မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Friday, June 06, 2008

ပုံသေနည်းတစ်ခု

ကျွန်မဘလော့ဂ်လေးလဲ ခပ်မျှင်းမျှင်းလေးနဲ့ အသက်ဆက်နေတာ ကြာပါပြီ….
လူတွေသေကြေငတ်ပြတ်နေချိန်မှာ သိင်္ဂါရ ရသမြောက်တဲ့ အတွေးတွေလဲ ကြက်ပျောက်ငှက်ပျောက် ပျောက်နေတာလဲကြာပါပြီ…
ဘလော့ဂ်ပေါ်မှာလဲ ဘာမှတက်ရေးချင်စိတ်မရှိတော့ပါဘူး…
ဒီအတိုင်းဆက်ထားရင် ကျွန်မဘလော့ဂ် အသက်ဆက်တော့မယ်မထင်…

မစို့မပို့ဆန်လေးဆီလေး သူတို့တစ်လုပ်စာစားလိုက်ရတာ ကျွန်မတွက်ကတော့ ကုသိုလ်ရတယ်လို့ လုံးဝမခံစားရပါဘူး… လူတွေဒီလောက်ဒုက္ခရောက်နေလို့ တတ်နိုင်သမျှတော့ လှုနေတယ်ဆိုပြီး မိမိကိုယ်ကို ဖြေသိမ့်တဲ့ အတွေးမျိုးလောက်နဲ့တင် ကျွန်မတို့ ဘာမှလုပ်လို့မရပါဘူး။ တစ်ခါတစ်ရံမှာ အသက်ဆက်ရှင်နေရတာဟာ အဓိပါယ်မဲ့နေသလိုလဲ ခံစားမိပါတယ်…။

ဘလော့ဂ်ကို ဒီအတိုင်းပစ်ထားတော့လဲ လာလည်နေကြသောသူတွေကို အားနာမိတာတစ်ကြောင်း၊ ဘလော့ဂ်လဲ အသက်ထွက်တော့မှာတစ်ကြောင်းကြောင့် ဘလော့ဂ်ကို အသက်ဆက်တဲ့အနေနဲ့ မနေ့တစ်နေ့က ရိုက်လာတဲ့ ဓာတ်ပုံအချို့ကိုဝေငှလိုက်ပါတယ်ရှင်။



ရုံးအ၀င်ဝပါ..
ဧည့်ကြိုဆိုတဲ့ ရုံးဝန်ထမ်းဟာဆိုရင်.. စိတ်ကူးယဉ်ရုပ်ရှင်ပိတ်ကားတွေပေါ်ကလို ပိန်ပိန်ပါးပါး တပ်မက်ဖွယ်ရာ ဧည့်ကြိုမလေးတစ်ဦး မဟုတ်ပါ။ တစ်ကယ့်လုပ်ငန်းခွင်တွေမှာ တစ်ကယ်ရှိတဲ့ အရည်အချင်းထက် ရုပ်ရည်၊ အသက်၊ ကိုးကွယ်သည့်ဘာသာ စသည်ကို ဦးစားပေးခန့်အပ်ခြင်းနဲပါတယ်..။ ရုပ်ရည်၊ အသက်၊ ကိုးကွယ်သည့်ဘာသာ စတဲ့ ဦးထီးပြောတဲ့ “ပျိုတယ်.. အိုတယ်ဆိုတဲ့ ကျဉ်းမြောင်းတဲ့ အယူအဆတွေ” ကိုဖယ်ရှားပြီး လုပ်ငန်းခွင်နဲ့ ကိုက်ညီတဲ့အရည်အချင်းကို ရှာယူနိုင်ခြင်းဟာ အဖွဲ့အစည်းတစ်ခု အနာဂတ်မှာ တိုးတက်နိုင်သော အချက်တွေပဲဖြစ်တယ်လို့ ယူဆကြပါတယ်…





ဒါကတော့ အ၀င်ဝမှာ အလှထားတဲ့ တိုတမ်ပိုးလ်ပဲဖြစ်ပါတယ်…။ လူနီအင်းဒီယန်းတွေရဲ့ အနုပညာတစ်စိတ်တစ်ပိုင်းပါ။ အရေးပါအရာရောက်ဆုံး သဏ္လာန်တွေက တိုင်ရဲ့ထိပ်ဆုံးမှာရှိပြီး အရေးမပါဆုံး သဏ္လာန်တွေကတော့ အောက်ဆုံးမှာရှိတယ်လို့ ဆိုကြပေမယ့် အရေးအကြီးဆုံး သဏ္လာန်တွေက အောက်ဆုံးမှာ ရှိတာပါလို့ ပြန်လည်ငြင်းခုန်ကြသူတွေလဲရှိတယ်။ လေ့လာသူအချို့ကတော့ အရေးပါတာကော အရေးမပါတဲ့ သဏ္လာန်တွေအားလုံး တိုင်ရဲ့ မည်သည့်နေရာမှာမဆိုရှိနေနိုင်တယ်လို့ ဆိုပါတယ်။ ကျွန်မအနေနဲ့ကတော့ သဏ္လာန်တွေအားလုံးဟာ သူ့နေရာနဲ့သူ အရေးကြီးတယ်လို့ထင်ပါတယ်။ ဘယ်သဏ္လာန်ဟာ ပိုသာတယ် ပိုမသာဘူးဆိုတာမရှိဘူး။ ဒီတိုတမ်ပိုးလ် တစ်ခုရဲ့ဖြစ်တည်မှုဟာ သဏ္လာန်တိုင်းနဲ့ သက်ဆိုင်နေတယ်လို့ထင်ပါတယ်..။ ဒီသဏ္လာန်တွေအားလုံး ပေါင်းစုမှုကြောင့် ဒီတိုတမ်ပိုးလ်ဟာ ဖြစ်တည်နေခြင်းဖြစ်ပါတယ်။

ဒါကတော့ ဓာတ်ခွဲခန်းထဲက အလုပ်လုပ်နေတဲ့ hematologist, microbiologist နဲ့ technologist အချို့ပါ.. ကျွန်မပြောသလိုပါပဲ.. သဏ္လာန်တွေအားလုံးဟာ သူ့နေရာနဲ့သူ အရေးကြီးတယ်လို့ထင်ပါတယ်။

ဒါကတော့ ကျွန်မတို့ရုံးမှာ အမြဲကြုံတွေ့နေရတဲ့ ရုပ်ရှင်အဖွဲ့သားတွေပါ..။

ဒါကတော့ အစည်းအဝေးခမ်းမ တစ်ခုကို သူတို့ယူသုံးထားတာပါ…။ စားပွဲအလယ်က အ၀ိုင်းကတော့ ကျွန်မကို သိပ်စိတ်ဝင်စားစေပါတယ်။




တွေ့ဖူးတဲ့ မင်းသား၊ မင်းသမီးတွေဟာ သူတို့ရဲ့ ကားတွေထဲမှာ ဒါမှမဟုတ် အဲလိုခုံလေးတွေမှာပဲ ထိုင်ကြတာများပါတယ်။ (နီကိုးကဒ်မင်းတို့ ဒဲမီမိုးတို့ကိုတော့ မမြင်ဖူးသေးပါဘူးရှင်) သူတို့နားနေဖို့ အလှပြင်ဖို့ အစည်းအဝေးခန်းမအချို့ကို ပေးရင်တောင် မယူကြပါဘူး။ အဲလိုပဲ မြေအောက်ကားရပ်တဲ့နေရာတို့၊ အဆောက်အဦးဘေးအဖီတို့မှာပဲ အဆင်ပြေသလိုနေကြပါတယ်…။






ဒါတွေကတော့ အဲဒီခုံမှာ ထိုင်တဲ့လူတွေပါပဲ.. အပြင်မှာ ဒီပုံတွေထဲကလောက်တော့ မချောပါဘူးရှင်..။ သူလိုကိုယ်လိုပါပဲ။ စိတ်မကောင်းစရာတစ်ခုကတော့ ဒီရုပ်ရှင်ထဲမှာတောင် Bai Ling က လူဆိုးမပေါ့ရှင်..။ မေးရိုးကားကားနဲ့ ယောင်္ကျားနဲ့တောင် တူတယ်လို့ ကျွန်မထင်တဲ့ Romijn ကတော့ မင်းသားနဲ့ပေါင်းရလေသတည်းဖြစ်မယ့် မင်းသမီးပါပဲရှင်..။ မဆီမဆိုင် ငယ်ငယ်ကကြည့်ဖူးတဲ့ ခေတ်ဟောင်း မြန်မာရုပ်ရှင်တွေထဲက၊ ပါတီတက်ပြီး မူးနေတဲ့ ဗီလိန်အမျိုးသမီး အမျိုးသားတွေရဲ့ အမည်ဟာ ပုံသေနည်းဆန်လွန်းစွာ ဗစ်တာတို့ သယ်လ်မာတို့ စူစန်တို့ စတဲ့ အနောက်တိုင်းအမည်ပိုင်ရှင်တွေ ဖြစ်ကြတာကိုလဲ သတိရလိုက်မိပါတယ်ရှင်။ သဘာဝတရားကို မလွန်ဆိုင်နိုင်မှုတစ်ခုပါ၊ မိမိနဲ့အသွေးအရောင်၊ ယုံကြည်ချက်၊ မတူညီတာနဲ့ alienated လုပ်တတ်ကြသော လူသားတွေရဲ့ သဘာဝတစ်ခုကို လူသားဆန်စွာ သုံးသပ်လိုက်မိခြင်းပါပဲရှင်။

စာကြွင်း..
ကျွန်မ မဘေလင်းရဲ့ လုံလုံခြုံခြုံပုံကို အင်တာနက်တစ်ခုလုံးရှာပုံတော်ဖွင့်သော်လည်း မတွေ့လို့ အကောင်းဆုံးဖြစ်မယ်ထင်တဲ့ပုံကို တင်ထားပါတယ်။ မဘေလင်း အိနြေ္ဒရတဲ့ပုံက မရှိသလောက်ရှားပြီး တွေ့တော့လဲ ကူးလို့မရ၊ အကုန်လုံခြုံပြီး ကိုယ်ကျပ်ဝတ်ထားတော့လဲ သူ့ကိုယ်ခန္ဒာထက်ကြီးတဲ့ မစ်ရှင်းဂမ်းတွေကိုင်ထားတာနဲ့ ခုပုံပဲ တင်ထားခြင်းဖြစ်ပါတယ်ရှင်..။

8 comments:

Anonymous said...

လက်ရှိကျနော်တို့ တိုင်းပြည် အနေအထားက ကင်ဆာရောဂါ သံသယ ရှိနေတဲ့ လူနာတစ်ယောက်ကို စောင့်ကြည့်နေရသလို ပါပဲ။ ဗူးဗွားရဲ ရေပွက်ပမာ ကို သတိရတယ်။ ကျနော် တို့  တာဝန်ကျေဖို့ ဆိုတာ ဒီလူတွေ အတွက် ချေးငွေတွေ စီစဉ်ပေးတာမျိုးလား .. ဒါမှမဟုတ် အောက်က ကဗျာလေးကို ပဲ စကားပြောပြန်ပြီး ကျနော်တို့  အားလုံး ပြန်သင်ယူရရင်ကောင်း မလား

ထီသုဉ်းနန်းသုဉ်း
ကျငှာန်း သုဉ်းနှင့်
မြို့ သုဉ်း သုံည
သုဉ်းသုံးဝနှင့်
သုဉ်းရပြန်လစ်
သုဉ်းသည့်ခေတ်ဝယ်
လူဖြစ်လာလေ တို့ တစ်တွေမှာ
သေသော်မှတည်း .. သြော်ကောင်း၏
(ဆီးဘန်းနီ ဆရာတော်)


မိုးထက်နေ

My Wonderful Moral Thoughts said...

Thanks for sharing.

Very impressive.., I am so proud of you!!
I mean it.

Keep it up.
Soe Mya Nandar Thet Lwin.

weikhine said...

yes sis..
i m proud of u too!!!
goodie..good..keep it up naw..yeh!!!

တန်ခူး said...

အိမ့်ရေ...အသက်တွေရလာတာနဲ့အမျှ ကိုယ်တိုင်ကြုံတွေ့လာတဲ့အခါ ပုံသေနည်းတွေရဲ့ အံမဝင်၊ဂွင်မကျမှုတွေ ပိုပိုတွေ့လာရတယ်...

Anonymous said...

မအိမ့်ချမ်းမြေ့ခင်ဗျား….
စာတွေအမြဲလာဖတ်ပါတယ်…ဘလော့လေးတော့ဆက်ရေးပါ
အားပေးနေပါတယ်..။ အိမ့်ချမ်းမြေ့ဆိုတဲ့အတိုင်း….စိတ်ချမ်းမြေ့မှုများနှင့်ပြည့်စုံပါစေ..။


ဖြိုးသက်

Anonymous said...

နအဖသားသမီး၊သမက် စစ်ခွေးတွေနဲ့ စစ်ခွေးအောက်ဆွဲ အလိုမရှိဗျို့..

စိုးထက်က ဗိုလ်ချုပ်သမက် စိုးမြနန္ဒာသက်လွင်က ထောက်လှမ်းရေးက ဒုတိယဗိုလ်ချုပ်ကြီးတယောက်ရဲ့သမီး
ဦးလေးအဒေါ်က သူမငယ်ငယ်ထဲက USA ကိုခေါ်ယူမွေးစား၊ အဖေရင်းအမေရင်းက မြန်မာပြည်မှာရှိ အဖေကထောက်လှမ်းရေးက ဒုတိယဗိုလ်ချုပ်ကြီးဖြစ်၊ ခိုင်မာသောသက်သေများပြနိုင်.. စိတ်ဝင်စားလျှင်ဆက် ကွန်မန့်ပွတ်၊ အချိန်ကုန်ခံလာအော်ပေးမည်ဖြစ်၊

ခိုင်လုံတဲ့အထောက်အထား၊ သက်သေတွေရှိပြီးပြောနေတာနော် အဲဒီ ၂ယောက်သတိထား။ တွေ့ရာင်္သချိုင်း ဓါးမဆိုင်းဘူးဟနော် Blog မှာတွေ့လဲဆော်မှာပဲ အပြင်မှာတွေ့လဲ သတ်လို့မရတောင် ရတာနဲ့ဆော်မှာပဲကွာ

စိုးထက် - Soe Htet ! said...

မအားတဲ့ ကြားက လာရတော့ မြန်အောင် ပွိုင့် လွှတ်ထားတယ် .. ဟိ ... ဓါတ်ပုံတွေ ကြည့် ရင်း ဗဟုသုတ လာယူတာပါ :P

အုပ်စိုးနိုင် said...

Totem Pole ကြီးကို ရုံးခန်းထဲထည့်ထားတာ စိတ်ဝင်စားဖို့ကောင်းတယ်. ဒါပေမယ့် လူရိုင်းပုံကြီးတွေ ကြည့်ရတာ ကြောက်စရာကြီး...

မင်းသမီးပုံလေးတွေကို ကြည့်လိုက်၊ အဲဒီ့ Totem Pole ကြီးကို ကြည့်လိုက်နဲ့ သိင်္ဂါရ ရသနဲ့ ဘယာနက ရသတို့ကို တစ်လှည့်စီ ခံစားသွားပါတယ်ခင်ဗျား....

LinkWithin

Related Posts Plugin for WordPress, Blogger...