မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Sunday, March 16, 2008

တစ်ဖက်စွန်းကျမိတဲ့ အခါတွေမှာ...

တစ်ယောက်ယောက်က ဒါမှမဟုတ် အုပ်စုတစ်ခုခုက တစ်ဖက်စွန်းကျမိတဲ့ အခါတွေမှာ...
တစ်ယောက်က နစ်နာရစမြဲ..
အင်အားကြီးတဲ့ နှစ်ဘက်လုံးနားလည်မှုမယူနိုင်ကြဘူးဆိုရင်တော့..
ကြားထဲက မြေစာပင်လေးတွေအဖြစ်ကကော...
မူမှန်တဲ့ အချစ်စစ် မေတ္တာသဘောဟာ ပေးမျှခံယူခြင်းရယ်လို့လဲ...
ဆိုင်းခမ်းလိတ်က ဆိုခဲ့တယ်..
သူ့သီချင်းတွေထဲက ကျွန်မအနှစ်သက်ဆုံး တေးသွား တစ်ပုဒ်ပေါ့




7 comments:

အိုအေစစ် said...

မူမှန်တဲ့ အချစ်မေတ္တာသဘောက ပေးမျှခံယူခြင်းရယ်လို့

အနစ်နာခံလာခဲ့တာ နှစ်ပေါင်း ၆၀ ရှိခဲ့ပါပြီ

တဖက်စွန်းကျတဲ့ အနိုင်ယူခဲ့တဲ့ ဗိုလ်ကျနေဆဲရှိတဲ့ အုပ်စုက

မြေစာပင်လေးတွေကို နှိပ်စက်လာတော့လဲ

ငတ်ပြီး သေမဲ့အတူတူ စတေးပြီး တိုက်ပွဲ ဝင်ရတော့မှာပဲ

ဘယ်လောက်အထိ သည်းခံစေခှင်လို့လဲ

တခါတလေကျ အခှစ်စ်က တိုက်ယူရပါတယ် တကယ်ခှစ်ရင်ပေါ့

အိုအေစစ် said...

တခါတလေကှရင် အခှစ်စစ်က တိုက်ယူရပါတယ် တကယ်ခှစ်ရင်ပေါ့

မှိုးဆက်သစ်တွေကို ငဲ့ညှာ သနားစာနာတတ်လာတဲ့ အခါ ရင်နာနာနဲ့ တိုက်ပွဲဝင် စတေးဖို့ ကြိုးစားရမျာဘဲလေ

အိုအေစစ် said...

တခါတလေကျရင် အချစ်စစ်က တိုက်ယူရပါတယ် တကယ်ချစ်ရင်ပေါ့

မျိုးဆက်သစ်တွေကို ငဲ့ညှာ သနားစာနာတတ်လာတဲ့အခါ ရင်နာနာနဲ့ တိုက်ပွဲဝင် စတေးဖို့ ကြိုးစားရမှာဘဲလေ

May said...

who knows what is real

မိုက်မဲသူတို့ သည် ဘယ်သို့ သောအခြေအနေ ကိုမဆို အကောင်းမမြင်

ဆက်လက်မိုက်နေမည်သာ

ဗုဓ္ဒတရားသည်ပါရမီ မ၇ှိသူတို့ အတွက် မမြင်နိုင်ပါ

တစ်ပြည်သူ အိမ့်ချမ်းမြေ့ said...

Dear Ma Oasis,
It's very obvious that looking for the favourable middle ground is not letting the other party chop your neck off. I think the song also implies to prevent both parties from being too invested in the positions instead of in real issues. I feel your frustration that one side is totally not interested in negotiation. That's the reason why this song is posted on my blog.

Ma May,
I respect your belief.... and belief of others as well. Wouldn't it be wonderful if we all could live in harmony regardless of our faith, race, religion, gender/sex? Ultimate civilization, perhaps?

Thank you both for taking the time to comment my post. Appreciate it!

Anonymous said...

ဆရာမ
ကော့မန့် က တခြားဟာရေးမလို့ ပဲ။ ဒီရောက်မှ သူများရေးတဲ့ ကော့မန့် တွေ ဖတ်ပြီး ကျနော်ငယ်ငယ်က သူငယ်ချင်းတစ်ယောက် အကြောင်း တစ်ခုသတိရသွားတယ်။ အဲဒီသူငယ်ချင်း ၈ တန်း ကျောင်းသားဘဝတုန်းက အမျိုးသားနေ့ မှာ ပင်နီတိုက်ပုံဝတ်လို့  နောက်မလုပ်တော့ပါဘူး ဆိုတဲ့ ခံဝန်ချက်ကို ကျောင်းအုပ်ဆရာမကြီးကလက်မှတ်ထိုးခိုင်းတယ်။ နောက်ဆုံး အဲဒီကျောင်းအုပ်ဆရာမကြီး က လသာ (၂) ကျောင်းအုပ်တွေ ဘာတွေဖြစ်သွားတယ်ထင်ပါတယ်။ တော်တော် ဗျူရိုကရက်။ နိုင်ငံရေးလုပ်တဲ့ ဆရာတွေ၊ကျောင်းသားတွေ ကို တော်တော် နှိပ့်ကွပ်တာ။ အဲဒီသူငယ်ချင်းကို ကျနော့ စာလေးကလဲ တော်၊ ချက်ထိုးတာလဲ မဆိုးဘူးဆိုတဲ့ သူ့  ရဲ့ Career Path က မူလီလေးတစ်လုံး ဆိုတဲ့ အမြင်နဲ့  ခံဝန်ချက်ယူ ရုံပဲလုပ်တာ။ ဒါပေမဲ့ သူငယ်ချင်းက မထိုးနိုင်ဘူး ငြင်းလိုက်တယ်။ အဲဒီတော့ မိဘဆီအပ်တယ်ဆိုတဲ့ စကားလုံးလှလှလေးသုံးပြီး ကျောင်းထုတ်လိုက်ရော။ အဲဒါနဲ့  အဲဒီသူငယ်ချင်းက ကျနော်တို့  မြို့ ကလူဆိုးလူပေတွေ (ရန်ဖြစ်လို့ ၊ကျောင်းပြေးလို့ ) ကျောင်းထုတ်ခံရသူတွေ တက်တဲ့ကျောင်းကို ပြောင်းအပ်ရတာပေါ့။ အဲဒီကျောင်းမှာ တော့ ဒီကောင်နာမည်ကြီးပေါ့ဗျာ။ နိုင်ငံရေးဆန်ဆန် ကိစ္စကြောင့် ကျောင်းထုတ်ခံထိပြီး ပြောင်းလာသူ ဆိုလို့ လဲ တစ်ကျောင်းလုံး ဒင်းတစ်ယောက်ရှိတာကို။ (ခတ်ကွင်းပြင်တာတော်တော် ရှည်သွားပြီ) ပြောချင်တာက အထက်တန်းကျောင်းတစ်ခု မှ ကျနော့သူငယ်ချင်း နာမည်ကြီးစာရင်း ဘာလို့ ဝင်တယ်ဆိုတာကိုပါ။
တစ်ကြောင်းလုံး ဆိုးပါတယ် မိုက်ပါတယ်ဆိုတဲ့ လူတွေ ( အဲဒီကျောင်းက အသစ်ရောက်လာတဲ့ ကျောင်းသားတိုင်း ကို သွေးတိုးစမ်း စိန်ခေါ်တတ်တယ်) လဲ ဒင်းကိုတော့ မထိကြဘူး။ သူကလဲ သိပ်ဂရုမစိုက်ဘူး။ တစ်ခုက သူမှာလဲ သူ့ အခက်အခဲတွေ နဲ့ သူဖြစ်ကုန်တာလဲ ပါတယ်။ အစက မိုင်ဝက်လောက်ဝေးတဲ့ ကျောင်းကို အိမ်က ကားနဲ့ လိုက်ပို့ တယ်။ ဒါမှ မဟုတ်လဲ ဆိုင်ကယ် နဲ့ သွားခိုင်းတယ်။ ပိုက်ဆံသုံးဖို့ လဲ တရက်ကို ၁၀၀ နှုန်းနဲ့ တစ်လစာပေးထားတယ် ( အဲဒီတုန်းက အသားသုတ်တပွဲ ငါးကျပ်လား ပေးရတယ်) ။ အဲဒီအချိန်ကနေ ၄ မိုင်လောက်ဝေးတဲ့ ကျောင်းအသစ်ကို လုံးဝ လိုက်မပို့ တော့ဘူး စက်ဘီးနဲ့ သွားရတယ်။ ပိုက်ဆံကိုလဲ တစ်လလုံးမှ ၅၀၀ ပဲပေးတော့တယ်။ အဝတ်အစား အသုံးအဆောင်တွေ လဲ ဝယ်ပေးတာ လက်ဆောင်ပေးတာ မရှိတော့ဘူး။
တစ်နေ့ တော့ သူ ကျောင်းက ခုံနဲ့ ညပ်ပြီးတော့ သူ့  လွယ်အိပ်ပြဲသွားတာ ဟက်တက်ကြီး။ ဖြစ်စတော့ နည်းနည်းပေါ့။ ဒါပေမဲ့ အိမ်ပြန်ရောက်မှ ကြည့်တော့လုံးဝ ဆက်သုံးလို့  မရတော့ဘူး။ လက်ငင်းဝယ်ဖို့ လဲ ပိုက်ဆံမလောက်ဘူး။ နောက်ဆုံး အဲဒီခေတ်က အင်မတန်ခေတ်စားတဲ့ အာဂျီနို အိပ် (ကျွပ်ကျွပ်အိပ်) ထဲစာအုပ်တွေထဲ့ စက်ဘီးလက်ကိုင်မယ် ချိတ်ပြီး ကျောင်းသွားရော။ မိုးတွင်းကလဲ မိုးတွင်းဆိုတော့ အဆင်ကို ပြေလို့  ။
အဲဒါ တစ်ကျောင်းလုံးက ကျောင်းသား တော်တော်များများ အာဂျီနိုမိုတို အိပ်တွေ နဲ့ ဖြစ်ကုန်တယ်။ လွယ်အိပ်မလွယ်တော့ဘူး။ (ဖက်ရှင်လုပ်တယ် ထင်လို့ နဲ့ တူပါတယ်)
အဲဒီကျောင်းမှာ ရှိတဲ့ ဆရာမ အုပ်စုတစ်စု က ကျတော့ သူတို့ ကို ရွဲ့ ပါတယ် ဆိုပြီး တင်းတယ်။ (အဲဒီဆရာမတွေ က ပိုက်ဆံရှိသား သမီးတွေ နဲ့ တော်တော်လေး အဆင်ပြေတယ်)
နောက်ဆုံး အဲဒီ ကျွပ်ကျွပ်အိပ်ထင်ရာ မြင်ရာဇာတ်လမ်းက အပိုင်ထောက်လှမ်းရေး တပ်ကြပ်ကြီးတစ်ယောက်က ကျွပ်ကျွပ်အိပ် နဲ့ ကျောင်းတက်သူတွေဟာ (ပထမအကြိမ်) ကြံဖွတ်ညီလာခံကို ဆန်ကျင်သူတွေ ဆိုတဲ့ သတင်းကြားတယ် မှတ်ထားပေးပါ ဆိုပြီး ကျောင်းအုပ်ဆရာကြီး ကို ပြောမှ လွယ်အိပ်တွေပြန်လွယ်ကျတော့တယ်။
သူငယ်ချင်းလဲ သိပ်မကြာဖူး လွယ်အိပ်တစ်လုံး လက်ဆောင်ရလို့  ကျွပ်ကျွပ်အိပ် ကိုင်တာ မတွေ့ တော့ဘူး။
လူတွေ ဆိုတာ အဲလိုပဲ ထင်ရာမြင်ရာ။ ခုကျနော်လဲ ထင်ရာမြင်ရာတွေ ရေးလိုက်မိပြန်ပေါ့ ဆရာမရေ..
( အမှန်တော့ ဘိုထီး သီချင်းတွေ ကော့မန့် ရေးချင်တာ၊ နောက်တစ်ခေါက်မှပဲ ရေးတော့မယ်၊ဆရာမ ဘလော့မှာ အနှောက်အယှက်ဖြစ်မယ်ထင်ရင် ဒီကော့မန့် ကို မတင်ပါနဲ့ ခင်ဗျာ)

စာဖတ်သူ

Karaweik ကရ၀ိတ် 妙声鸟 Alvin (Sumedha) said...

Quote: "Wouldn't it be wonderful if we all could live in harmony regardless of our faith, race, religion, gender/sex? Ultimate civilization, perhaps?"

Yes, agree. The common ground is that we are all very much human, with a heart.

:)

LinkWithin

Related Posts Plugin for WordPress, Blogger...