မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Saturday, March 22, 2008

မွန်းလွဲစာ

“စောင့်နေတာကြာပြီလား”

“မကြာသေးပါဘူး”

“စားနှင့်တာမဟုတ်ဘူး”

“စောင့်နေတာလေ.. တူတူမှာစားဖို့”

“မှာပေးရမလား”

“အင်း.. ဘရော့ကာလီကိရှ် နဲ့ ပန်းသီးဖျော်ရည်ပဲ ယူတော့မယ်..”

“အင်း ကိုယ်သွားယူလိုက်မယ်..”

“ကျေးဇူး..”

“ပန်းသီးဖျော်ရည်ကုန်နေတယ်တဲ့ သဘောင်္သီးဖျော်ရည်ရတယ်မဟုတ်လား”

“ရပါတယ်.. ကြိုက်တယ် ကျေးဇူး”

“အဲဒီကျေးဇူးဆိုတာကြီး ခဏခဏမပြောပါနဲ့လား”

“အကျင့်ပါနေလို့ပါ”

“ဒါနဲ့ မင်းရဲ့ နောက်ဆုံးပို့စ်လေးကို လူတွေဘယ်လိုမြင်မယ်ထင်လဲ၊ အစုံမြင်နေကြတယ်
နည်းနည်း နားလည်ရခက်မယ်နော်”

“အင်း စောင့်ကြည့်နေတာ လူတွေရဲ့ ဆိုက်ကိုတွေကိုလေ.. သိပ်စိတ်ဝင်စားဖို့ကောင်းတယ်”

“မင်း ရေးထားတာ သိမ်မွေ့ပါတယ်၊ ဒါပေမယ့် လူတွေမြင်တာက တစ်မျိုးနော်၊ ငါးကြင်းကြော်ပြီးရင် ကလပ်ဖြစ်နေဦးမယ်.. ”

“ဟင်.. ဘာလို့လဲ၊ သေသေချာချာဖတ်ရင် conformity ကိုရေးထားတာပါ
sense of belonging regardless of one's own belief ကိုရေးတာလေ၊ ဘာဖြစ်ကုန်ပြန်ပြီလဲ”

“ဘေးလူတွေအနေနဲ့ဖတ်ကြည့်ရင် မင်းကို ဆိုရှယ်ကျတယ်၊ အနောက်ကိုအထင်ကြီးတယ်လို့ မြင်နိုင်တယ်”

“အဲ… ကျမ relatively မြန်မာဆန်ပါတယ်.. ၊နောက် ဒါ.. ၀တ္ထုလေ”

“စာရေးသူတစ်ယောက် ကွန်မင့်ရေးသွားသလို ကိုယ့်ရဲ့ ခံစားချက်အစစ်အမှန်ကိုဖုံးကွယ်ပြီး အသင်းဝင်ဖြစ်ဖို့စတေးတယ်ဆိုတာ… အဲဒါကိုပဲကွက်ပြီး လူတွေအများစုမြင်နိုင်တယ်”

“ဟင်.. ၀တ္ထုလေ.. နောက်ပြီး ကျွန်မမှာ ခွေးလဲမရှိဘူး”

“အဲလိုမငြင်းနဲ့လေ ဆရာမကလဲ၊ ရှိသားပဲ၊ ခွေးသုံးကောင်တောင်မဟုတ်လား”

“ဟင်.. ဘယ်မှာလဲ”

ဒေါ့ကွန်းတဲ့၊ ဘလော့ဂ်တဲ့၊ အိပ်မက်တဲ့…. ဟားဟား”

“အိုးးးးးးးးးးးးးးးး”

“ဒါပေမယ့် ကျွန်မပေးချင်တာတွေကို စာဖတ်သူတွေက prism လို တစ်ခြမ်းစီတစ်ခြမ်းစီက ကိုယ်စီမြင်တာကို သိပ်ကြိုက်တယ်”

“ဟုတ်တယ်.. ဒါပေမယ့် အစိတ်စိတ်အမွှာမွှာကွဲထွက်ပြီး တကယ့်အစစ်အမှန်ကိုလည်း ထောင့်တစ်ခုအနေနဲ့ အထင်မှားသွားတတ်တာကိုလည်း သတိထားသင့်တယ်နော်”

“အင်း.. ဆက်ပြောပါ”

“ဘယ်လိုပြောရမလဲ… ဟိုဟာပေါ့နော်…အင်း.... ပြောချင်တာကပေါ့နော်…”

“အမလေး… ပြောမှာသာပြောပါ…၊ စိတ်သိပ်မရှည်ချင်ဘူး”

“ပြောပါ့မယ်.. နောက်ဆုံးမှာ ကောင်မလေးက ကောင်လေးကို အကြာကြီးနမ်းတဲ့အခန်းလေ”

“အင်း”

“မြန်မာတွေအမြင်မှာ တစ်မျိုးဖြစ်မယ်”

“ရှင်… ”

“ဖတ်မိသူတွေ အသည်းယားလိမ့်မယ်”

“ဟင်…ဟုတ်လို့လား.. သူအသည်းယားတိုင်း”

“ဟားဟား”

“ဒါ ၀တ္ထုလေ.. အနောက်ကို အထင်ကြီးတယ်မြင်မယ်ဆိုရင်လဲ မြင်ပါစေ.. အနည်းနဲ့အများ အထင်ကြီးလို့ အပြင်ကို တစ်နည်းနည်းနဲ့ ကျွန်မတို့တွေ ရောက်နေကြတာပဲမဟုတ်လား”

“အခုဟာက စားပွဲပေါ်ကို ချပြတာကိုပြောနေတာ.. မင်းရဲ့ ကဗျာတစ်ပုဒ်ထဲကလိုပေါ့၊ အကုန်ချပြမလို့လား”

“ဟုတ်တယ်လေ.. မ၀ံမရဲနဲ့ တတ်သမျှမှတ်သမျှ ခံစားချက်နဲ့ ချက်ထားတဲ့ ဟင်းလေးတွေ၊ နောက်ပြီး သူများဆီက ရလာတဲ့ ချက်နည်းအသစ်လေးတွေကိုလဲ အစမ်းချက်ပြီး စားပွဲပေါ်တင်ပြနေတာပါ၊ တချို့ဟင်းတွေက အစပ်အဟပ်တည့်ချင်မှလဲ တည့်မပေါ့”

“အကုန်ချကျွေးမလို့လား”

“ဒါကတော့ ကိုယ်ဘယ်လောက် ချက်နိုင်လဲအပေါ်မှာ မူတည်ပါမယ်၊ စားသူတွေကတော့ သူနှစ်သက်ရာကို စားသွားမှာပဲလေ၊ ကောင်းတယ်မကောင်းဘူးလဲ လွတ်လပ်စွာပြောခွင့်ရှိပါတယ်”

“မတည့်တာတွေ စားမိပြီး တစ်စုံတစ်ခုဖြစ်လို့ကတော့ ကျေးဇူးမတင်တဲ့အပြင် အမေရိကန်တွေလို ချကျွေးသူကို တရားစွဲနေဦးမယ်နော်.. ဟားဟား”

“အဲ.. ဘာပြောရမှန်းတောင်မသိဘူး”

“အချစ်ဝတ္ထုလေးတွေပဲ ရေးပါလား အပြစ်ကင်းကင်းလေးတွေ”

“ကုန်ကြမ်းကုန်ပြီ”

“ဗျာ..”

“ဟွန်းဟွန်း၊ စ တာပါ… ဟိုလေ စာရေးတယ်ဆိုတာ အဲလိုမရဘူးလေ၊ ခံစားချက်မရှိပဲနဲ့ အတင်းလုပ်ပြီး ရေးလို့မှ မရတာ၊ နောက်ပြီး အချစ်ဝတ္ထုတိုင်းကလဲ အပြစ်နဲ့မှ မကင်းကြပဲ၊ အဲဒါတွေရေးတော့လဲ စိတ်ကူးယဉ်ဆန်သတဲ့.. ”

“အင်းပါကွာ.. မင်းစိတ်ချမ်းသာရင်ပြီးတာပါပဲ.. ကဲ ဒါကို ကုန်အောင်စားဦး၊ ကိုယ်သွားမယ်”

“အင်း… ခုနေ..ကန်ဇွန်းရွက်ကြော်နဲ့ ငပိကြော်လေးနဲ့ စားရရင်ကောင်းမယ်နော်”

“ရုံးဆင်းရင် ကုလားမကြီးဆိုင်မှာ သွားဝယ်ကြမယ်လေ.. ဟုတ်ပြီလား”

“ဟုတ်.. ကျေးဇူး”

“လုပ်ပြန်ပြီ..”

“ဟင်းဟင်း.. ဆောရီး”

“အိုကေနော်.. ညနေတွေ့မယ်”

“အင်း.. တွေ့မယ်”

“ဘိုင်”

“ဘိုင်”

13 comments:

Anonymous said...

အားကျ ကြည်နူးစွာနဲ့  ပျော်ရွှင်ဖွယ်ရာ နေ့ လည်စားဝိုင်းလေး ကို ငေးမောသွားရင်း...............
မိုးထက်နေ

Anonymous said...

အိမ့်ရေ
အစ်မက အိမ့်ရဲ့ဘလော့မိတ်ဆွေဟောင်းထဲကပါပဲ။ ဒီပို့ စ်လေးကောင်းတယ်သိလား။
အရေးအသားလေးအသက်ဝင်ပြီးထင်ပေါ်တယ်။

အစ်မရဲ့ ကော်မန့် ကိုမတင်ပဲထားရင်ထားရင်လဲထားနော်။ “နေ့ လယ်စာ”နာမည်
နဲ့  ညီလင်းသစ် လည်းရေးဖူးတယ်။ အဲတုန်းကအိမ့်လိုပဲ“နေ့ လည်စာ”လို့ ရေး
ထားလို့ အစ်မတစ်ယောက်ကထောက်ပြခဲ့တာမှတ်မိလို့ အခုလည်းအိမ့်ကိုဆရာ
လာလုပ်တာ။

တစ်ပြည်သူ အိမ့်ချမ်းမြေ့ said...

စာလုံးပေါင်းပြင်ပေးတဲ့ အစ်မကိုကျေးဇူးပါနော်..
နာမယ်တူမှာစိုးလို့ မွန်းလွဲစာလို့ ပြောင်းလိုက်မယ် အစ်မ…

ကော့မန့်ရေးပေးသော ကိုမိုးထက်နေကိုလဲ ကျေးဇူးတင်ပါတယ်ရှင်..

SMNTL said...

Visited here. I often visited here b4 but never leave my messages. Here i am to leave my paw as i cant find your Cbox.

It would be nice to have you back as i started my blog recently which is called http://moralvirtues.blogspot.com/.

Welcome your advice as you seen very professional.,

Nice to see you. Thanks naw Ma Ma.

SMNTL

တန်ခူး said...

အိမ့်ရေ...အိမ့်တို့နဲ့အတူ မွန်းလွဲစာ တိတ်တိတ်လေးစားသွားတယ်။ အိမ့်ကဟင်းချက်ကောင်းပါတယ်။ များသောအားဖြင့် စားပွဲပေါ်ခင်းထားသမျှ မြိန်လျှက်ပါတယ်။

pandora said...

မလေး ချခင်းထားတာတွေအားလုံး မြိန်ယှက်စွာ အားပေးသွားပါတယ်..

Anonymous said...

ဆရာမ
ကျနော် ဆရာမ တို့  နေလည်စာ ပဲဖြစ်ဖြစ် ၊ မွန်းလွဲစာ ပဲပြောပြော၊ မွန်းတိမ်းစာ လို့ ပဲဆိုဆိုအဲဒီ စကားဝိုင်းလဲထဲဝင်ပါပါရစေ။ ကျနော်တို့  မြန်မာ စာရေးသူတွေ နဲ့ စာဖတ်သူ အများစု မှာ ခုထိမကင်းလွတ်နိုင် သေးတဲ့ အငုတ်စိတ်ကလေး တစ်ခုအကြောင်းပါ။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေ ကဆို Art for Art Sake ဆိုတာနဲ့  Art for People Sake ဆိုပြီး အကြီးအကျယ် အငြင်းအခုန်တွေ ဖြစ်ခဲ့ဖူးတယ်။ ဒါဟာ ဘာလဲဆိုတော့ ကျနော်တိုင်းပြည်ပေါ်မှာ မွေးဖွားလာတဲ့ လူတိုင်းရဲ့  လက်ဝဲသူငယ်နာ မကင်းတာကို ပြတာဖြစ်တယ်။ စာပေ ဝေဖန်သူအများစု (အစိုးရ ရော ပုဂ္ဂလိကပါ)က စာမူတစ်ခုကို ကြည့်ရင် ဘာ Message ပေးနိုင်သလဲ၊ ပေးတဲ့ Message က လူထု အပေါ် ဘယ်လိုထိရောက် သလဲဆိုတာမျိုး နဲ့ စာပေကို ဆုံးဖြတ်တယ်။ တချက်စဉ်းစား ဖို့ ရှိတာက စာရေးသူ အနေနဲ့ က ငါ့စာဖတ်ပြီး ဒီ Message တွေ ပေးမယ် ဆိုတဲ့ စိတ်နဲ့ ဖန်တီးမယ်၊ စာဖတ်သူတွေ ကလဲ ဒီစာဖတ်ပြီးရင်တော့ ငါတို့ ဒီ Message တွေရမယ် ဆိုတဲ့ ဆန္ဒစွဲမျိုးတွေ ရှိနေတယ် ဆိုရင်ကတော့ ဆောင်းပါးတို့ ၊ ပုံပြင်တို့  ဆိုတဲ့ ဟာမျိုးတွေ သာဖတ်သင့်တယ်။ ပုံပြင်လိုဟာ မျိုးဆောင်းပါးလိုဟာ မျိုးရဲ့ တာဝန်ဟာ နားထောင်သူ ၊ ဖတ်သူကို တစ်ခုခု သင်ခန်းစာ ပေးနိုင်ရမယ်ဆိုတဲ့ အချက်ပေါ်မှာ ပေါ်ပေါက်လာတာလို့ ကျနော်တော့ ယုံတယ်။ အနုပညာ တစ်ခု ဖန်တီးတဲ့ အခါမှာ ဖန်တီးသူ အနုပညာရှင်ရဲ့ စိတ်ခံစားချက် နဲ့  ခေတ်ပြိုင်ပုံရိပ်တွေ ကို ပြဆိုနိုင်တယ် ဆိုရင် ကျနော့ အတွက်တော့ တော်တော် လုံလောက်တယ်။ မဟုတ်ရင်တော့ ကျနော်တို့ မှာ အနုပညာ ဆိုတဲ့ အရာ အစား နိုင်ငံရေးကြေငြာစာတမ်းတို့ ၊ ပုဂ္ဂိုလ်ရေး ကြေငြာစာတမ်းတို့  ဆိုတာမျိုးတွေသာ ရေးဖို့ ရှိတော့တယ်ထင်တယ်။ နောက် ဆရာမ ပြောသလို လူတိုင်းက မှန်ကူကွက် (prism ) လို မြင်ကြမယ် ဆိုတာကို တော့ သံသယရှိဖို့ မလိုဘူး။ မင်းဘူး ဦးသြဘာသ ရဲ့ မဟော်သဓါ ကစလို့  ဂျိမ်းဂျွိုက်ရဲ့ စာပေးတွေ အထိ အားလုံး ကိုယ်မြင်ချင်တဲ့ ထောင့်ကနေ မြင်ကြမယ်၊ ဖတ်ကြမယ် ၊ ခံစားကြမယ်။ ဒါပေမဲ့ ဘုံကျတဲ့ ထောင့်တစ်ထောင့် ဆိုတာကတော့ ဖန်တီးသူရဲ့ အနုပညာ အားအပေါ်မှီးပြီးတော့ တွယ်ဆက်ပါဝင်နေပြီးသား ဖြစ်တယ်။ အဲဗတ်မွန့်  ရဲ့ အော်သံ ပန်ချီကား (Evard Munch-The Scream) မှာဆိုရင် ကြည့်စရာမှန်ကူကွက်တွေ သိပ်များတယ်၊ အရူးထပြီးအော်သလား ၊ တစ်ယောက်ယောက်က နောက်က သေနတ်နဲ့ များလိုက်နေသလား ၊ စတဲ့ လားပေါင်းများစွာ ရှိပေမဲ့ တစ်ခါခါလူဟာ အင်မတန်သိမ်ငယ်လောက်အောင် ပတ်ဝန်ကျင်နဲ့ အရာအရာတိုင်းဟာ ကြောက်ဖို့ ကောင်းတယ် ဆိုတဲ့ ဘုံကျတဲ့ အမြင် တော်တော်များများ မှာ ရှိပါတယ်။ နောက် ရှိပ်စပီးယား ရဲ့  ရိုမီယိုဂျူလီယက် ကို စိတ်အားလျော့သူတွေ ၊ ပျော့ညံ့သူတွေ ၊ စတဲ့ ထောင့်တွေ ကမြင်လို့  ရပေမဲ့ အတ္တတွေကြားထဲမှာ ချစ်ခြင်းမေတ္တာတစ်ခုထဲ နဲ့ အရှုံးပေးလိုက်ရတဲ့ အဖြစ်အပျက်ဆိုတဲ့ ဘုံကျတဲ့ အချက် ရှိနေပါတယ်။ နောက်တစ်ချက် ဗူးဗွားရေးတဲ့ ရေပွက်ပမာ (မူရင်း မဖတ်ဖူး နာမည်မသိ) လို ဝတ္ထုမျိုး ဟာ ဆိုလဲ ထောင့်ကွဲပေါင်း များစွာက အန္တရယ် ရှိတယ်လို့ ထင်ရပေမဲ့ တကယ့်ဘုံကျတဲ့ ထောင့်မှာကတော့ မိခင်ကို ချစ်တဲ့ အတ္တနဲ့  လူတစ်ယောက်ကို သနားတဲ့ စိတ်တပြိုင်ထဲ ဖြစ်ပေါ်နေခြင်း ကို တွေ့ ရတယ်။ ဆရာမရေ ကျနော့ အမြင်တော့ Classic ဖြစ်ပါတယ် ဆိုတဲ့ ဝတ္ထုအများစုဟာ အချိန်ပေါ်မှာ မှီးပြီး ဖြစ်သွားတယ် ဆိုတာာထက် သူတို့ ထွက်လာကတည်းက စာရေးသူရဲ့  ခံစားချက်ခိုင်မာမှု၊ အနုပညာအားနဲ့  ခေတ်( ဝတ္ထုထဲမှာ ပုဂံဆိုပုဂံ ပီသ၊ သက္ကရာဇာ် ၃၀၀၀ ဆို ၃၀၀၀ ပီသမှု) ကိုပြဆိုနိုင်မှု တွေ နဲ့  ခေတ်ပြိုင်ခံစား မှု ကို ထည့်သွင်းနိုင်တယ် ဆိုရင် ဒီနော့ ဝတ္ထုထွက် နောက်နေ့  ဂန္ဓဝင် ဖြစ်သွားတယ် ထင်တာပါပဲ ဗျာ။ စာပေတစ်ခုပေါ် မှာ ဘောင်ခေတ်မြင်တာကို ရွံ့ နေရင် ကတော့ မာယာကော့စကီး ၊ ဒဂုံတာရာ ၊ ကြည်အေး ၊ ဂျူးဆိုတဲ့ လူတွေ ပေါ်ပေါက်လာဖို့  မရှိဘူးထင်တာပဲ။
နောက်တစ်ချက် အချိန်တော်တော်ကြာနမ်း ၊ခါးဖက်စတဲ့ စကားလုံး တွေ ကို ဖတ်လို့  မြန်မာ မဆန်ဘူး လို့ ပြောဖို့ အကြောင်း မမြင်မှုပါဘူး ။ ကျနော်တို့  မြန်မာတွေ လဲ နမ်းကြပါတယ်။ နောက် ဆရာမရေး တဲ့ ထဲက အနမ်းဟာ အကြောင်းအရာ ကိုသာပြပါတယ်။ ခံစားချက် ကို မပြဘူး (ဥမမာ။ ။ ဖူးနုနေတဲ့ သူမ နှုတ်ခမ်းတို့  .. ဘာညာဘညာ ဆိုပြီး) အနုစိတ်မှုန်းတာမျိုး မှ မဟုတ်တာ။
နောက်ဆုံး ဆရာမ ခေါင်းစဉ်ပြောင်းလိုက်တာ နဲ့ ပတ်သက်လို့  လေနုအေး၊ ဝတ်လစ်စလစ်လမ်းမ၊ ဝေါ့ဒစ္စနေး အပြာ ( စတဲ့ ဒဂုံတာရာ ရဲ့ စကားလုံး ထွင်ယူထားတာပါ) နောက် ကျနော်ကရော ဘာများတတ်နိုင်မည် လဲ (ဆရာဗန်မော်တင်အောင် ရဲ့ ဇာတ်ကောင်တွေ သုံးလေ့ရှိ) ဆိုတာမျိုးတွေ ကတော့ မူပိုင် ကိစ္စ Credit ကိစ္စ ရှိမယ်။ နေ့ လယ်စာ လို ဟာ မျိုး မွန်းလွဲစာ ဆိုတာမျိုးဟာ ကျနော်တို့  ပင်ရင် ဘာသာစကားထဲက စကားလုံးတွေ ဖြစ်လို့ နာမည်တူမှာတော့ စိုးရိမ်ဖို့ မလိုဘူးထင်တယ် ခုန ကျနော်ရေး ခဲ့တဲ့ အင်မတန် နာမည်ကြီးပါတယ် ဆိုတဲ့ The Scream ဆိုတဲ့ခေါင်းစဉ်နဲ့ တခြား ပန်ချီဆရာတွေ ဆွဲတဲ့ တခြားကားတွေ ရှိတယ်၊ နောက် အမေ ဆိုတဲ့ နာမည်နဲ့  ဝတ္ထုတွေ ၊ Gone With The Wind ဆိုတာ မျိုးဆိုရင်တော့ တစ်မျိုးပေါ့........The Lunch ဆိုတာ Clude Monet ရဲ့ နာမည်ကြီး ပန်ချီကား တစ်ကားလဲ ရှိတာပဲ။
မျက်စိတော်တော် ညောင်းသွားပြီး ထင်ပါတယ်။ ကျနော့ ကော့မန့် က ဆရာမရဲ့ အယူအဆ ၊ ယုံကြည်ချက် အပေါ် တစ်ခုခု အနှောက်အယှက် ဖြစ်မယ် ဆိုရင် တောင်းပန်ပါတယ်။ ကျနော်က စာဖတ်သူတစ်ယောက်ရဲ့  အမြင်ကို ပြောတာဖြစ်ပါတယ် ခင်ဗျာ။ စိတ်ရှည်ရှည်နဲ့  ကျနော့ပေါက်ကရတွေကို ဖတ်ပေးလို့  ကျေးဇူးပါ ဆရာမ။ (ကန်းစွန်းရွက်ကြော်တော့ စားချင်တယ် ဆရာမ)
စာဖတ်သူ

Yan said...

ညရောက်နေပေမယ့် မွန်းလွဲစာကို ပြန်လာခံစားမိတယ်.

ဒီကော်မန့်လေးက ကလပ် ဆိုတဲ့စာစုလေးကို သေသေချာချာပြန်ဖတ်မိပြီး ခံစားမိတာကို လာရေးမိတာပဲ ဆိုပါတော့ဗျာ.

ကျွန်တော့်အမြင်မှာတော့ ခွေးမွေးမှ ကလပ်ထဲ ၀င်ရမယ်ဆိုတာနဲ့ ခွေးရှိတိုင်း ကလပ် အဖွဲ့ဝင်ကောင်း ဖြစ်မဖြစ်ဆိုတာကို မလေး သိပ်မပြောသွားဘူးလို့ထင်တယ်. နောက်ထပ် ဘာမက်ဆေ့ခ်ျများပေးဦးမလဲလို့ သေသေချာချာ လိုက်ဖတ်ကြည့်သေးတယ်.

နောက်တော့လည်း ကိုယ့်ဖာသာကိုယ်ပဲ ပြုံးမိလိုက်ပါတော့တယ်.

မလေးက ပညာသားပါပါနဲ့ Prism Angle တစ်ခုကို ဖန်တီးပေးခဲ့တာဆိုတာကို ကျွန်တော် Prism ရဲ့ အပြင်ဖက် ခဏထွက်မိလိုက်တဲ့အချိန်မှာ သိလိုက်ရတယ်.

နောက်ဆုံး အဆုံးသတ်က Ironic ဖြစ်သွားသလားလို့တော့ ထင်မိတယ်.

ဘာလို့လဲဆိုတော့ ခွေးပိုင်ရှင် နှစ်ယောက် မြတ်မြတ်နိုးနိုး နမ်းနေချိန်မှာ ခွေးနှစ်ကောင်ကတော့ တစ်ကောင်နဲ့တစ်ကောင်ကြည့်ရင်း မာန်ဖီနေကြတယ်တဲ့…

ဘာပြောချင်တာလဲလို့ ကျွန်တော်ဆက်တွေးမိတယ်.

ခွေးပိုင်ရှင်နှစ်ယောက် ရင်းနှီးမှုရဖို့အတွက် ခွေးနှစ်ကောင်ဟာ တစ်ကောင်နဲ့တစ်ကောင် မတည့်ဘဲနဲ့၊ တည့်စရာ မလိုဘဲနဲ့ အသုံးချခံလိုက်ရတာလား

သို့မဟုတ်…

ခွေးနှစ်ကောင် ရင်းနှီးခင်မင်စရာမလိုဘဲနဲ့ ခွေးရှိတယ်ဆိုတဲ့ တူညီတဲ့ ဘုံခံစားချက်တစ်ခုစီ ရှိတာနဲ့ အဲဒီ့ခွေးတွေရဲ့ ပိုင်ရှင်တွေ ခင်မင်နီးစပ်ဖို့ အခွင့်အလမ်း ရစေနိုင်တာကို ဆိုလိုတာလား…

သို့မဟုတ်…

အောက်က ခွေးနှစ်ကောင် ဘာပဲ ဖြစ်နေနေ သူတို့ကို ထိန်းချုပ်ထားတဲ့ မာစတာနှစ်ယောက် အဆင်ပြေနေဖို့က ပိုအရေးကြီးတယ် ဆိုတဲ့ သဘောကို ညွှန်းဆိုချင်တာလား…

ကျွန်တော့်ရဲ့ Prism Angle ထဲက အတွေးတစ်ချို့ပါ..

အချိန်တန်လို့ မလေးရှင်းပြပေးနိုင်ရင်တော့ ပိုကောင်းတာပေါ့ဗျာ. တစ်ခြားသူတွေရဲ့ ရှုထောင့်တွေကိုလည်း ကျွန်တော်စောင့်ဖတ်ပါဦးမယ်.

ဒီဒိုင်ယာလော့ဂ်လေးတွေက တကယ်ဖြစ်သွားခဲ့တာလား၊ စိတ်ကူးနဲ့ ရေးထားတာလေးတွေလား ဆိုတာလေးကိုပါ စပ်စပ်စုစု စဉ်းစားနေမိသေးတယ်.

ဟတ်ဟတ်ဟတ်..

Happy Easter Monday ပါ မလေး…

Anonymous said...

အိမ့်ရေ
အစ်မပြန်လှည့်ဝင်လာပြန်ပြီနော်။ အစ်မဆိုလိုတာက စာလုံးပေါင်းလေးသတိပေးရုံပါ။
ခေါင်းစဉ်မှာမို့ လို့ ပြောရတာပါ။ အခြားဟာတွေကတော့မှားလဲမမြင်သာဘူးလေ။
ပို့ စ်ခေါင်းစဉ်တူတာကတော့ စာဖတ်သူ (စာရေးသူလို့ သာခေါ်လိုက်ချင်ရဲ့) ပြောသလို
တို့ တွေရဲ့ အများပိုင်စကားလုံးတွေမို့ ပြင်ဖို့ လောက်တော့မလိုပါဘူး။ ကိုယ်ကိုယ်တိုင်က
တူတာမကြိုက်လို့ ပြောင်းလိုက်တာမျိုးပဲအစ်မယူဆမိပါတယ်။
နောက်ဒီမွန်းလွဲစာပို့ လေးကလဲအိမ့်ရဲ့ရှေ့ ကပိုစ်ဖြစ်တဲ့ “ကလပ်”ဆိုတာကို ပြန်လည်သုံး
သပ်နေတာမို့ အဲဒီပို့ လေးအကြောင်းလည်းတစ်လက်စတည်းနည်းနည်းပြောကြည့်လိုက်
ဦးမယ်နော်။ အဲဒီ“ကလပ်” ဆိုတာကိုကမွေးစားစကားလုံးဖြစ်နေပြီလေ။ မြန်မာစာမှာက
“ကလပ်” ဆိုရင်“ကြာကလပ်နဲ့ စွမ်းတော်တင်” ဆိုတာမျိုး အထွဋ္ဋ်အမြတ်ထားတဲ့အရာမို့ 
ဒီခေါင်းစီးလေးစဖတ်မိတုန်းကမြန်မာဆန်တဲ့အိမ့်တော့ဘာအကြောင်းတွေများအထွဋ္ဋ်အ
မြတ်ရေးတော့မလဲလို့ ဖတ်ကြည့်လိုက်တော့မှာအင်္ဂလိပ်စကားလုံးကိုတိုက်ရိုက်ရေးထား
တဲ့ကလပ်ဖြစ်နေတယ်လေ။ ဒီတော့နိုက်ကလပ် တို့ ဘာတို့ ကိုကိုယ်တိုင်ဝင်မနွဲဖူးပေမယ့်
သဘောသဘာဝသိထားသူမို့ ခေတ်မီမီတွေပဲရေးတော့မယ်ဆိုတာတွေးမိလိုက်ပါတယ်။
ဒါကြောင့် ကလပ်ဝင်နှစ်ဦးနမ်းကြတာမဆန်းတော့ပါဘူး။ ဒါပေမယ့် အဲဒီအနမ်းကိုရှုင်းရှင်း
ပြောရရင် အစ်မတော့ခံစားလို့ မရဘူး။ နမ်းတဲ့အချိန်အခါ၊ နေရာဒေသ၊ သူတို့ တွေ့ ကြတဲ့
ရည်ရွယ်ချက်တွေကနမ်းခြင်းနဲ့ စရမယ်ဆိုရင်လည်းသဘောလောက်ပဲနှုတ်ဆက်နမ်းလေး
ပဲဖြစ်သင့်လားလို့ ။ ဒါကလည်းရေးနေသူကိုယ်တိုင်ကြုံခဲ့ရတာကိုရေးတာမဟုတ်လို့ ရုပ်တိ
ဗေဒတွေနဲ့ ဆန်းစစ်ရင်တော့နည်းနည်းလေးပေါ့တော့တော့လေးဖြစ်နေတယ်။ကလပ်ကို
လာတဲ့နံနက်တိုင်းပဲအဲလိုအကြာကြီးနမ်းနေကြတာလား။ ချစ်သူတွေပီပီ ကိုယ်ပိုင်အချိန်
လေးတွေကြမှနမ်းရင်တော့ပိုပြီးသဘာဝကျကျရင်ခုန်စရာ၊ သိက္ခာရှိရှိအနမ်းလေးတွေဖြစ်
မယ်။ ဒီနေရာမှာသိက္ခာဆိုတာကိုတော့ထည့်သင့်တယ်လို့ မှန်းပြီးပြောလိုက်တာပါ။ အစ်
မတော့အနောက်နိုင်ငံတွေမရောက်ဖူးပေမဲ့ သူတို့ ကပိုပြီး စမက်ကျကျနေလေ့ရှိတာတော့
မှန်းလို့ ရပါတယ်။
ဒါမှမဟုတ်ချစ်သူဟောင်းရှေ့ မှာမို့ ရွဲ့ ပြီးများအကြာကြီးနမ်းနေတာလားမသိဘူး။ ဒါက
လည်းမြန်မာ့အတွေးနဲ့ တွေးလိုက်တာပါ။ နမ်းရုံလောက်ကတော့သူမရဲ့ရည်စားဟောင်း
ကပျင်းတောင်ပျင်းသေးတယ်တဲ့။
ပျင်းလို့ အိမ့်ဘလော့မှာရှည်ရှည်ဝေးဝေးတွေလာလေကန်နေတာပါ။ ကိုယ့်ဘလော့တောင်
ကိုယ်လှည့်မကြည့်မိဘူး။ ချစ်တာ..ချစ်တာ..အိမ့်ကိုလေ။ ဂွဒ်နိုက် အိမ့်ရေ။

ကလိုစေးထူး said...

မရောက်တာ ကြာလို့ လာဖတ်တော့ `မွန်းလွဲစာ´ နဲ့ တည့်တည့်တိုးတယ် တပြည်သူရေ…။ စာကို ဖတ်ကြည့်တော့ `ကလပ်´ ကိုပါ ဆက်ဖတ်ဖို့ လိုအပ်ပြန်တာနဲ့ ကလပ်ကို အရင်ဖတ်ပြီးမှ မွန်းလွဲစာကို ထပ်ဖတ်…။ နှစ်ခုစလုံးကိုဖတ်ပြီးတော့ ကွန်မန့်တွေလဲ ဆက်ဖတ်မိ…၊ တွေး…၊ ငေး…ပေါ့။

လင်း said...

မရောက်ဖြစ်တာကြာပြီမို့  မွန်းလွဲစာ အပါအ၀င် အားလုံး
ကို မြိန်ယှက်စွာ စားသုံးသွားပါကြောင်း

စိုးထက် - Soe Htet ! said...

ရေးတဲ့ လူကောင်းတော့ မှတ်ချက်ကောင်းကောင်းတွေပါ ဖတ်ရတာပေါ့ ... ကျေးဇူး :)
ဒါနဲ့ အကုန် ဖတ်သွားပါတယ် :P

Anonymous said...

ဧပရယ် ၁ ရက် အရောက်လာ၏။ နှစ်သစ်ကို စိတ်သစ်နဲ့ ကြိုဆိုကြပါစို့
http://goldmyanmar.myanmarbloggers.org

LinkWithin

Related Posts Plugin for WordPress, Blogger...