မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Monday, May 05, 2008

ဒီနေ့…

ဒီနေ့…

အမေစုကို ကနေဒါနိုင်ငံက နိုင်ငံသားအဖြစ် ဆုချီးမြှင့်လိုက်ပြီး မြန်မာနိုင်ငံ ရေဘေးဒဏ်ခံရသူတွေတွက် ဒေါ်လာနှစ်သန်းလှုလိုက်တဲ့နေ့…

ပစ်စတို ကာဘိုင်း စနိုက်ပါ ရီဗော်ဗာ ကိုလ့်တ်ပိုင်သွန်တို့ သိမ်းထားတဲ့နေရာတွေမှာ
မုန်တိုင်းကြိုတင်သတိပေးစက်တွေ သစ်ခုတ်လွှစက် သစ်ကိုင်းကြိတ်စက် စောင်တွေ စားစရာတွေ ဖယောင်းတိုင် ဓာတ်မီးနဲ့ ဆီသွတ်ဗူးတွေကို အာဏာပိုင်တွေက လူထုအတွက် အလျှံပယ် သိုလှောင်ထားတယ်လို့ အိမ်မက်တဲ့နေ့….



မြန်မာပြည်စစ်ခေါင်းဆောင်တွေကို စိတ်မရှည်တော့ပါဘူးလို့ လော်ရာဘွတ်ရှ်က ပြောလိုက်တဲ့နေ့...
အနည်းဆုံး မြန်မာပြည်အကြောင်း စကားထဲ ထည့်ပြောလို့ သူမကိုရိုးသားစွာ ကျေးဇူးတင်မိတဲ့နေ့…

ရေဘေးဒဏ်ခံရသူ မြန်မာတွေအတွက်တဲ့ အိမ်စုတ်တစ်လုံးစာတောင် တန်ဘိုးမရှိတဲ့ ပြင်သစ်ကလှုတဲ့ ယူအက်စ်ဒေါ်လာ သုံးသိန်းနဲ့ လော်ရာဘွတ်ရှ်တို့ တိုင်းပြည်က ဒေါ်လာနှစ်သိန်းခွဲ လက်ဆောင်ပေးလိုက်တဲ့နေ့ …

သူတို့မှာ ငွေတွေဒီလောက်ရှိရဲ့သားနဲ့ ဆင်းရဲမွဲတေလွန်းပြီး ဒုက္ခရောက်နေတဲ့ ကိုယ်တို့ကို သူတို့တိုင်းပြည်တွေမှာ အိမ်အစုတ်တစ်လုံးတောင် ၀ယ်လို့မရတဲ့ ဒီလောက်ငွေလေးနဲ့ စော်ကားတာလားလို့ မြင်မိတဲ့ အမြင်ကို ချိုးနှိမ်ပြီး ဘာမှမပေးတာထက်စာရင် ပေးရှာသားလို့ ဖြေတွေးရင်း ကျေးဇူးတင်နေမိတဲ့နေ့ ….

ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ အာဏာပိုင်တွေနဲ့ လူတွေဒီလောက်သေနေတဲ့ အချိန်မှာတောင် ပွဲလန့်တုန်းဖျာခင်းတတ်တဲ့ လူတွေကို မျက်ဝါးထင်ထင် မြင်လိုက်ရတဲ့နေ့…

အလွန်ခေါင်းမာပြီး မာနမကြီးသင့်တဲ့နေရာမှာ မာနကြီးနေတဲ့ အာဏာပိုင်တွေ ယူအန်နဲ့ စကားပြောတယ်ဆိုလို့ သက်ပြင်းကြိတ်ချမိတဲ့နေ့…

ကုလားနဲ့ တရုပ်ကြားမှာညှပ်နေတဲ့၊ မြေနိမ့်ရာအမြဲလှံစိုက်ခံနေရတဲ့ ဒီကံဆိုးမနောက်ကိုမှ မိုးက တကောက်ကောက်လိုက်လို့ ရွာနေတာကို အံကြိတ်မျက်ရည်ဝဲမိတဲ့နေ့…

ဒီနေ့…




ပစိဖိတ်သမုဒ္ဒရာကမ်းက ကျွန်မကိုယ်တိုင် မနေ့ကကောက်လာတဲ့ ဒီရောင်စုံကျောက်တုံးလေးတွေဟာ ဒီဆိုင်ကလုံးသဘာဝဘေးအန္တရာယ်အောက်မှာ သေဆုံးသွားသော မြန်မာပြည်ရဲ့ လူမျိုးစုံ၊ ဘာသာစုံ၊ အရွယ်စုံ၊ ရာထူးအစုံ၊ ပိုင်ဆိုင်မှုမျိုးစုံ ကို ကိုယ်စားပြုပါတယ် …

ကိုယ်ချင်းစာခြင်းများစွာနှင့်…


UNICEF Canada
2200 Yonge St., Suite 1100
Toronto, Ontario
M4S 2C6
Or call toll free: 1-800-567-4483
Fax: 416-482-8035

www.redcross.ca

cites:
http://www.abc.net.au/news/stories/2008/05/06/2236366.htm?section=world
http://www.newswire.ca/en/releases/archive/May2008/05/c5160.html
http://ap.google.com/article/ALeqM5jUfyzYXJEcNr_sIZJcsFNWon72cwD90FM3J80

9 comments:

Yan said...

ဒီနေ့ကို ကိုယ်ချင်းစာနားလည်နိုင်စွမ်း ရှိသူ မည်သူမဆို သတိတရ ရှိနေကြမှာပါ. မလေးရဲ့ စေတနာနဲ့ ရေးတဲ့ ဒီပို့စ်လေးက တဆင့် အလှူရှင်တွေ ပေါ်ပေါက်လာနိုင်စေဖို့လည်း ဆုတောင်းပါတယ်ခင်ဗျာ..

Anonymous said...

မြန်မာပြည်သူ မြန်မာပြည်သားတွေ ကိုယ်စား ဆရာမကို ကျေးဇူးတင်ပါတယ်.... ပိုက်ဆံတွေ ကို SPDC လက်ထဲ ဝကွက် ထဲ့လိုက်တာမျိုး မဖြစ်ပါစေနဲ့ လို့ ...........

chit said...

$250,000 !! unbelievable, the amount is petty cash...Bush asked for about 100 billions for war in iraq for 2008... this is what they said God bless America...:( well... cheers up people..

Anonymous said...

မြန်မာပြည်သူ မြန်မာပြည်သားတွေ ကိုယ်စား ဆရာမကို ကျေးဇူးတင်ပါတယ်.... ပိုက်ဆံတွေ ကို SPDC လက်ထဲ ဝကွက် ထဲ့လိုက်တာမျိုး မဖြစ်ပါစေနဲ့ လို့ ...........

ဒေါ်အောင်ဆန်းစုကြည် ထက် အိုးမဲ့အိမ်မဲ့ ဖြစ်သွားတဲ့လူတွေ ကို နိုင်ငံသားပေးဖို့  ပိုကောင်းကြောင်း (ဒုက္ခသည် စခန်းတွေ မှာ ဒုက္ခမခံခိုင်းပဲပေါဗျာ) အခွင့်ရှိရင် ကနေဒါ ကက်ဘိနက် ကိုသိစေချင်တယ်။

လော်ရာဘုတို့  ရဲ့  ငြိမ်းခါနီး မီဒီယာအတန်းရှင်းကလဲ လှပါ့။ (စက်တင်ဘာ တုန်းကတစ်ခါ)

SPDC လက်ထဲ ကို ပိုက်ဆံတွေ ထဲ့မဲ့ အစား ကိုယ်တိုင်သွား ပြီး အကူအညီပေးဖို့  ကောင်းတယ်။

ကိုယ်စီကိုယ်ငှ အတ္တတွေ ချခင်း.. လူတွေ က ကြားထဲက ဒုက္ခတွေ ရောက်ကုန်မှာ တော့ စိုးတယ်.....

Anonymous said...

အပေါ်က ဟာတွေ ရေးတာ စာဖတ်သူ ဆိုတဲ့ ကောင်ဗျာ

myatnoe said...

အလှူငွေတွေကို သူတို့လက်ထဲ မရောက်အောင် ဂရုစိုက်ကြပါ

မောင်မျိုး said...

ဒီနေ့ လေးမှာ အစ်မရေးတဲ့ ပို့ စ်လေးနဲ့  ထပ်တူ ခံစားသွားပါတယ်ဗျာ ...ကြိတ်မနိုင်ခဲမရ နဲ့  မျက်ရည်တွေဝဲ ခဲ့ရတာ ကြာလှဲပီပေါ့ ။စကားလုံးတွေ စွံအ ကုန်လို့  ဘာမှပြောလို့ မရတော့ဘူးဗျာ .....................

Canada Myanmar said...

အလှူရှင်တွေ ကို နိုးဆော်ပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ် မအိမ့် 
ဒီနေရာတွေမှာလည်းလှူလို့ ရပါတယ်...

To send donations please call your local Red Cross or contact:

Burma Buddhist Association of Ontario –

Burma cyclone relief fund
12 High Meadow Place
Toronto, Ontario M9L 2Z5
416 - 358 - 2318
( or )
“Burma Cyclone Relief Fund.” www.cfob.org

http://canadamyanmar.blogspot.com/

Bo said...

The US said it had permission to send in two further flights, and was offering an extra $13m in aid for Burma.

http://news.bbc.co.uk/2/hi/asia-pacific/7397012.stm

Did it occurred to you that US needed to remove some procedures (regarding sanctions) before they can add more aid?

LinkWithin

Related Posts Plugin for WordPress, Blogger...