မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Sunday, June 08, 2008

နွေမိုက်




moon2.png

♥●••.. မောင်….••●♥
သစ်ရွက်ခြောက်ကြွေသံတွေကြားမှာ
ငွေလရယ်က ခပ်တိုးတိုးသာ…
မေ့ပါးမှာ ဆံနွယ်ပွတ်တိုက်
တိမ်းခိုက်လေပြေ ပန်းငိုက်ကာကြွေ
မေ….
လွမ်းလှိုက်လို့နေပါတယ်လေ…

 


♥●••..မောင်…••●♥
တိမ်ညိုတွေကြား
မေ သနားမလားလို့ …
လကလေးပုန်းခို ညလေးနှုန်းစိုတော့
ငိုမလိုရွက်ကြွေတောမှာ
အခါခါစိတ်ရယ်ကစော
မေ….
ရွှေရင်မောလို့နေပါတယ်လေ…

 

moon1.png

♥●••..မောင်…••●♥
ကြည်အေးကဗျာကို
ရင်မှာလေ မေ ပိုက်လို့
ကြွေထိုက်တဲ့ပန်း
လေတိုက်လဲ မလန်းပါလေတော့
နွေမိုက်ကို ငြူစူရမယ်လား
သည်အပူကို ရင်မှာသိမ်းလို့
မေ…
စိမ်းပါရစေတော့လား…

www.veronicasart.com
မှ ပန်းချီကားကို ရယူပါသည်..။


1.

တကယ်ကောင်းတယ်ဗျာ ရင်ထဲမှာဆွေးသွားအောင်ကို ရေးတတ်တယ်ဗျ

Comment by upasaka — June 8, 2008 @ 3:55 am |Edit This
2.

မလေး..,
ကဗျာလေးကမိုက်တယ်…

Soe Mya Nandar Thet Lwin

Comment by Soe Mya Nandar Thet Lwin — June 8, 2008 @ 4:43 am |Edit This
3.

နွေမိုက်အလွန် မှာ .. . စိမ်းကားမှာလား .. စိမ်းလန်းမှာလား ………..
စိမ်းလန်းလာမယ် ဆိုတဲ့ အနဲ့ နဲ့ ပဲ စားသုံးသွားပါတယ်..

Comment by မိုးထက်နေ — June 8, 2008 @ 5:14 am |Edit This
4.

မြန်မာပြည်ဘာလို့ဒုက္ခရောက်…. http://yeyintnge.blogspot.com/2008/06/why-myanmar-is-in-trouble_08.html

Comment by ရဲင့် — June 8, 2008 @ 3:48 pm |Edit This
5.

ကဗျာလေး နုနုလေးနဲ့  ဆွေးဆွေးလေး :) ပန်ချီကားလေးတွေ အရမ်းလှတယ်ဗျ ။

Comment by မောင်မျိုး — June 8, 2008 @ 7:20 pm |Edit This
6.

မအိမ်ခြံမြေရေ
မတွေ့ရတာတောင်ကြပေါ့၊ အမကဗျာလေးတွေ လာအားပေးသွားပါတယ်။

Comment by balargout — June 9, 2008 @ 11:49 pm |Edit This
7.

မလေးရဲ့ မောင် ကို မမြင်တာကြာပေါ့ … ခုမှပဲ မောင့်ကို မြင်ရတော့တယ်…။

Comment by layma — June 11, 2008 @ 6:26 am |Edit This
8.

အစ်မရေ… လွမ်းပုံလေးက အရမ်းသိမ်မွေ့တာပဲး) လှပတဲ့ ကဗျာလေးပါပဲ…

Comment by ရွှေပြည်သူ — June 11, 2008 @ 5:13 pm |Edit This
9.

အလွမ်းဆင့်ဆင့်လွမ်းနင့်နေသူကို အလွမ်းရင့်အောင် ဖန်စေပါတယ်ဗျာ

Comment by ရွားသားလေးYTU — June 12, 2008 @ 8:31 am |Edit This
10.

Ha ha … လာလွမ်းတာ .. ကြော်ငြာ က အရင် ရောက်နေတယ် … ဟိ …
ပျော်ရွှင် အဆင်ပြေပါစေ ဗျို့ :P

Comment by စိုးထက် - Soe Htet ! — June 13, 2008 @ 8:08 pm |Edit This
11.

miss u.:)

Comment by ပန်ဒိုရာ — June 14, 2008 @ 2:33 am |Edit This
12.

ကဗျာလေး မိုက်တယ်။

Comment by ဟန်သစ်ငြိမ် — June 14, 2008 @ 6:36 am |Edit This
13.

ကျုပ်စိတ်တွေ လွန်ခဲ့တဲ့ အတိတ်ကို လွင့်သွားတယ်။

ကဗျာမိတယ်ဗျာ။

သင်ကာ

Comment by thinker — July 8, 2008 @ 8:01 am |Edit This
14.

ကဗျာလေးကိုကြိုက်တယ်….နောက်ဆုံးတစ်ပိုဒ်က ရင်ကိုပိုပြီး ထိမှန်စေတယ်………

Comment by waing — December 8, 2008 @ 7:05 am |Edit This
15.

တော်တော်ကောင်းပါတယ်ဗျို့ တစ်ကယ်ပြောတာ ရင်ထဲမှာနင့်သွားတာပဲ

Comment by Anonymous — July 28, 2010 @ 8:33 pm |Edit This

No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...