မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Sunday, March 16, 2008

နေရာတိုင်းမှာ

နေရာတိုင်းမှာ မင်းရှိတယ်..
လူတွေက ကိုယ်တို့နှစ်ယောက်ခွဲရလို့ အကုန်ဝိုင်းပြီး သနားကြတယ်လေ...


2 comments:

Anonymous said...

ဆရာမရေ
ကျနော် ဘိုထီး သီချင်းလေးတွေ နဲ့ ပတ်သက်တဲ့ ကော့မန့် ရေးချင်တာ ကြာပေါ့။ ဆရာမက ကလပ် ခေါ်သွားလိုက်။ ထမင်းဆိုင် ထဲခေါ်သွားလိုက်နဲ့ ဆိုတော့ မရေးဖြစ် တော့ဘူး။ ကျနော် ဦးခမ်းလိတ်၊ ဘိုထီး တို့ ရဲ့ ဖန်တီးမှုတွေ ကို အနုပညာ အရတင်မဟုတ်ပဲ လူဆန်လွန်းတဲ့ အတွက် ပိုပြီး သဘောကျတယ်။ နောက်သီချင်း တစ်ပုဒ်စီရဲ့ နောက်မှာ ဇာတ်လမ်းလေး တစ်ပုဒ်ဖွက်ထား သလိုပဲ။
အင်းယား အတွက်သီးချင်းတစ်ပုဒ်
ကိုယ့်အချစ်နဲ့ အရာရာကို အကောင်းအတိုင်း ဖြစ်စေမယ်
မောင့်လပြည့်ဝန်း (ဒီတစ်ပုဒ်ကတော့ ကိုနေဝင်း ရဲ့ Master Peace ပါ)
အပြာရောင်မျက်ရည်
နောက်ဆုံးသီချင်း
သခင့်ဆီ အပြေးပြန်လာမည်
နောက် အများကြီးပဲ.....နောက်လေ သီချင်းရေး ဆရာ တော်တော်များများ အဆိုတော် တော်တော်များများ စတီရီယိုခေတ်ဦးကနေ ခုချိန်ထိ သိပ်မဆိုရဲ မရေးရဲတဲ့ လူပီသတဲ့ မေတ္တာတရား ကို မြင်နိုင်တဲ့ သီချင်းလေးတွေ အများကြီး။ နောက်တစ်ခုက လက်တွေ့ ဘဝ နဲ့  မကင်းကွာဘူး။ သိပ်လူဆန်တယ်။ အနုပညာ အရလှအောင် ဟိုးအရင် ခေတ်က "မောင်မောင် နဲ့  နောက်ဘဝ ပေါင်းမယ် ..." ၊ "နေရောင်အောက်က တို့ ရဲ့ ဘဝမျိုးထဲ....." ဆိုတာမျိုး ၊ တကယ် ရင်နင့်စရာ နဲ့  ကဗျာဆန်ဆန်သီးချင်း မျိုးတွေ ရေးလေ့ရှိပါတယ်။ တကယ့်လက်တွေ့ မှာတော့ လွယ်ဘူးလေ......
တကယ်ထူးထူးခြားခြား ယောင်္ကျားတစ်ယောက်ရဲ အချစ်ပေါ်မှာ ထားတဲ့ စိတ်ကို ပြဆိုနိုင်တဲ့ သီချင်း
ပချုပ်ဆိုင်ဘက်ထဲ က အခန်းဆီးဇာ မလို့ ကြည့်လိုက်ရင် ဆိုတာနဲ့ စတဲ့ သီချင်း။
ထင်ပါတယ် အကြောင်း အမျိုးမျိုး ကြောင့် ချစ်သူကို စွန့် လွတ်ဖို့  မိန်းမ ( ပချုပ်ဆိုင် မှာ)၊ အရက်(ဗျစ်ရည်ဆိုင် မှာ) စတာတွေ နဲ့  ဘယ်လိုပဲ အစားထိုး အစားထိုး ...
နောက်ဆုံးတော့ သခင့်ဆီ အပြေးပြန်လာမည် ဖြစ်ရတာပဲ....။
စာဖတ်သူ

တစ်ပြည်သူ အိမ့်ချမ်းမြေ့ said...

ဟုတ်ကဲ့ စာဖတ်သူရေ..
ကျွန်မ ကွန်မင့်တွေ သိပ်ပြန်လေ့မရှိပါဘူး။ ကိုယ့် ဘလော့ ကိုယ်တိုင် မရောက်တာကြာတာလဲပါပါတယ်.. အခုတော့ ငယ်ငယ်က ကြားနေကျ၊ ဆိုနေကျ သီချင်းလေးတွေ ပြန်မြင်လိုက်ရတော့ ငယ်ဘ၀ကိုလွမ်းသွားတာနဲ့ ရေးမိတယ်ဆိုပါတော့ရှင်…။ အထူးသဖြင့် “မောင်မောင်နဲ့ နောင်ဘ၀ပေါင်းမယ်” ဆိုတဲ့ သီချင်း…
ကျွန်မတို့နေတဲ့ နေရာက ရေကန်ပေါ်မှာ ကြီးဒေါ်တွေခေတ်တုန်းကတော့ ဘင်ဂျိုသံစည်ကားခဲ့မှာပေါ့… ကျမတို့ခေတ်ရောက်တော့ ကန်ပတ်ပတ်လည်က ဂစ်တာသံဖုံးခဲ့တယ်.. မတောက်တခေါက် တယောသံလဲ ဂစ်တာသံနဲ့အတူ ရံဖန်ရံခါ ပါလိုက်ပါသေးတယ်.. မသိရင် လူကို စာကျက်မရအောင် ညစဉ် အသံနဲ့ .. တမင်လာနှိပ်စက်နေသလိုပါပဲ..။

ဒါပေမယ့် “မောင်မောင်နဲ့ နောက်ဘ၀ပေါင်းမယ်”ဆိုတဲ့ သီချင်းကြားရင်တော့ စာအုပ်တွေပိတ်လို့ မလှုပ်တော့ပဲ ငုတ်တုပ်ထိုင်နားဆင်ဖူးပါတယ်…။ အဆိုရှင်ကလဲ အသံတော်တော်ကောင်းတာကိုး.. သူ့ခမျာငွေကြေးမပြည့်စုံလို့ အဆိုတော်ဖြစ်မသွားခဲ့ရှာပါဘူး။ အခုတော့လဲ ရန်ကုန်မြို့ရဲ့ ဆင်ခြေဖုံးရပ်ကွက်လေး တစ်ခုမှာ.. … ဒီသီချင်းတွေကိုတောင် သတိရနိုင်တော့မယ် မထင်ပါဘူး။

"မောင်မောင် နဲ့  နောက်ဘဝ ပေါင်းမယ် ..." ၊ "နေရောင်အောက်က တို့ ရဲ့ ဘဝမျိုးထဲ....." “အမြင့်ဆုံးမှာ ထားချင်တယ်” ဆိုတာမျိုးတွေက စွန့်လွှတ်သွားတဲ့ အချစ်တွေရဲ့ ပြယုဒ်ဖြစ်သလို… “သခင့်ဆီ အပြေးပြန်လာမည်” စတဲ့ သီချင်းတွေကတော့ ပိုင်ဆိုင်ရန်ကြိုးစားသော အချစ်တွေရဲ့ ပြယုဒ်တွေဖြစ်နိုင်ပါတယ်..

မည်သို့ပင်ဖြစ်စေ………
Oxytocin တွေကြောင့် သာမိုဒိုင်နမစ်တွေ လည်ပတ်နေသမျှ ကျွန်မတို့ လူ့ခန္ဒာကြီးအတွင်းက ခံစားချက်များကို ပုံဖော်သော ဂီတ၊ အနု တွေ ပေါ်နေဦးမှာပါပဲ..

LinkWithin

Related Posts Plugin for WordPress, Blogger...