒီနေရာမှာ..
လိမ်ညာတဲ့ အနမ်းတွေ နဲ့ ဟန်ဆောင်တဲ့ အပြုံးတွေမရှိသလို
မိကျောင်းမင်းမျက်ရည်နဲ့ အရိုးမဲ့လျာတွေလဲ ရှိမနေဘူး..။
ထာဝရအချစ်တွေနဲ့ တဒင်္ဂအမုန်းမရှိသလို
တဒင်္ဂအချစ်တွေနဲ့ ထာဝရအမုန်းတွေလဲ မရှိဘူး။

ဒီနေရာမှာ…
ငြိမ်းချမ်းမှု တိတ်ဆိတ်မှု
သေသပ်မှု တည်ငြိမ်မှု
ဆောင်ရွက်သင့်တာကို ပြီးစီးသွားမှု တွေနဲ့…
တံခါးတစ်ချပ်ကို ပိတ်လိုက်ပြီး နောက်တစ်ချပ်ကို ဖွင့်ထွက်သွားမှု တွေပဲ ရှိနေတယ်။

ဒီနေရာနဲ့ ဟိုနေရာမှာ
တစ်စုံတစ်ခု ခြားသင့်တယ်…
ဒီစည်းကိုကျော်..
မတော်တရော် အတ္တတွေကို သယ်မလာကြဖို့..
တိတ်ဆိတ်ငြိမ်သက်မှုကို မဖြိုခွင်းဖို့
အပူလှိုင်းတွေ မ၀ဲလွင့်စေဖို့..
အဆိပ်သင့်နေတဲ့ နေ့ တွေ မပျံ့လွင့်စေဖို့…

ဒီနေရာမှာ….
ဒီနေရာမှာ….
ပီပြင်တဲ့ စည်း.. တစ်ခုတော့ရှိသင့်တယ်…။




ဒီနေရာမှာ (၁)

8 comments:

Anonymous said...

ဆရာမရေ….
ဒီနေရာ မှာ လုံခြုံပါစေလို့  ဆုတောင်းပါတယ်။ တကယ်လို့ ကျနော့မှာ ကိုယ်ပိုင်ဘလော့ တစ်လောက် ရှိရင် ဒီနေရာကို ဆေးချယ်နေတဲ့လူတွေ အကြောင်း စာလုံးပေါင်း ပြချင်ပါတယ်။
တစ်ခါခါတော့ အကောင်းမြင်စိတ်ကြီးလွန်း တာ၊ ဖြည့်တွေးပေးလွန်းတာလဲ မကောင်းဘူးလား လို့ ။
စာဖတ်သူ

တန်ခူး said...

အရမ်းကောင်းတယ်ဆိုတာနဲ့ တောင် မလုံလောက်ဘူး အိမ့်ရေ…ဒီနေရာကို ချစ်လွန်းတော့ ဒီနေရာလေးကို ဒီအတိုင်းလေးရှိနေစေချင်လို့  စည်းလေးကို ကျေကျေနပ်နပ် လိုက်နာမိတယ်….

စိုးထက် - Soe Htet ! said...

ဒီနေရာကို ... ဟိုနေရာတွေ ပါ သွင်းပြီ ခံစားသွားပါတယ် :)

အညာသား said...

ကဗျာလေး အရမ်းကောင်းတယ်ဗျာ...။ တစ်ပုဒ်လုံးကိုကောင်းတယ်။

mgthantzin said...

ama gyee.. kya naw lar thwar del..


WOO!

rgds,
mgthantzin

chitkogyi said...

ပထမဆုံးအကြိမ် လာကြည့်သွားပါတယ်။ ဖေးဘရိတ်မှာ အက်လိုက်တယ်...နောက်တခါ လာရင်လွယ်အောင်လို့ပေါ့...ကြိုက်တယ်....။ခဏ ခဏ လာဖြစ်ပါလိမ့်မယ်...စီပုံး ကို လင့်ခ် ပေးထားတာထက် ပုံမှန်ထည့်ထားရင် ပိုအဆင်ပြေမယ်ထင်ပါတယ်။ ကွန်နက်ရှင်မကောင်းတဲ့ သူတွေ ကျ ဒုက္ခ များတာပေါ့လေ...။ ဒါပါပဲ..။ နောက်များကျ မှ ကွန်မန့် ရှည်ရှည်ရေးမယ်ဗျာ..။ ကျန်းမာပျော်ရွှင်ပါစေ...။

တန်ခူး said...

အိမ့်ရေ… ဆီဗုံးက ၀င်လို့ မရဘူး ဖြစ်နေတယ် (Invalid Quick Link)သူများတွေရောလားဟင်…

တစ်ပြည်သူ အိမ့်ချမ်းမြေ့ said...

ဆီဗုံး ခဏဖြုတ်ထားတယ်...မ

LinkWithin

Related Posts Plugin for WordPress, Blogger...