မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Tuesday, February 05, 2008

နောက်ဆုံးလက်ကျန် ငါးကြော်ကိုရှင်းခြင်း

Maung Tin Yu has left a new comment on your post "ငါးကြင်းဆီနှင့် ငါးကြင်းကြော်ခံရခြင်း":

ကျွန်တော်ဘာမှဝင်ရောက်ပြောဆိုခြင်း
မလုပ်ချင်ဘူး၊ဘာလို့ လည်းဆိုတော့ နိုင်ငံအနှံမှာရှိသောရုပ်ရှင်သူရုပ်ဆောင်တွေ၊ဒါရိုက်တာ
တွေ၊ရိုက်ကြပါတယ်၊ သမိုင်းတို့  ဖြစ်ရပ်မှန်တို့ ကိုအခြေခံသောဇတ်ကားတွေ၊ဒါကြောင့် 
ရုပ်ရှင်ကိုရှင်ရှင်လိုဘဲမြင်တာရယ်၊ သူအလုပ်သူလုပ်သွားကြတာလိုဘဲမြင်ထားကြတာရယ်
ကြောင့်ပါ၊
သို့ ပေမဲ့ ပြောစရာကြီးမားသောအကြောင်းကရှိနေတယ်
မြန်မာနိုင်ငံဟာဘယ်တုံးကများပြဌာန်တာပါလည်း " ဗုဒ္ခဘာသာကိုနိုင်ငံတော် ဘာသာအဖြစ်၊
ဘာလို့ လည်းဆိုတော့ စာရေးသူကပြောတဲ့(နိုင်ငံတော် ဘာသာဖြစ်တဲ့ ဗုဒ္ခဘာသာကို မကိုးကွယ်တဲ့ ကရင်တွေသာမက အခြားသော ဗမာများနဲ့ လူမျိုးစုတွေအတွက်ပါ ဆိုးသွားနိုင်ပါတယ်)
ကျေးဇူးပြုပြီးရှင်းပြပေးပါ၊
လိုအပ်ရင်လည်းအမှားပြင်ဆင်ချက်လို့ ရေးပေးပါ။
Posted by Maung Tin Yu to သံစဉ်မဲ့အလင်္ကာများ at 3:58 AM

ဦးတင်ယုရှင့်..

With the end of colonialism, Buddhists argued that just as in the days of the Burmese kings, there was the need now for the independent government to assume the special role of “promoter of faith”.9 In the year of Myanmar’s Independence, 1948, U Nu, a devout Buddhist, became the Prime Minister. On September 26, 1959, a General Parliamentary election registered a landslide victory of U Nu’s party (AFPFL), which promised to make Buddhism the state religion. Despite some opposition, U Nu fulfilled his promise, and in 1961 the Constitution was amended making Buddhism the state religion……
………………………………..
………………………………..

d) The Church under the Revolutionary Council (1962-1974) and Socialist Government (1974 – 1988)
On March 2, 1962, General Ne Win and his Revolutionary Council seized power. Under Ne Win’s regime, church and state were kept separate. Ne Win decreed U Nu’s declaration of Buddhism as the state religion to be null and void.
http://www.cca.org.hk/resources/ctc/ctc04-12/ctc04-12t.htm

ဦးနအစိုးရသည် အများပြည်သူ လက်ခံတင်မြောက်ထားသော အစိုးရဖြစ်သည့်အားလျော်စွာ ဥပဒေဖြင့် ဗုဒ္ခဘာသာကို နိုင်ငံတော်ဘာသာအဖြစ် constitution amend လုပ်လိုက်ပြီး ဖြစ်ပါသည်။ နေ၀င်းအစိုးရသည် လူများလက်ခံမတင်မြောက်ထားသော တရားမ၀င် အစိုးရဖြစ်သည့်အတွက် Buddhism ကို state religion အဖြစ်မှ decree နှင့် null and void လုပ်လိုက်ခြင်းကိုလဲ တရားမ၀င်ဟု ကျမ ယူဆသောကြောင့် နိုင်ငံတော်ဘာသာဟု ရေးခြင်းဖြစ်ပါသည်။ ကျွန်မ၏ နေ၀င်းအစိုးရကို တရားဝင်အစိုးရဟု မသတ်မှတ်သော ခံယူချက်ကြောင့်ကျွန်မ အမှားပြင်ဆင်ရန်မလိုပါ။

သည်ကိစ္စသည် တစ်ဦးချင်းစီ၏ သတ်မှတ်ချက်အပေါ်တွင် မူတည်ပါလိမ့်မည်။ ဗုဒ္ခဘာသာကို နိုင်ငံတော်ဘာသာမဟုတ်ဟု ယူဆလိုက်လျှင် နေ၀င်းအစိုးရကို လက်ခံခြင်းပဲလားဟု မေးခွန်းထုတ်စရာရှိသော်လည်း ဆက်လက်ပြီး အချိန်ကုန်မခံလိုတော့ပါ။

ဒေါက်တာလွမ်းဆွေ ဘလော့ဂ်တွင် ကော့မန့်ရေးထားသော ဘိုထိုင်ကိစ္စ analogy ကိုလဲ current situation ကို ကိုယ်စားမပြုဟု ထင်မိပါသည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာ ကတည်းက မြန်မာပြည်ရှိ အစိုးရအိမ်များနှင့် အခြားသော အိမ်များတွင် ဘိုထိုင် ရှိပြီးဖြစ်ပါသည်။ မြန်မာပြည်မှာပင်လျှင် မွေးကတည်းက ဘိုထိုင်နှင့် ထိုင်လာသူများရှိပါသည်။ relevant မဖြစ်ပါရှင်။ ဘိုထိုင် ကိစ္စလဲ ဆက်လက်ပြီးလဲ အချိန်ကုန်ခံ ရေးသားတော့မည်မဟုတ်ပါ။ တော်တော်လေး ကလေးကလား ဆန်သည်ဟု ထင်လို့ပါ။

အခြားသော ဖရုသ၀ါစာ ကော့မန့်ရေးသူများ၏ မှတ်ချက်များကိုလဲ
(၁)တန်ဘိုးတစ်စုံတစ်ရာမရှိပဲ၊ ကျွန်မအတွက်လဲ ပညာတိုးပွားစေမည်ကွန်မင့်များ မဟုတ်ပါက၊
(၂) ယဉ်ကျေးသော်လည်း လူမျိုးရေး ဘာသာရေး ပဋိပက္ခတစ်စုံတစ်ရာ ဖြစ်စေနိုင်သည်ဟု ကျွန်မယူဆလျှင် (မှန်သည်မှားသည်ထက် ကျွန်မထိုသို့ယူဆလျှင်)
အခြားစာဖတ်သူများကို လေးစားသည့်အနေနှင့် ကျွန်မ၏ ဘလော့ဂ်ပေါ်တွင် တင်ပြမည် မဟုတ်ပါကြောင်း ၀မ်းနဲစွာပြောကြားလိုပါသည်ရှင်။

ကျွန်မအတွက် အမုန်းခံပြီး ကြားထဲမှ ရေးသားနေသော သူငယ်ချင်း မိတ်ဆွေများ၊ အီးမေးလ်ပို့ပြီး အားပေးသူများအားလုံးကို ကျေးဇူးတင်ရှိပါသည်။ ကျွန်မ ဒီဘလောဂ် ကိစ္စလုပ်နေတာနဲ့ ရုံးပရိုဂျက်မမှီမှာစိုးလို့ အဲဒီဘက်ကို အာရုံစိုက်မည်ဖြစ်ကြောင်း၊ သူငယ်ချင်းများ စိတ်မပူကြရန်…
(ဘာမှမဖြစ်ဘူး အေးဆေးပဲ.. စိတ်မပူကြနဲ့နော်..။ ရုပ်ရှင်ကိုဝေဖန်တာ ရမ်ဘိုကိုဝေဖန်တာ ဘာတွေဘယ်လိုဖစ်.. ဆုံဆုံခွေ့ တွေနဲ့တွေ့ရတယ်လို့နော်.. အော်.. အမှတ်တယပါပဲလား)
စိတ်မညစ်နဲ့နော်.. ကဗျာပဲဆက်ရေးတော့နော်.. ညီမလေးဟု အီးမေးလ်ပို့သူ အစ်မတစ်ဦးတွက်.. ဟဲဟဲ.. စတာပါအမရေ..။

7 comments:

မိုးထက်နေ said...

နိုင်ငံတော်ဘာသာဆိုတဲ့ ကိစ္စကို အစတစ်ခု အနေနဲ့ ဆွဲထုတ်လာပြီဆိုတော့လဲ
ကျနော်ပြောနိုင်သလောက်ဝင်ပြောပါရစေ
စစ်အုပ်စု အနေနဲ့  ဗုဒ္ဓဘာသာ ကို နိုင်ငံတော်ဘာသာ အနေနဲ့ တရားဝင် ပြဋ္ဌန်းထားချင်း မရှိပါဘူး
ဒါပေမဲ့
DSA မှာ အစ္စလမ်ဘာသာ ဝင်တွေကိုလက် မခံပါဘူး
ခရိယန်ဘာသာဝင်တွေ ကိုလဲ အကန့် အသတ်နဲ့ သာ လက်ခံပါတယ် (ကျနော်သိသလောက်ရာထူးတက်ဖို့ မလွယ်ပါဘူး)
နောက် သေချာတာက တပ်အရာရှိဗုဒ္ဓဘာသာတွေ ကိုယ်တိုင်တောင် ဘာသာခြားကို ယူရင် ရာထူးမတတ်တော့ပါဘူး ။
နောက် သပန (သိပ္ပံနဲ့ နည်းပညာဝန်ကြီးဋ္ဌာန၊ ) လယ်ဆည် (လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဋ္ဌာန) လို နိုင်ငံခြား
ပညာတော်သင်ရှိတဲ့ ဝန်ကြီးဋ္ဌာနတွေ မှာ လဲ ဗုဒ္ဓဘာသာက လွဲလို့  ကျန်တဲ့ ဘာသာဝင်တွေကို ပညာတော်သင်စေလွတ်ခြငး မလုပ်ပါဘူး ။
အဲဒီတော့ စာရွက်ပေါ်မှာတော့ ဗုဒ္ဓဘာသာကို နိုင်ငံတော် ဘာသာအနေနဲ့  မပြဋ္ဌာန်းထားဘူးပေါ့ဗျာ....
လက်တွေ့ မှာတော့ ... ဘယ်လို ခေါ်ရမလဲ
ကျနော် တို့  မြန်မာနိုင်ငံ မှာ ဦးနု အစိုးကစ လို့  လက်ရှိ နအဖ ထိ ဘာသာရေးကို လိုအပ်ချက်အရ အသုံးချနေတာလို့ ပဲ ကျနော်တော့ မြင်တယ်။
ဖစပလ က စလို့  နအဖ ထိ လုပ်သွား တဲ့ ဘာသာရေး၊ လူမျိုးရေး ပေါ်လစီတွေ ဟာ ဒီမိုကရေစီ အစိုးရမင်းများလက်ထက်ထိ ထိခိုက်မယ်လို့  ထင်တယ်ဆိုရင်တော
နည်းနည်း အစိုးရိမ်ကြီးရာ ကျမနေဘူးလား ဗျာ။

မိုးထက်နေ said...

အိမ်ချမ်းမြေ့ 
ဘာသာရေး Issue တွေ ကို ဆွလာတိုင်းသိပ်မပြောစေချင်ဘူး ဗျာ။ ဘာသာရေးကနေ လူမျိုးရေးတွေ ၊ တိုင်းရင်သား ကိစ္စတွေ ပါလာမယ်။ Equality ပဲကောင်းပါတယ်။ ကိုးကွယ်ယုံကြည် မှုတိုင်းမှာ အလှတရားတွေ ရှိပါတယ်။ ကျနော် စေတနာ နဲ့ ပြောတာပါ....အဓိက က လူလူချင်း အသိမှတ်ပြုရေး က အရေး အကြီးဆုံးပဲလို့  ကျနော်မြင်တယ်။
မိုးထက်နေ

Anonymous said...

To whoever said in previous comment section, after missionaries left, people from that country become maid servants or prostitutes. Let me point out to you one thing. How about Thailand???? There were no missionaries there in the past like you said about Phillipines to my knowledge to convert them into other religions but but but....most of the girls are........well go and see for yourself. And the whole world know what those girls do for a living. I wonder what religion do they practice actually.

Another thing is, what about USA? This country is founded by the group of missionary people who were searching for religious freedom from England. So with that in mind, are all american people become maids and prostitutes because of missionary people? Don't be narrow minded. Respect other religion.

LAN

မင်ကနော် said...

တပြည်သူရေ

ကျနော် မင်ကနော် ပါ။ တပြည်သူရဲ့ စာဖတ် ပရိသတ်တဦးပါ။ "ငါးကြင်းဆီနှင့် ငါးကြင်းကြော်ခံရခြင်း" အတွက် မှတ်ချက် ပေးပါရစေ။ စာရေး စာဖတ်ခြင်းနဲ့ တွေးခေါ်မျှော်မြင်မှုများအတွက်လည်း လေးစားမိပါတယ်။ ကောင်းနိုးရာရာ စာအုပ်တွေ ကိုလည်း တင်ထားပေးပါလို့ တောင်းဆိုပါရစေ။(မြန်မာ စာအုပ်များ)

ဒီလိုဖြစ်လာတော့မယ်ဆိုတာကို သိပြီးသားပါ။
ဒါကြောင့်လည်း စာရေးသူအတွက် ကျနော့်အမြင်ကို အကြံဆွေးနွေးပြီးသားပါ။
ဒီတစ်ခါတော့ စာဖတ်သူ၊ ထင်မြင်ချက်ပေးသူတွေကို ဆွေးနွေးပါရစေ။
စာတပုဒ်ကို ဖတ်ပြီးရင် သေခြာသုံးသပ်တတ်ဘို့လိုပါတယ်။
စာပါအကြောင်းအရာများအပြင် စာရေးသူကိုပါ ထည့်သွင်းစဉ်းစားဘို့လည်းလိုပါတယ်။
ထင်မြင်ချက်ပေးတဲ့နေရာမှာလည်း မိမိရဲ့ထင်မြင်ချက်ဟာ စာရေးသူ၊ စာဖတ်သူများအတွက်
အကျိုးရှိတဲ့ အပြုသဘောဆောင်မယ့် ထင်မြင်ချက်မျိုး ဖြစ်သင့်ပါတယ်။
စာဖတ်သူတွေခြားမှ ထင်ရောင်ထင်မှားဖြစ်စေမယ့် ထင်မြင်ချက်မျိုးကို မပေးသင့်ပါ။
ယ္ခု ဦးတင်ယုရဲ့ မေးမြန်းချက်သည် အချိန်အခါကို ထည့်သွင်းစဉ်းစားပြီးမှ မေးသင့်ပါသည်။
ရုပ်ရှင်ကို ရုပ်ရှင်လို ကြည့်တတ်သလို စာပေအနုပညာကိုလည်း စာပေအနုညာလို ကြည့်တတ်
ဖတ်နိုင်ကြစေရန် အပြုသဘော ဆွေးနွေးလိုက်ပါရစေ။

Yee Chann said...

To Anonymous,

You compare Thailand with Philippine? You said,
"What about Thailand?" Thailand is now prosperous and on the right path. Most of the girls in Thailand's brothels are from Where? Your missionary come to my country and convert these girls from the border areas and create the division and conflict among our people. Eventually they become the victims the conflict and escape into Thailand and were lured by the brothels.
Wherever the missionary went, they left pretty big mess. You unserstand what I am saying.
Try to understand the root cauese, my fellow countryman. OK.

You seemd to be so proud of your founding forefaters. What happend to the native Americans after the missionaries came to Amreica? Much Wrose than people from philipine and latin america becoming prostitues, maids and servants.

What is happening in Myanmar is nothing compare to what your forefaters did to the native Americas. In today's political language, GENOCIDE. OF COURSE THEY CONVERT SOME THE THE NATIVES TOO.
Now Natives are reclaiming and reviving their own culuure and religion.

you said:" respect other religion"
I and burmese people respect every religion of the world. But, stay where they belong, don't cross the line. don't come and covert us and create conflict and misunderstanding. RESPECT OUR RELIGION TOO.

We can't afford to lose our indentity.

Yee Chann.

Lan said...

Please tell me what happen to those Burmese girls in Rangoon (which is not even close to border) become prostitutes without missionaries. Some of them will do whatever you want just to have buffet.

I certainly not proud of anybody but believe in take advantage of opportunities that have to offer here in this country.

Ask native american, I mean not all of them to see if they go to college to get higher education to get better paying jobs. Not just boozing around at reservasation.
Thanks anyway.

တစ်ပြည်သူ အိမ့်ချမ်းမြေ့ said...

ကိုရေချမ်းနဲ့ Lan ရှင့်

Lan ရဲ့ ကော့မန့်ကို rebuttal အနေနဲ့ တင်ပြီးနောက် ဒီပိုစ်မှာ ကော့မန့်ဆက်တင်လို့ မရတော့ရန် ကျွန်မ ပိတ်လိုက်ပါပြီ မလိုအပ်သော ဘာသာရေး အငြင်းပွားမှု လုံးဝမဖြစ်စေလိုသောကြောင့်ပါ။ ဆက်လက်ဆွေးနွေးလိုကြပါက ဖိုရမ်များတွင် ဆွေးနွေးစေလိုပါသည်ရှင်။

Lan ရှင့်
လန်ရဲ့ နောက်ဆုံးဝါကျကို ကျွန်မ ဖျက်လိုက်ပါတယ်.. ကျမ မလိုလားအပ်သော အချင်းပွားမှုကို ကာကွယ်ရန်သာဖြစ်ပါတယ်..။

LinkWithin

Related Posts Plugin for WordPress, Blogger...