မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Tuesday, April 08, 2008

ကောင်းကင်တစ်စုံတစ်ရာ… ၂

ကျွန်ုပ်တို့အနားတွင် ခေတ္တပဲ ဖြစ်ဖြစ်လာနေကြည့်ပါ…
နာကျင်မှုများမှ ပုန်းကွယ်လိုသည်ပဲဖြစ်ဖြစ်…
ကျွန်ုပ်တို့ကို နေရောင်ခြည်ဟုလို့လဲ တင်စားနိုင်ပါသည်…
သင့်ဝိညာဉ် ခေတ္တနားခိုရာပဲဖြစ်ဖြစ်ပါ..
ကျွန်ုပ်တို့ဟာ စွမ်းအင်များအခြေခံရာနေရာလဲ ဖြစ်ကောင်းဖြစ်မယ်..




ဒီကမ္ဘာကြီးကို သင်တို့တွက် ပေးထားတယ်..
သင်တို့ရဲ့ နှလုံးသားတွေကို လေထဲမှာ လက်နဲ့ ကိုင်မြှောက်ထားလိုက်ပါ..
နာကျင်ခြင်းတွေကို အနည်းငယ်ပဲဖြစ်ဖြစ် သက်သာလိုသက်သာငြား…

သင်တို့နေတဲ့ ကမ္ဘာကြီးက အ၀တ်စုတ်တစ်ခုလို စုတ်ပြတ်သတ်နေတဲ့အခါ..
ကမ္ဘာ့ သက်တမ်း ကုန်ဆုံးတော့မယ့်အခါ…
ကျွန်ုပ်တို့နဲ့ လာနေလို့ ရပါတယ်..

လူတွေအားလုံး သူစိမ်းတွေဖြစ်နေတဲ့အခါ..
သင်တို့ ဒီနေရာမှာ နားခိုနိုင်ပါတယ်..
ငြိမ်သက်ခြင်းတွေ ပိုင်စိုးတဲ့ အချိန်တစ်ခုလေးထဲမှာပဲ ဖြစ်ဖြစ်..

ဟိုးအောက်က မှောင်မဲနေတဲ့ ဒေသတစ်ခုကို အလင်းရောင်ပေးလိုက်ပါ..
ကြယ်တွေကို ဖောက်ထွင်းမြင်ကြည့်ပါ..
ကျွန်ုပ်တို့နှလုံးသားတွေထဲက အပျော်မြစ်ရေတွေထဲ စီးဆင်းသွားတဲ့
ကမ္ဘာကြီးကို ဖမ်းဆုပ်ယူပါ…
စွမ်းအားတွေကို ချည်တိုင်က လွတ်လိုက်ပါ..

ငြိမ်သက်ခြင်းတွေ ပိုင်စိုးတဲ့ အချိန်တစ်ခုပဲဖြစ်ဖြစ်

DISCLAIMER :
All Gregorian - Send Me An Angel lyrics, artist names and images are copyrighted to their respective owners. All Gregorian - Send Me An Angel song lyrics are restricted for educational and personal use only.
http://www.lyricstime.com/gregorian-send-me-an-angel-lyrics.html
စာသားများကို မိမိကိုယ်ပိုင် အနုပညာခံစားချက်ကို အခြေခံပြီး ချရေးထားခြင်းဖြစ်ပါတယ်…
မူရင်းသိလိုပါက အထက်ပါ ဆိုဒ်ကိုသွားပါ..

2 comments:

Anonymous said...

ဆရာမ..
သီချင်းနားထောင်သွားပါတယ်။ ကျေးဇူးတင်ပါတယ်။ စာသားတွေ သိဖို့ တောင်မလိုဘူး။ သံစဉ်ကို က အေးမြနေရော။ Bass တီးထားတာ တော်တော်လှတယ်။ စာသားတွေ စိတ်ထဲထဲ့သွားတယ် တစ်ခုခုပေါ်လာရင်ကော့မန့် ထပ်ရေးမယ်.. ဘာသာတရားမှာ ညွတ်နူးတဲ့ သူတွေ ကတော့ ကောင်းကင်ဘုံ တို့ နိဗ္ဗာန် (alphabatical order အရရေးတာဖြစ်တယ်) အစရှိတဲ့ ဘာသာတို့ ရဲ့ ငြိမ်းချမ်းရာ ဘုံကို မျှော်လင့်ကြမယ်။ ကျနော်တော့ ကျနော့ ကောင်မလေး နဲ့ ကျနော် လေထဲပျံဝဲ နေတယ်လို့ ခံစားရတယ်။

ကမ္ဘာ့ သက်တမ်း ကုန်ဆုံးတော့မယ့်အခါ…
ကျွန်ုပ်တို့နဲ့ လာနေလို့ ရပါတယ်..

ကျနော်တော့ အဲလို အချိန်မျိုးရောက်ရင် ကျနော်ကချစ်တဲ့ ကျနော့ကို ချစ်တဲ့ ကောင်မလေး နဲ့ ပဲ အဆိုးဆုံး အချိန်ကို ထိုင်စောင့်စားခွင့်ရချင်တယ်။ မျက်ရည်တွေ ကျချင်လဲ ကျမှပေါ့ ဗျာ။ ဒါပေမဲ့ ကျနော်တော့ ပျော်မှာသေချာတယ် ဆရာမ။
အချစ်ဟာ ဓါးသွန်းသံ နဲ့ တူပြီး ဒုက္ခတို့ ၊ ကြမ္မာဆိုး တို့ ဆိုတာကတော့ ပန်ပဲဆရာလက်ထဲ ကတူ။ မီးကတော့ ပတ်ဝန်းကျင်ပေါ့ ဆရာမရယ်။
တူတစ်ချက် ထိခိုက်ပြီးတိုင်း ၊ မီးတောက်ထဲ ခုန်ခုန်ဆင်းပြီးတိုင် ချစ်ခြင်းမေတ္တာဟာ ခိုင်ခန့် မာကျောလာတယ် လို့ ထင်တယ်။

ဘယ်လို့ ထောင့်ကပဲ ကြည့်ကြည့်ပါ သီချင်းလေးက ငြိမ်းချမ်းရတယ်။

ကျေးဇူးပါ ဆရာမ။

စာဖတ်သူ

တန်ခူး said...

ိအိမ့်ရေ...ငြိမ့်ငြောင်းတဲ့စာသားလေးတွေကို မြန်မာလိုပြန်ခံစားရတော့ ကောင်းကင်တစ်စုံတစ်ရာက ပိုပီပြင်သွားတယ်။

LinkWithin

Related Posts Plugin for WordPress, Blogger...