မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Monday, February 04, 2008

အသည်းကွဲဖူးပါတယ်…

ကျွန်မ အလုပ်စလုပ်သည့်နှစ်မှစပြီး ယခုအချိန်ထိ ၀င်ငွေထဲမှ ပေးလှုသော ငွေများသည် မြန်မာပြည်စစ်အစိုးရလက်ထဲသို့ တစ်ခါမှ မရောက်ဖူးခဲ့သော်လည်း ဒီမိုကရေစီအဖွဲ့အစည်းများ၊ လှု့မှုအဖွဲ့အစည်းများ၏ လက်ထဲသို့ရောက်ပါသည်။

ကျွန်မဘလော့ဂ်ပေါ်မှ ပိုစ်များသည် ဒီမိုကရေစီသမားများကို တစ်ခါမျှ မစော်ကားသော်လည်း လက်ရှိစစ်အာဏာရှင်ကို ဆော်ထားသော ပိုစ်များ ရှိနေပါသည်….။

သို့သော်…………….
……………………….
……………………….

ရုရှားရောက် စစ်သားများ၊ ပြည်တွင်းမှ စစ်သားများနဲ့ စစ်အာဏာရှင်များ၏ တံဆိပ်တပ်မှု၊ စောင်းမြောင်းပြောဆိုမှုများကို မခံရပဲ..
မိမိ ယုံကြည်သော၊ လေးစားသော၊ အားကိုးသော ဒီမိုကရေစီသမားများ၏ တံဆိပ်တပ်ခြင်း၊ စောင်းမြောင်းပြောခြင်းများကို ခံရသောအခါ…

ကျွန်မအတွက်.. စဉ်းစားစရာတစ်ခု ဖြစ်ခဲ့ရပါပြီရှင်…

ဟုတ်ကဲ့…
အသည်းကွဲဖူးပါတယ်…
အခု…
ပိုပြီးလဲ အသည်းကွဲပါတယ် ကိုမွှေးရေ…။

7 comments:

မိုးထက်နေ said...

ရုပ်ရှင်တစ်ခု ကို ရသစာေ၇းသူ တစ်ယောက်အနေ နဲ့  ဝေဖန်တာ ကို နှိုင်ငံရေး ပစ်မှု အသွင်တော်လှန်ရေး ပစ်မှုအသွင် တိုက်ခိုက်မှုမျိုး ဖြစ်သွားတဲ့ အတွက်...
ကျနော်တို့ လွတ်လပ်စွာရေးသားခွင့် ကိုတိုက်ပွဲဝင်ရင်း လွတ်လပ်မှုပြောက်ဆိုးနေပြီလို့  ခံစားရတဲ့ အတွက်....
ကျနော်လဲ အသည်း ကွဲရပါတယ် ...
အားလုံး နားလည်မှု ယုံကြည်မှု ပြန်လည်တည် ဆောက် ပြီ ရှေ့ ဆက် အသီးသီး ကို ရွေးချယ်ရာ ထောင့်ကနေ စစ်အာဏာရှင်ကို ဆက်လက် တိုက်ပွဲဝင်သွားနိုင်မယ် လို့  မျှော်လင့်တယ်။

Tina said...

အိမ်ချမ်းမြေ့ရေ

ကို မွှေးက ဘယ်သူရယ်လို့ မရေးထားပါဘူး

အသဲတော့ မကွဲပါနဲ့

ရုပ်ရှင်ကို ရုပ်ရှင်အတိုင်းအမှန်မြင်နိုင်ပါစေလို့ဘဲ ဆုတောင်းပါတယ်

Ko Paw said...

ဆောရီးဗျာ။ ကိုမိုးထက်နေနဲ့ ရမ်ဘို ကိစ္စ အမြင်ချင်းတူပေမယ့် အပေါ်က ထင်မြင်ချက်ထဲမှာ မှားယွင်းနေတဲ့ သတ်ပုံလေးတွေကို ပြင်ပေးလိုက်ပါရစေ။ စိန်ကောင်းကျောက်ကောင်းရောင်းတဲ့နေရာမှာ ဆေးရိုးသည် ကန့်လန့်ကန့်လန့် လုပ်တယ်ဆိုရင်လည်း ခံပါ့မယ်။

“ရုပ်ရှင်တစ်ခု ကို ရသစာရေးသူ တစ်ယောက်အနေ နဲ့  ဝေဖန်တာ ကို နိုင်ငံရေး ပြစ်မှု အသွင်တော်လှန်ရေး ပြစ်မှုအသွင် တိုက်ခိုက်မှုမျိုး ဖြစ်သွားတဲ့ အတွက်...
ကျနော်တို့ လွတ်လပ်စွာရေးသားခွင့်ကို တိုက်ပွဲဝင်ရင်း လွတ်လပ်မှုပျောက်ဆုံးနေပြီလို့  ခံစားရတဲ့ အတွက်....
ကျနော်လဲ အသည်း ကွဲရပါတယ် ...
အားလုံး နားလည်မှု ယုံကြည်မှု ပြန်လည်တည် ဆောက်ပြီး ရှေ့ဆက် အသီးသီး ကိုယ် ရွေးချယ်ရာထောင့်ကနေ စစ်အာဏာရှင်ကို ဆက်လက် တိုက်ပွဲဝင်သွားနိုင်မယ်လို့  မျှော်လင့်တယ်။”

ကောင်းကင်ကို said...

ကိုမိုးထက်နေ ပြောတာကို သဘောတူတယ်ဗျို့ ။ အဆင်ပြေပါစေဗျာ။

ခင်ဦးမြင့် said...

အ မ ရေ အမလောက်အေးတဲ့ ဘလော့ဂါ နဲ့ ဒီဘလော့ဂ်လေး အရင်လို ပြန်လည်အေးချမ်းပါစေ အမကို အတွင်းကြိတ်မနာလိုတဲ အထူးသဖြင့် မိန်းမတွေအပြော တွေ ကို ဂ ရု မ စိုက်ပါနဲ့
အ မ စာ များကို အဆင်စောင့်မျှော်လျက်ပါ

luepyin said...

အမရေ .. အတင်းပြော တာ တို့ ၊ ကိုယ် လူမျိုးချင်း အထင်သေးတာ တို့ ၊ မြေနိမ့် ရာလှံဝင် စိုက် တာ တို့ က ကျနော် တို့ မြန် မာတွေရဲ့ မွေးရာပါ ရော ဂါ ပါ ဗျာ
၊ လစ်လျှရှူ ထား လိုက် ပါ၊
ကျနော် တောင် သိသမျှ ဖတ်သမျှ လေး ကို ပြည်ပရောက် နိုင် ငံရေး follower လေး တွေ နဲ့ တခါတလေ ဝင် ပွား လိုက် တာ ၊ သာဂီ နွယ် နဲ့ အမျိုးတော် တယ် လို့ အတင်း တုတ် ခံ လိုက် ရ တယ်။ :D

Anonymous said...

မလေးရေ ... အမလည်း ထိုနည်းလည်းကောင်း အကြိမ်ကြိမ် အသည်းကွဲခဲ့ပေါင်း များပေါ့ ... ။ အားမငယ်ပါနဲ့ ... အမှန်တရားဟာ တို့တွေဘက်က ရပ်တည်ပါတယ် ... ။

MM

LinkWithin

Related Posts Plugin for WordPress, Blogger...