မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Friday, February 01, 2008

ငါးကြင်းဆီနှင့် ငါးကြင်းကြော်ခံရခြင်း

သည်ရုပ်ရှင် အဆုံးတော့ အနောက်နိုင်ငံသားတွေအမြင်ဟာ သူရဲကောင်းတွေဟာ မစ်ရင်နရီတွေ၊ ရင်အုံကြီးကြီးနဲ့ ရွှေရောင်ဆံပင်ပိုင်ရှင်တွေ နဲ့ ဗလကောင်းကောင်းနဲ့ မကောင်းမှုကို တိုက်ဖျက်တတ်တဲ့ မြောက်အမေရိကတိုက်သားတွေ။ သည်ရုပ်ရှင်ဆုံးတော့ ဥာဏ်တိမ်လွန်းလို့ ဘာမှသုံးစားလို့မရတဲ့သူတွေကတော့ ပုဇွန်ဦးနှောက်ပိုင်ရှင် တိုင်းရင်းသား လူမျိုးစုတွေ နဲ့ နေကာမျက်မှန်တကားကားနဲ့ အဆိပ်ငွေ့တွေ ရှုရှိုက်နေသူ ဗမာစစ်သားတွေ။ သည်ရုပ်ရှင်ဆုံးတော့ ရုပ်ရှင်ရဲ့ အနှစ်သာရ၊ နိုင်ငံရေးပြကွက် ဘာတစ်ခုမှ ရေရေရာရာမကျန်လိုက်။ ရုံထဲကထွက်လာမယ့် အသက်အစိတ်ဝန်းကျင် လူငယ်တွေရဲ့ နှုတ်က ‘they’re just a bunch of idiots” ဆိုတာကို ကိုယ်တိုင်မကြားပေမယ့်လဲ သိနေတယ်။ မြန်မာပြည်တစ်နိုင်ငံလုံးမှာရှိတဲ့ လူတွေ အားလုံးရဲ့ ပြဿနာကိုဖြေရှင်းနိုင်တဲ့ အရည်အသွေးမရှိခြင်း၊ အတွေးအခေါ်အမျှော်အမြင်နိမ့်ပါးခြင်း၊ အချို့ဒေသတွေမှာ လူမျိုးရေး ဘာသာရေး သဘောထားပြည့်ဝမှုနဲခြင်း စသည်တို့ကို ကမ္ဘာမှာ တင်ပြပြီး အရှက်ခွဲခံလိုက်ရတဲ့ အဖြစ်ကိုတအုံနွေးနွေးဖြစ်နေခဲ့တယ်။ ဒီမြို့က သတင်းစာကြီး တွေကတော့ ရမ်ဘိုနံပါတ်လေးကို ဂရိတ်ဒင်း “F” ကိုပေးပစ်လိုက်ပါတယ်။ သူတို့ အချင်းချင်းကောင်းကောင်း သိပါလိမ့်မယ်။ တိုင်းပြည်တစ်ပြည်ရဲ့ ဒုက္ခဆင်းရဲနဲ့ ကယ်သူမယ့်မှု၊ မဇ်ဇရီကို အသုံးချပြီး ငွေသဲ့ယူမယ့် အကွက်ဆိုတာကို။

ရမ်ဘို၊ အာနိုး၊ စတီဗင်ဆီးဂဲလ် စတဲ့ မင်းသားတွေဟာ ဟောလိဝုဒ်ရဲ့ ဒုတိယတန်းစားလို့ ခေါ်လို့ရတဲ့ မင်းသားတွေပဲဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အာနိုးကလွဲလို့ လူဖြူတွေမဟုတ်လို့ပဲလို့ ပြောလိုက်ပါရစေ။ သူတို့တွေရဲ့ ရုပ်ရှင်တွေကို ပညာတတ်တော်တော်များများ ကြည့်လိမ့်မယ်လို့ မထင်ပါဘူး။ လူငယ်လူရွယ်တွေ အတွက် ဆောင်းရာသီ အိမ်တွင်းပုံး ပျင်းရိနေမှုကို ဖျော်ဖြေရန်သက်သက် ဒီရမ်ဘိုနံပါတ်လေး ကို တင်ဆက်ခြင်းလဲဖြစ်ပါတယ်။ သူတို့အရွယ်အမေရိကန် ဟစ်ပီခေတ်ကလူကြီးပိုင်းတွေ ဘီယာတမျှမျှနဲ့ စိတ်အစာဖြေရန်လဲဖြစ်ပါလိမ့်မယ်။ မြန်မာပြည်နဲ့ အခြားသော အဖိနှိပ်ခံ အာရှတိုင်းပြည်တွေမှာတော့ ဒီလိုရုပ်ရှင်တွေဟာ ရေနစ်သူတွေ အတွက် ကောက်ရိုးတမျှင် ပဲဖြစ်ပါတယ်။ ဒုက္ခဆင်းရဲနွံထဲမှ မည်သူကယ်မည်လဲဟူသော မျှော်လင့်ချက်လေးတွေနဲ့ ရမ်ဘိုတို့ အာနိုးတို့ ဆီးဂဲလ်တို့လို မင်းသားတွေပါတဲ့ ရုပ်ရှင်တွေနဲ့ စိတ်ကိုအစာကျွေးမိကြသလား။ ယခု ဒီ ရမ်ဘိုနံပါတ်လေး မတိုင်ခင်ကတည်းက ဆီးဂဲလ် ကလွဲလို့ ကျန်တဲ့ မင်းသားနှစ်ယောက်ကို စိတ်ထဲမှာရှိတောင် မရှိခဲ့ပေမယ့် ဒီရုပ်ရှင်စရိုက်နေပြီ ဆိုကတည်းက တစ်စုံတစ်ရာ မှားယွင်းနေပြီလို့ ခံစားနေခဲ့မိတယ်။

ကမ္ဘာက စစ်တပ်နဲ့ ပြည်သူဆိုတာကို ကွဲပြီး ဘယ်လိုမှ မမြင်ပါဘူး၊ လူတော်တော်များများက ပြဿနာတက်နေတဲ့ တိုင်းပြည်လို့ပဲမြင်ပါတယ်။ စစ်အစိုးရရဲ့ အသုံးမကျမှုကို ပြည်သူတွေကလဲ တစ်နည်းတစ်ဖုံနဲ့ ဖြည့်စည်းပေးနေတယ်လို့ပဲ မြင်ပါတယ်။ ဆိုးဝါးလှတဲ့ စစ်အစိုးရဟာ ဘာကြောင့် ပိုပိုပြီး အင်အားကြီးလာသလဲ။ ကိစ္စတော်တော်များများအတွက် အုပ်ချုပ်သူတွေဟာ တာဝန်ရှိတယ်။ ဒီအုပ်ချုပ်သူတွေ ဥာဏ်ရှိသလား မရှိသလားဆိုတာ ဘာမှထွေထွေ ထူးထူးပြောနေစရာမလိုပေမယ့် စစ်ဆိုရင် ရေတောင် စစ်မသောက်ဖူးဟေ့ဆိုပြီး အော်ခဲ့တဲ့ သူငယ်ချင်းမတွေ စစ်ဗိုလ်ကတော်ဖြစ်ရတာကို ဂုဏ်ယူလို့မဆုံးဖြစ်နေတာ၊ စစ်တပ်ကိုရွံမုန်းလှပါရဲ့ဆိုတဲ့ တက္ကသိုလ်ပါမောက္ခဟောင်းတစ်ဦးက သူ့မြေးမလေး စစ်တက္ကသိုလ်က နည်းပြတစ်ယောက်နဲ့ မင်္ဂလာပွဲဆင်နွဲမှာကို ပြောမဆုံးဖြစ်နေတာ။ အတိုက်အခံခေါင်းဆောင်တချို့ စစ်အစိုးရရဲ့ မကောင်းမှုကို အခြေပြုပြီး ဒေါ်လာသန်းချီရနေတာ၊ ဘုန်းကြီးကျောင်းက ကထိန်တစ်ခုမှာ အဲဒီခေါင်းဆောင်ဟာ စစ်တပ်ရဲ့ နှိပ်စက်မှုကြောင့် ဒုက္ခရောက်နေသူတွေ၊ လက်ရှိအခြေအနေတွေအကြောင်းပြောနေတာထက်၊ သားတွေ သမီးတွေက ထိပ်ထိပ်ကြဲ ယူနီဗာစတီတွေက ဆရာဝန်ဘွဲ့ ရှေ့နေဘွဲ့ ရကြောင်း၊ ဒီမြို့ရဲ့ လူဂုဏ်ထံရပ်ကွက်မှာ ဘယ်လိုအိမ်ကို ၀ယ်လိုက်ကြောင်းတွေ ပြောနေတဲ့အခါ အနားကလူဖြူအချို့ရဲ့ အကြည့်တွေကို မြင်စမ်းစေချင်ဘိ။ ဒီလိုခေါင်းဆောင် သန်းရွှေနေရာရောက်ရင် မြန်မာပြည်ဟာ ဒီထက်တောင် ဆိုးနိုင်သေးပါလားလို့ တွေးမိနေမှာပဲ။

စက်တင်ဘာအရေးအခင်းဖြစ်စဉ်က ဗွီဒီယိုတွေကြည့်ပြီး လက်နက်မဲ့ လူတွေကို စစ်ဖိနပ်တွေနဲ့ ကျောကိုကန်၊ တုတ်တွေနဲ့ ရိုက်၊ ဆွဲလားရမ်းလားလုပ်နေတာကို ကျိုးနေတဲ့သွားတွေနဲ့ ကွမ်းတမြုံ့မြုံ့ဝါးပြီး စိမ်ပြေနပြေပြုံးကြည့်နေတဲ့ ယူနီဖောင်းကိုခေါက်ရိုးမကျိုးစေတဲ့၊ မင်းသားရှုံးလောက်အောင် ဟန်ပြထားတဲ့ စစ်ဗိုလ်တစ်ဦးကို ကြည့်ပြီး ကိုယ်ကိုတိုင် သေနတ်ဆွဲချင်တဲ့ စိတ် လူတော်တော်များများ ပေါက်မိကြမှာပါပဲ။ ဒီလိုတုန့်ပြန်ချင်တဲ့ စိတ်၊ သူသေကိုယ်သေ ချကြတော့ ဆိုတဲ့စိတ်ကို ရမ်ဘိုနံပါတ်လေးက အစာလှလှလေး ကြွေးပေးလိုက်တယ်။ ဗမာစစ်သားတွေကို ပက်ပက်စက်စက် သတ်ပြတယ်။ သွေးရဲရဲသံရဲရဲလုပ်ပြတယ်။ နိုင်ငံခြားရောက် ဗမာလူငယ်တွေက စစ်အာဏာရှင်ကို လက်မခံနိုင်ကြောင်း၊ အဖိနှိပ်ခံတွေဘက်က ရပ်တည်ကြောင်းပြချင်လို့ စေတနာ သက်သက်နဲ့ အဲဒီရုပ်ရှင်ကို သွားကြည့်တယ်။ အခြားသောသူတွေကလဲ အမေရိကန်ကူညီဖို့ ဆိုင်းပြင်းပြီလားဆိုတဲ့ မျှော်လင့်ချက်နဲ့ သွားကြည့်တယ်။ ရမ်ဘိုကတော့ ငွေထုတ်ပိုက်သွားတယ်။

ဒီရုပ်ရှင်ရဲ့ ကောင်းခြင်းနဲ့ ဆိုးခြင်းကို ချိန်ထိုးရင် ဆိုးတဲ့ ဘက်ကို ပိုအားသာနေတယ်။ မြန်မာပြည် ဘာမှ ပိုကောင်းမသွားဘူး။ ပိုတောင် ဆိုးသွားနိုင်တယ်။ နိုင်ငံတော် ဘာသာဖြစ်တဲ့ ဗုဒ္ခဘာသာကို မကိုးကွယ်တဲ့ ကရင်တွေသာမက အခြားသော ဗမာများနဲ့ လူမျိုးစုတွေအတွက်ပါ ဆိုးသွားနိုင်ပါတယ်။ ကရင်တွေအနေနဲ့လဲ ဗမာကို ဒီထက် ပိုမုန်းသွားစေနိုင်တယ်။ နဂိုထဲက ဘယ်လိုမှ နိုင်ငံရေး၊ လှုမှုရေး၊ ဘာသာရေး ဘာမှ အစေးမကပ်တဲ့ တိုင်းပြည် ဒီထက်ပို ကွဲရင် လိုချင်တဲ့ ပန်းတိုင်ဟာ ရှာလေ ဝေးလေပဲ ဖြစ်နေမှာပါ။

33 comments:

ရေချမ်း said...

ဟုတ်တယ်ဗျာ မအိမ့်ရေ။ ပြည်တွင်း ပြည်ပမှာ မစ်ရှင်နရီတွေ NGO အမည်ခံပြီး မြန်မာပြည်နဲ့ ပတ်သက်ပြီး ခြေရှုပ်နေတာတော့ကြာပြီ။ ဒါပေမယ့် အခုလို လက်ရဲဇက်ရဲ အမျိုးဘာသာ သာသနာကို စော်ကားပြီးတော့ ရုပ်ရှင်ရိုက်လာလိမ့်မယ်လို့ ထင်မထားမိခဲ့ဘူး ဒင်းတို့ကို အာဖဂန်နစ်စတန်မှာလို စီရင်ပစ်ဖို့သင့်တယ်။ ဒါမှမဟုတ် အင်းဒီးယားမှာလို Anti-conversion Law အနာဂတ်မှာ ရေးဆွဲရမယ်။ ပြည်တွင်းက သစ္စာဖောက် လူမျိုးခြား ဘာသာခြားတွေကိုလဲ သေသေချာချာစောင့်ကြည့်ပြီး ထိန်းချုပ်ရမယ်။ ဒါဟာ ကျနော်တို့ တမျိုးသားလုံးအတွက် Wake-up call ဆိုရင် မမှားဘူး။ ကျနော်နေတဲ့ စင်္ကာပူက Idiot ဗမာတွေ အကျီ်အနီတွေ ၀တ်ပြီး ရုံပြည့်သွားကြည့်ကြမယ်ဆိုတော့ အံ့သြလို့မဆုံးဘူး။ ကျနော်လဲလက်ရှိအုပ်ချုပ်သူတွေကို ကြိုက်တာမဟုတ်ဘူး ဒါပေမယ့် အမျိုးသား အကျိုးစီးပွားကို ရှေ့ကထားပြီးကြည့်ရင်တော့ ဒီရုပ်ရှင်ဟာ တမျိုးသားလုံးကို အစော်ကားခံရတယ်လို့ ခံစားမိတယ်။

တစ်ပြည်သူ အိမ့်ချမ်းမြေ့ said...

ဘာသာအယူဝါဒ မတူညီတာနဲ့ သစ္စာဖောက်ရယ်လို့ စွတ်စွဲတာတော့ မဖြစ်သင့်တဲ့ ကိစ္စပါ ကိုရေချမ်း.. Anti-conversion Law ဘယ်လောက်ပဲ ရေးဆွဲဆွဲ လူတွေဟာ စက်ရုပ်မဟုတ်တဲ့ ကိုယ်ပိုင်တွေးခေါ်မှု အသိစိတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ သွေးနဲ့သားနဲ့ ကိုယ်တွေပါ.. စာ၇ွက်ပေါ်မှာ ကိုယ်လိုချင်တဲ့ ဘာသာတစ်ခု ထွင်းထုနိုင်ပေမယ့် နှလုံးသားတွေကိုတော့ လိမ်လို့မရပါဘူး.. မြန်မာပြည်တွင်းက ကိုးကွယ်မှုဘာသာတွေဟာ နိုင်ငံတော်ဘာသာက အစ စစ်နဲ့ မကင်းကြပါဘူး.. မွန်-မြန်မာစစ်ပွဲကို ပြန်လည်သုံးသတ်မယ်ဆိုရင်ပေါ့.. မိမိယုံကြည်မှုအတိုင်း သူတစ်ပါးလဲလက်ခံရမယ်ဆိုတဲ့ အတင်းသွပ်သွင်းခြင်းခံရမှုတွေလဲ မကင်းပါဘူး.. ဗမာဘုရင်တွေကိုယ်တိုင်လဲ ကျင့်သုံးခဲ့တာပါပဲ..
ကျမဟာဒါတွေကို မဆွေးနွေးချင်တဲ့ ရသစာကိုပဲရေးချင်သူတစ်ဦးပါ။
ဘယ်လိုပဲဖြစ်ဖြစ် ဒီရုပ်ရှင်ဟာ လူမျိုးရေးကိုသာမက ဘာသာရေးနဲ့ပါ ညိစွမ်းစေတဲ့ မကောင်းတာဘက်ကို အားသာတဲ့ ရုပ်ရှင်တစ်ခုပါပဲ..
ကွန့်မင့်အတွက်ကျေးဇူးပါရှင်.. ၂ခါထပ်နေလို့ တစ်ခုဖြုတ်လိုက်ပါတယ်..

ရှမ်းပဲပုတ် said...

ပြောချင်တာတော့ အိမ့် ချမ်းမြေ့ ဆိုသူရေအများကြီးပေါ့
သို့ ပါသော်လည်းမင်းလည်းလွတ်လွတ်လပ်လပ်ရေးပိုင်ခွင့်၊
မြင်ပိုင်ခွင့် ဆိုသောမှုရှိနေသောအခွင့်ရေးကြောင့်
စကားလေးဘဲလက်ဆောင်ပါးပါရစေ၊

သူများကို ကိုယ်မြင်သောအကြောင်းထက်
ကိုယ်ကိုကိုယ်တကယ်ဘဲ ရှင်း၇ှင်းလင်းလင်းသုံးသပ်နိုင်
ပြီးလား။ မင်းကောဘာများတိုင်းပြည်ရဲ့စံနစ်ဆိုးကြီးပြောင်းလည်အောင်ဘာလုပ်ခဲ့ပေးပြီးလည်း။
ဗမာပြည်အနှံကတိုင်းရင်းသား၊ပြည်သူတွေအားလုံးရဲ့ 
ခံစားချက်တွေ၊ တွေးခေါ်ခြင်းကွာဟမှုတွေကိုဘာတွေနဲ့ 
ပူပေါင်းဆောင်ရွက်မှု့ တွေကို မင်းကိုယ်တိုင်သော်၎င်း၊တခြားသောသူတွေကိုသော်၎င်းစည်းရုံးအကောင်ထည်ဖေါ်ပြီးသွားပြီလား၊
အဲဒီလိုမှမဟုတ်ရင်တော့ မင်းရေးနေသောစာတွေ
ကဗျာတွေ၊ရသတွေဆိုတာက၊နောက်ဆုံး မင်းနဲ့  အတူသော၎င်း၊မတိုင်မှီသော်၎င်း မြေမြုတ်လိုက်ရသောအဆင့်ကိုသာလျှင်ရှိတော့တယ်ဆိုတာကိုပြောချင်လို့ ပါ၊

ထိုထက်ပိုပြီးတော့ အားလုံးကို ညီ၊ညီမတွေအတိုင်း၊
အစ်ကို၊အစ်မတွေအတိုင်း၊ ဦးလေး၊အဒေါ်ဆိုသောသူတွေအတိုင်း၊
သူငယ်ချင်း၊သူငယ်ချင်းမတွေအတိုင်း
ကိုယ်မြင်ခဲ့သော်၎င်း၊မမြင်ခဲ့ဘူးသော်၎င်း၊
တွေ့ဘူးသော်၎င်း၊မတွေ့ဘူးသော၎င်း
သိကျွမ်းခဲ့ဘူးသော်၎င်း၊မသိကျွမ်းခဲ့ဘူးသော၎င်း
မြန်မာပြည်သားအားလုံးကိုလေးစားပါတယ်။
သို့ ပေမဲ့ ကိုယ်လုပ်ခဲ့သောအကြောင်းရာ၊
အမှု့  အားလုံးကိုကိုယ်ရဲရဲကြီးတာဝန်ခံယူခြင်းကိုတော့
မွေးနိုင်အောင်ကြိုးစားပါ၊
ထိုအတူ အကျိုးဆက်အားလုံးကိုလည်းခံနိုင်ရည်ရှိအောင်တော့
လုပ်ထားနိုင်ကြပါစေ။

Angel said...

အိမ့်စာပြန်ရေးနေပြီပေါ့။
အဲဒီရုပ်ရှင်ကို ကွန်နက်ရှင်မကောင်းလို့ သေချာတော့မကြည့်ရဘူး။ BBC, CNN news တွေမှာ ၉လပိုင်းတုန်းကကြည့်လိုက်ရတာတွေပါမှန်းတော့သိလိုက်တယ်။ ဘာပဲဖြစ်ဖြစ်စိတ်တော့မကောင်းပါဘူး။
စကားမစပ်အိမ့်ရေ ကြော်လှော်တာက ရရစ်နဲ “့ကြော်” တာနော်။ ခေါင်းစဉ်မှာဆိုတော့သတိထားမိလို့ ။
ဒို့ လည်းစာလုံးပေါင်းသိပ်မှားတာ။

ရေချမ်း said...

ကျနော့အမြင်တော့ မစ်ရှင်နရီအ၀င်ခံရတဲ့ တိုင်းပြည်တွေဟာ သမိုင်းမှာ ကောင်းဖို့ထက် အဆိုးဘက်ကို ဦးတည်သွားတာများတယ်။ ဗမာပြည် ပြည်တွင်းစစ် ရှည်ကြာနေတာ မစ်ရှင်နရီ လက်ချက်မကင်းဘူး။ ယနေ့လက်ရှိ တောင်အမေရိကတိုက်နိုင်ငံတွေနဲ့ ဖိလိပိုင်မျိုးနွယ်တွေဟာ မစ်ရှင်နရီ ၀င်အပြီး ကိုယ်ပိုင်ယဉ်ကျေးမှု ကိုးကွယ်ယုံကြည်မှုတွေ ဖျက်ဆီးခံရပြီး ကမ္ဘာ့နိုင်ငံအသီးသီးမှာ maid/entertainment industry တွေမှာ အောက်ကျနောက်ကျနဲ့ လုပ်နေရတယ်။ ကျနော်တို့ စလုံးမှာတော့ အဆိုးဆုံးပေါ့။ ယနေ့ ဘုမသိ ဘမသိနဲ့ စစ်တပ်မုန်းတာတစ်ခုထဲနဲ့ သူများယောင် လိုက်ယောင်နေတဲ့ ဗမာလူငယ်တွေကို သိစေချင်တယ်။ သာမန် အိုင်ကျု ရှိတဲ့ လူငယ်တွေတောင် ဒီလိုကားမျိုးကို အားမပေးလောက်ဘူး။ ဗမာအကျိုးစီးပွားကို ကာကွယ်ဖို့ အတွက်ဆိုရင်တော့ လိုအပ်လာရင် လက်ရှိစစ်တပ်ဘယ်လောက်ဆိုးဆိုး ကျနော်တို့လူငယ်တွေက အားပေးရမှာပဲဗျ။

စိုးထက် - Soe Htet ! said...

""" ထူးထူးပြောနေစရာမလိုပေမယ့် စစ်ဆိုရင် ရေတောင် စစ်မသောက်ဖူးဟေ့ဆိုပြီး အော်ခဲ့တဲ့ သူငယ်ချင်းမတွေ စစ်ဗိုလ်ကတော်ဖြစ်ရတာကို ဂုဏ်ယူလို့မဆုံးဖြစ်နေတာ၊ စစ်တပ်ကိုရွံမုန်းလှပါရဲ့ဆိုတဲ့ တက္ကသိုလ်ပါမောက္ခဟောင်းတစ်ဦးက သူ့မြေးမလေး စစ်တက္ကသိုလ်က နည်းပြတစ်ယောက်နဲ့ မင်္ဂလာပွဲဆင်နွဲမှာကို ပြောမဆုံးဖြစ်နေတာ။ အတိုက်အခံခေါင်းဆောင်တချို့ စစ်အစိုးရရဲ့ မကောင်းမှုကို အခြေပြုပြီး ဒေါ်လာသန်းချီရနေတာ၊ ဘုန်းကြီးကျောင်းက ကထိန်တစ်ခုမှာ အဲဒီခေါင်းဆောင်ဟာ စစ်တပ်ရဲ့ နှိပ်စက်မှုကြောင့် ဒုက္ခရောက်နေသူတွေ၊ လက်ရှိအခြေအနေတွေအကြောင်းပြောနေတာထက်၊ သားတွေ သမီးတွေက ထိပ်ထိပ်ကြဲ ယူနီဗာစတီတွေက ဆရာဝန်ဘွဲ့ ရှေ့နေဘွဲ့ ရကြောင်း၊ ဒီမြို့ရဲ့ လူဂုဏ်ထံရပ်ကွက်မှာ ဘယ်လိုအိမ်ကို ၀ယ်လိုက်ကြောင်းတွေ ပြောနေတဲ့အခါ အနားကလူဖြူအချို့ရဲ့ အကြည့်တွေကို မြင်စမ်းစေချင်ဘိ။ ဒီလိုခေါင်းဆောင် သန်းရွှေနေရာရောက်ရင် မြန်မာပြည်ဟာ ဒီထက်တောင် ဆိုးနိုင်သေးပါလားလို့ တွေးမိနေမှာပဲ။ """

ကြိုက်တယ် ဗျာ အမြင်လေး :D

antiburmesegov said...

အရမ်းကို ကောင်း ပါတယ် ဗျာ၊
အဲဒီရုပ်ရှင် ကား ကို ကြည့်ပြီး ကျနော် တို့ လူငယ် တွေရဲ့ တိမ်မြုတ် နေ တဲ့ မျိုးချစ် စိတ်ဓါတ် ကို နှိုး ဆွပေး လိုက် သလို ပါ ဘဲ။

နိုင်ငံရေး သမား(ပြည်ပ) အများစု ရဲ့ သူ များ နိုင် ငံရဲ့ စစ် တပ် နဲ့ အဖွဲ့အ စည်းတွေ အ ကူအ ညီ ကို ရ ပြီးမှ
သာလျင် မြန်မာနိုင် ငံ ကြီး democracy ရမယ် ဆိုရင် တော့ .........................................................

အ ကယ်ရ်ျ ကျနော် သာ လက် ရှိ စစ် အစိုးရ ရဲ့ လူ တယောက် ဖြစ် နေ မယ် ဆို ရင် တောင် ကိုယ့်ပြည် တွင်း က ဘယ်နိုင် ငံ အကူအညီ မှ မျှော် ကိုး မ နေ ဘဲ နဲ့ လက် ရှိ အစိုးရ ရဲ့ စနစ် ကြီး ကနေ ပြောင်းလဲ ချင် ကြ တဲ့ နိုင်ငံရေးခေါင်း ဆောင် တချို့နဲ့ ပြည်သူတွေ ကို ကြိတ် ပြီးလေးစား နေ မိ မှာသေချာပါတယ်။

အဲ....ပြည် ပ က အစွန်းရောက်မျိုးပျစ် နိုင် ငံရေး သမား တချို့ ကို အဲဒီ RAMBO ရုပ် ရှင် ကို မထောက် ခံ ဘူး လို့ သာ ပြော လိုက် ရင် တော့ အစိုးရ ရဲ့ ဒေါက် တိုင် တွေ လို့ ပြောခံ ရမှာ သေချာပါ တယ်၊

အကယ်ရ်ျ ပြည် ပနိုင် ငံ ကြီး တခု ခု က မြန်မာ နိုင် ငံ ကို DEMOCRACY စနစ် ပြု ပြင် ပြောင်း လဲပေး မယ် ဆို တဲ့ အကြောင်းပြ ချက် တခု နဲ့ ဝင်ရောက် စစ် ခင်း
လာ မယ် ဆိုရင် တော့ ပြည် တွင်း က မျိုးချစ် လူငယ် တွေ ဟာ လက်ရှိ အစိုးရ စနစ် ကို မကြိုက် သည် ကို အ သာထား ပြီး ပြည် ပ ရန် ကို ရှုံး မည် ဆိုသည် ကို သိသော် ငြား လည်း တပ်မတော် သား တွေ နဲ့ ပူးပေါင်းပြီး တွန်းလှန် လာ နိုင် သည့် အ ချက် ပေါင်း များ စွာ ရှိသေး တယ် ဆို တာ မေ့ မ ထား သင့် ပါကြောင်း....

pyaung pyaung said...

အ ပေါ် က democracy လမ်းစဉ်ကို ကျင့်သုံးချင်သူ ( ရှမ်း ပဲ ပုတ် ) တူးတူး ကျွတ်ကျွတ် လေး ရေ၊

မြန်မာပြည် democracy တောင် မ ရသေး ဘူး၊ စာရေးသူလေးရဲ့ RAMBO ဝေဖန်ချက် ကို
ခင်ဗျား ရဲ့ စိတ် ဓါတ် အဆင့်အတန်းလေးနဲ့
ပဲကြီးလှော် ဝင် နှိုက် တာ ဆို ရင် တော့
ဒီblog က စာလေး တွေ နဲ့ copy လုပ် ပြီး လက်ဆောင် ပေး ချင် ပါတယ်

၃။ နိုင် ငံရေး နဲ့ ဝေဖန်ရေး သမားတွေဟာ motor car နဲ့တူတယ်၊ညံ့လေ အသံ ပိုထွက်လေ လေ ဘဲ။

၉။ ခေါင်း ရှိ တဲ့ လူတွေထက် မြင့်အောင် ခုန် ချင်ရင် တော့ ခေါင်း ရှိ ဖို့လိုပါတယ်။

၁၀။ နိုင် ငံရေး အရအလယ် အလတ်လမ်းကိုရှာ ရင်း တော်တော် များများ အစွန်းကိုရောက် ကုန်ကြတယ်။

၁၁။ တိုက်ပွဲဝင် တဲ့တော်လှန်ရေးရဲဘော်တွေဟာအောင်ပွဲရ ပြီးတဲ့ အခါမှာ လဲ အချင်းချင်း ဆက်ပြီး တိုက် ပွဲဝင် ကြ တယ်။

၁၂။ ဒီမိုကရေစီ နဲ့ တရားမျှတမှု ကိုတန်းစီစောင့်နေကြတဲ့အခါမှာ နောက်ထပ်သားကောင် တွေရောက် မလာ မချင်း မ ထူးတော့ပါ ဘူး ဆိုပြီး အဖွဲ့မှ စိတ်ပျက် လက်ပျက် ထွက်မသွားကြ ပါ နဲ့။

၁၇။ ဝေဖန်ရေးသမား ဆိုတာ လမ်း ကို သိ တယ်၊ ဒါပေ မယ့် ကား မမောင်း တတ်ဘူး။

၁၉။ ကျနော် တို့လူမျိုးတွေဟာ ဗိုက်ဟောင်းလောင်း ဖြစ် နေ ရင် နိုင် ငံရေး ကို ဘယ်လို မှ ကောင်း လာအောင် မစဉ်းစားနိုင် ကြ ဘူး၊ အဲ.....ဗိုက်ပြည့်နေရင် တော့ လား စဉ်းစား ချင်စိတ် လုံးဝ ပျောက် သွား တာ။

၂၈။ ကျွန် ဖြစ် ရ တာ ကို အောက် ကျတယ် လို့ မခံစား ရ တဲ့ လူ မျိုး ဟာ ကျွန် ပဲ ဖြစ် ထိုက် တယ်။

၂၉။ နိုင်ငံရေး သမား တွေ ဆိုတာ ဘယ် နေ ရာ မှာ မဆို အ တူ တူ ဘဲ ၊ မြစ် မရှိ တဲ့ နေ ရာမှာ တံတား ဆောက် ဖို့ ကတိ ပေး ကြ တာ ချည်းဘဲ။


www.myanmarpoliticalwatchdog.blogspot.com

May Burma said...

အဲဒီရမ်ဘိုကားကို သပိတ်ကိုမှောက်တယ် မကြည့်ဘူး
ရမ်ဘိုကိုအားကိုးနေတာတွေက ကိုယ့်အမျိုးဂုဏ်မသိတဲ့လူတွေ

လူဖြူတွေရဲ့စိတ်ရင်းကိုမသိကြတာ

သူတို့ မစ်ရှင်တွေက အားလုံးကိုကယ်တင်ခြင်ကြတယ်

ငါကတော့သူတို့ ကိုပြန်ကယ်တင်ခြင်တယ်

အဖြူတွေကိုသနားတယ်

ဘာသာမစစ်မှန်လို့ ပါ။

အေးချမ်းမှုမရှိကြဘူး

သူများကို လာကယ်နေတာသူတို့ ကိုယ်တိုင်ခြေရာပျောက်နေလို့ ပါ။

သနားတယ်ရမ်ဘို ရယ်။

တစ်ပြည်သူ အိမ့်ချမ်းမြေ့ said...

ရှမ်းပဲပုတ်ရှင့်
တိုင်းပြည်ပြောင်းအောင် ကျမဘာတွေလုပ်ပေးခဲ့တယ်.. ဘယ်လိုဘယ်ပုံလုပ်ခဲ့ပါတယ်လို့လဲ ဘယ်တုန်းက claim မလုပ်ခဲ့ပါဘူး။ လုပ်ခဲ့ရင်လဲ အိမ်ချမ်းမြေ့နာမယ်နဲ့ လုပ်မှာမဟုတ်ပါဘူး ထို့အပြင် ဘယ်လိုလုပ်ပါသည်ဆိုတာကိုလဲ မည်သူကိုမျှ အစီရင်ခံစာ တင်သွင်းမည်မဟုတ်ပါ။
အမေစုပြောသလို စီးပွားရေးလဲ နိုင်ငံရေးပဲ၊ လူမှုရေးလဲ နိုင်ငံရေးပဲဆိုရင်တော့ ကျမ နိုင်ငံရေးလုပ်ပါတယ်။ တက်လာသမျှ ဘယ်အစိုးရကိုမဆို ထိုင်ဆဲပြီး bad-mouthing ဆိုရင်တော့ ကျမ နိုင်ငံရေးမလုပ်ပါဘူး။
ကျမ ရေးသောစာတွေကို သေရင်တော့ ကျမကိုယ်တိုင် တူတူမြေမြုပ်သွားမှာဖြစ်ပါတယ်။
ဟုတ်တာပေါ့.. မသေခင် မြေမြုပ်ခံချင်လဲ ခံရမှာပါပဲ။ နောက်ဆုံးကုန်ကုန်ပြောရရင် မြေပြင်နဲ့ ခဲတစ်လုံး ကျန်နေသ၍ မည်သူ ဖတ်ဖတ် မဖတ်ဖတ် အိမ့်ချမ်းမြေ့ စာရေးနေဦးမည်။
အဓိက စာရေးရခြင်းက ရင်ဖွင့်ရရုံသက်သက်မို့ လူတွေဖတ်ခြင်းမဖတ်ခြင်း အမည်ရခြင်း၊ မရခြင်း မြေမြုပ်ခံရခြင်း မခံရခြင်းကို ကျမ သိပ်စိတ်မပူပါရှင်။ လွတ်လပ်တဲ့တိုင်းပြည်မှာ နေနေပြီဘဲရှင် threat လုပ်ခြင်းထက် ပွင့်လင်းစွာ ပြောဆိုခြင်းကို ကြိုဆိုပါတယ်ရှင်။
ရုပ်ရှင်တစ်ခုကို ဝေဖန်နေခြင်း သက်သက်သာဖြစ်ပါတယ်။

အမ အိန်ဂျယ်…
ဘလော့ဂေးရှင်းပဲ အမ.. အပြင်းဖျားနေရင်းက ရုပ်ရှင်ကြောင့် စိတ်မကောင်းလွန်းလို့ အဖျား၁၀၃နဲ့ ထရေးမိတာ ရာဇ၀တ်အိုး တုတ်ထိုးမိသည်နဲ့ တူပါတယ်.. ကိုယ့်ဟာကိုယ် ဆက်ပြီး အနားယူတာပဲကောင်းပါတယ်နော်.. စာလုံးပေါင်းတွက်ကျေးဇူး ပြင်လိုက်မယ်နော်။

ကိုရေချမ်း…
ဖိလိပိုင်မတွေ မြင်တိုင်း အိမ်ဖော်ပဲလားဆိုတဲ့ နိုင်ငံတကာအမြင်တွေ မြန်မာပြည်ကို အကူးစက်မခံစေချင်ပါ။

ကိုစိုးထက်..
အဲဒီစာပိုဒ် ထည့်လိုက်တာမှာ ထိသွားတယ်ထင်တယ်။ အဲဒါအမှန်ပဲ အကိုစိုးထက်..။

antiburmesegov
ခက်တာက ကျမကိုယ်တိုင် လူဖြူနိုင်ငံမှာ နေနေတဲ့ လူဖြစ်နေတော့ ကျမ ဘာမှ သိပ်ပြောလို့မရဘူးရှင်.. ဒီရုပ်ရှင်ကြောင့် နဂိုထဲက လူမလေးစား၊ လူရာသွင်းတာမခံရတဲ့ ကျမတို့တိုင်းပြည် ပိုမိုအောက်တန်းကျသွားတာကို စိတ်မကောင်းလွန်းလို့ ရေးမိတဲ့ကျမဟာ စစ်အာဏာရှင်ကို မလိုလားသော၊ ဘယ်နိုင်ငံရေးအဖွဲ့အစည်း ထဲမှလဲ မပါဝင်သော၊ တစ်ဦးတည်းရပ်တည်နေသူပဲဖြစ်ပါတယ်။


pyaung pyaung

၄၀။ အစာ ဝနေတဲ့ တော် လှန်ရေး ရဲဘော် တွေ ဟာ ငတ် နေ တဲ့ တော် လှန်ရေး ရဲဘော် တွေ ရဲ့ ရဲဘော် ရဲဘက် တော့ မဖြစ် နိုင် ဘူး။
အဲဒါ ကြိုက်တယ်ရှင့်။


May Burma
မြန်မာပြည်လဲ မအေးချမ်းဘူးလေ အမ..။

မင်ကနော် said...

အမြင်တွေ မတူညီတဲ့ လောကကြီးမှာ အယူအဆတခုကို တင်ပြလိုက်မယ်ဆိုရင် နောက်ဆက်တွဲဖြစ်တဲ့ ဝေဖန် တိုက်ခိုက် မှုတွေ တသီကြီး စီးမျောလာပါလိမ့်မယ်။ အကောင်းအဆိုး အစုံပေါ့။ လူဆိုတာက သူတို့နဲ့ ခံစားချက် ခြင်း မတိုက်ဆိုင်ရင် ရှာကြံ အပြစ်တင်တတ်တယ်ဆိုတာကို ကဗျာတွေ စာတွေ ရေးနေသူဆိုတော့ သိထားပြီးသား ဖြစ်မယ် ထင်ပါတယ်။ ဘယ် လိုဘဲ ဖြစ်ပါစေ ပညာရှိ သတိဖြစ်ခဲ ဆိုသလိုပေါ့၊ ဝေဖန်မှု တခုပြုမယ်ဆိုရင် ဝေဖန်ရေးနဲ့ မိမိကိုယ် ဝေဖန်ရေးကို သိထား ဘို့လိုမယ် ထင်ပါတယ်။ ကျနော်ကတော့ အပြုသဘောဆောင်တဲ့ ဝေဖန်ရေးမျိုးကို ကြိုက်တယ်။ ဒါကြောင့်လည်း တပြည် သူရဲ့ ဆောင်းပါးနဲ့ ပတ်သက်ပြီး အပြုသဘော ဆွေးနွေး လိုက်ပါတယ်။
အထက်မှာ ပြောခဲ့သလို ရှာကြံပြီး အပြစ်တင်စရာဖြစ်နေတာ ခေါင်းစီး "ကျော်" မဟုတ်ပါ "ကြော်" ဖြစ်ပါတယ်။ နောက် ဆောင်းပါးမှာ ပုဂ္ဂိုလ်ကိုယ်ရေး၊ လူမျိုးရေး၊ ဘာသာရေး စသည့် ရေးသား တင်ပြချက်တွေကြောင့်လည်း ပြောစရာ ဖြစ် သွားစေနိုင်ပါတယ်ဆိုတာကို ကျနော် ဥာဏ်မှီသလောက် ဆွေးနွေးလိုက်ပါရစေ။

လေးမ said...

မလေးရေ..မလေးရေးထားတာဖတ်ပြီး..ရမ်ဘိုကားကို သပိတ်မှောက်တယ်..ကြည့်တော့ဘူး..( ကြည့်စရာမှ မရှိဘဲ ..ဟိ )..။ မလေး နေကောင်း ကျန်းမာပါစေ...။

luepyin said...

pyaung pyaung yayyy,ခင် ဗျား ရဲ့ ကြော် ငြာ အား ကောင်း လွန်းလို့ ကျုပ် တတ် သလောက် ဖတ် ထား တာလေး တွေ ကို ( ရှမ်းပဲ ပုတ် ) က comment လေး နဲ့ အားပေး သွားဘီ။
www.myanmarpoliticalwatchdog.blogspot.com

Alinkar07 said...

I just want to say that my thinking is exactly as yours. I really like what you said in the entry as well as in response to some of the comments. :)

ကလထော said...

ကိုယ့်လူမျိုးများကို ရက် ရက်စက်စက် သတ်ပြနေသော နိုင်ငံခြားသား လူရမ်းကားများဘက်မှနေပြီး အားပေးနေသော မြန်မာများ၏ ဥာဏ်ရည်နိမ့်ကျမှုကို ပြပါသည်။ ထိုဥာဏ်ရည်မျိုးဖြင့် ဒီမိုကရေစီနိုင်ငံ မတည်ထောင်နိုင်ပါ။ ထရပ်ကားမောင်းသမား တဖြစ်လဲ မင်းသား ရမ်ဘိုကို ပစ်တင်လို့မရပါ။ ကျနော်ဖတ်ဖူးတဲ့ မ၈္ဂဇင်းတခုထဲမှ ရမ်ဘိုနှင့် အင်တာဗျုးတခုတွင် ရမ်ဘိုသည် အာရှတိုက်သားအိမ်စေများအား သူနဲ့ မျက်လုံးချင်းပင် ဆုံကြည့်ခွင့်မရှိ ဟုသော စည်းကမ်းဖြင့် အာရှတိုက်သားများကို လွန်စွာအထင်မြင်သေးသူဖြစ်သည်။

မုတ်သုန် said...

ကျနော်လည်း ဆားချက်မယ်အစ်မရေ...
ဒီဇာတ်ကားကို စရိုက်ကတည်းက ..
ဇာတ်လမ်းပုံစံဖတ်ကြည့်ပြီး...
စိတ်ထဲ တစ်မျိုးဖြစ်နေတာ...
ထွက်လာတော့...ထင်ထားတဲ့အတိုင်းပါပဲ...
ဇာတ်ကားမှာပြထားတာတွေက..
သိပ်ပိုလွန်းတယ်လို့တော့ထင်တယ်...
ဒါပေမယ့်..ပြောစ၇ာ စကားတော့ရှာမတွေ့ခဲ့ဘူး..
အခုအမပြောလာတဲ့ စကား...
သိပ်မှန်တယ်လို့ ကျနော့တစ်ဦးတည်းအမြင်အရ..
ယူဆပါတယ်...
ဟုတ်ပါတယ်..
ကျနောတို့ ငါးကြင်းဆီနဲ့ ငါကြင်းကြော်ခံလိုက်ရတာပါ...
သိပ်ကောင်းတဲ့ အသုံးအနှုန်းပါ...
ကျနော့မိတ်ဆွေတစ်ယောက်ပြောတဲ့..
စကားအတိုင်း...ပြန်တော့ပြောချင်ပါတယ်..
ဘယ်အရာမှာမဆို..
ရန်သူရဲ့ ရန်သူကို မိတ်ဆွေလို့တော့..
သတမတ်ထဲယူဆလို့မရပါဘူး..
ကျနော်တို့တွေ တွေးဆဆင်ခြင်နိုင်ဖို့ လိုပါတယ်...
အထူးသဖြင့်..
ဒီလို ငါးကြင်းဆီနဲ့ ငါးကြင်းကြော်တာမျိုး မခံရနိုင်အောင်ပေါ့....
မည်သူကိုမှ တိုက်ခိုက်လိုသော စိတ်ထားမရှိပါဘူးဗျာ...
ကျနော....သာမန် အညတရ တစ်ယောက်ပါ....

Anonymous said...

မလေး

ထပ်တူထပ်မျှပါပဲ။

အေးချမ်းသူ

တစ်ပြည်သူ အိမ့်ချမ်းမြေ့ said...

မင်ကနော်
ကိုမင်ကနော် ပြောတာ စောဒကတက်စရာဘာမှမရှိပါ။ ခုလိုဝေဖန်တာကျေးဇူးတင်ပါတယ်။

လေးမ နဲ့ အေးချမ်းသူရေ…
နောက်တစ်ခါတော့ ဘလော့ဂ်မှာ နေရစ်ခဲ့တော့သရပါလိုဟာမျိုးကလွဲလို့ မြန်မာအရေးနဲ့ပတ်သက်လို့ ရင်ဖွင့်ချင်ရင်တောင် ကိုယ့်အိမ်နောက်က် မြေပြင်ပေါ်ပဲ စာခြစ်တော့မယ် လေးမ နဲ့ နှင်းရေ့……..…….

ကလထော
သွားကြည့်သူတွေအနေနဲ့ တစ်ခြား agenda တွေလဲရှိနိုင်ပါတယ်။ ကျမ သွားကြည့်သူများကို မဝေဖန်ပါ.. သွားမကြည့်နှင့်ဟုလဲ မတားမြစ်ပါရှင်…

လူပျင်း အလင်္ကာ၀၇ နှင့် မုတ်သုန်
အချိန်ပေးပြီး လာဖတ်ခြင်း ကော့မန့်ဝင်ရေးခြင်းတွက် ကျေးဇူးတင်ပါသည်ရှင်။

လေးစားပါသော စာဖတ်သူအားလုံး..
ဒီပိုစ်ဟာ ရသစာရေးသူတစ်ဦး၏ ဒီရုပ်ရှင်အပေါ် ပေါက်ကွဲခံစားချက် သက်သက်သာလျှင်ဖြစ်ပါတယ်..။ ခံစားချက်ရှိတဲ့အတိုင်းရေးခြင်းပါ။ ဆောင်းပါးလို့တောင်နာမည်မတတ်ထား.. ခံစားချက်လို့တပ်ထားပါတယ်။ ပုဂိုလ်ရေးထိသွားတယ်ဆိုရင်တောင် ဒါတွေဟာ အမှန်စင်စစ်တွေပါ အဲဒါဘယ်လိုလုပ်မလဲ။ မြုံထားတာကြာတော့ ပေါက်ထွက်တာပဲရှင် မတတ်နိုင်တော့ဘူး။ ဒီစာကိုရေးမယ်ဆိုရင် တန်ပြန်လာမယ့် ဆိုးဆိုးရွားရွားတွေကိုတောင် မျှော်မှန်းထားပြီးဖြစ်ပါတယ်။ ပန်းပျိုးလက်၊ ပန်းသီးငပိချက်၊ ပန်းလေးတွေစိုက်ပြီး အေးအေးလေးနဲ့ နှုးညံ့သူလို့ မိတ်ဆွေအများရဲ့ ချစ်ခင်စွာသတ်မှတ်ခံရမှုများကို ထိခိုက်နိုင်တဲ့အပြင်၊ အစိုးရဒေါက်တိုင်၊ ခွဒေါင်း ဒီမိုကရေစီအရေခြုံ နောက်ဆုံး ရန်သူရယ်လို့တောင် သမုတ်ခြင်းတောင် ခံရနိုင်တယ်ဆိုတာ သိပေမယ့် မြန်မာပြည်တွက် မခံစားနိုင်တော့လို့ရေးခြင်းပါ။ ရက်စက်တတ်တဲ့ နှလုံးသားရှိများရှိလို့ ပြောရမယ်ဆိုရင် ဆယ်ကျော်သက်ထဲက အနောက်နိုင်ငံမှာ အနှစ်၂၀နီးပါးနေသူ ကျမအနေနဲ့ မြန်မာပြည်နဲ့ မပတ်သက်ချင်ဘူးဆိုရင် အခုလိုအချိန်ကုန်ခံရေးနေမယ့်အစား ပတ်သက်စရာအကြောင်းလုံးဝ မရှိတော့ပါဘူး။
ကျမလိုရောက်နေသူတွေ မပြောနဲ့ မြန်မာပြည်က ဘွဲ့ယူလာပြီးရောက်လာသူအချို့တွေ၊ ရှစ်ဆယ့်ရှစ် နောက်ပိုင်းမှရောက်လာသူအချို့ဟာ မြန်မာစကားပြောဖို့နေနေသာသာ တိုင်းပြည်ဘာဖြစ်ဖြစ် အနေသာကြီးဖြစ်ကုန်ပါပြီ အဖက်တောင်မလုပ်တော့ပါဘူးရှင်။ ဒါပေမယ့် ကျမတော့ ဘယ်လိုမှ ကိုယ့်ကိုကိုယ် ဒီပြည်နဲ့မပတ်သက်ပဲမနေနိုင်ဘူးရှင်။ မခံစားပဲ မနေနိုင်ဘူးရှင်၊ ဒီရုပ်ရှင်ကြောင့် လက်မဆိတ်တော့ လက်ထိပ်နာလား.. ဟုတ်ကဲ့ အဲလိုခံစားရတယ်ရှင့်။ ဒီဘက်နိုင်ငံက လူတော်တော်များများက ပညာတတ်အချို့နဲ့ လေ့လာသူများကလွဲလို့ စစ်တပ်နဲ့ပြည်သူ၊ သူကကရင်.. သူကတော့ဗမာ သူကတော့ချင်း၊ ကချင်.. စသဖြင့် ကွဲပြီးသိကြတာမဟုတ်ဘူး။ အကုန်အသုံးမကျဘူး၊ ဇ မရှိလို့ သတ္တိမရှိလို့ ဥာဏ်ရည်မမြင့်လို့ စစ်တပ်ဟာ ဒီလောက်ကြာရှည်နေတာပေါ့၊ ကိုယ်နဲ့တန်တဲ့ အစိုးရ ကိုယ်ရတာပေါ့လို့ (အဲလိုဒဲ့ကြီးတော့မဟုတ်ဘူးပေါ့လေ.. ပညာရှိစကားလှလှလေးနဲ့ပါ) ယူနီဗာစတီတစ်ခုရဲ့ စင်မီနာတစ်ခုမှာ ကျမ တင်ပြမှုတစ်ခုကို အဲလိုကို စော်ကားခံထိတော့ ကျမ ဒီနိုင်ငံကလူတွေအကြောင်း ကောင်း၂သိလို့ ကိုယ့်တိုင်းပြည်တွက်နာလို့ရေးတာပဲရှင်။ ဗမာပြည်ဟာ လူတော်တော်များများအမြင်မှာ အားလုံးသိတဲ့အတိုင်း ဘူတန်၊ ဘာမြူဒါ၊ ဘင်္ဂလားဒေရှ်လောက်တောင် နာမည်မရှိဘူး။ ရမ်ဘိုကားကြည့်ပြီး မဖြစ်စလောက် awareness လေးရတယ်ဆိုရုံကလွဲလို့ တမျိုးသားလုံး အရှက်ကွဲရတာနဲ့ မကာမိပါဘူး။ ကလင်တန်တို့လင်မယား၊ ဘွတ်ရှ်တို့လင်မယားလဲ အသန်းတောင်ပြေမှာမဟုတ်ဘူးဆိုတာ ပါပဲ။

ဧရာဝတီမှ ကိုစိုင်းစိုးဝင်းလတ်၊ မဇိမ မှ ကိုအောင်သူငြိမ်းတို့ နဲ့ ပိုစ်မှာ ကော့မန့်ဝင်ရေးသူများ၏ စာတွေဖတ်ပြီး ဒီရုပ်ရှင်အပေါ်မှာ ဒီလိုခံစားရတာ ကျမ တယောက်ထဲမဟုတ်တာ သိရလို့ အနည်းငယ်ကျေနပ်မိပါတယ်။

မိုးထက်နေ said...

ရမ္ဘိုကိုရမ္ဘိုလို မမြင်နိုင်တဲ့ ပြဿနာလို့ ထင်ပါတယ်
ကျနော်တို့  အချင်းချင်း ငြင်းခုန်နေတဲ့ အချိန်မှာ
ရမ်ဘိုမင်းသားကြီးကလဲ သူ့ နေစဉ်ဘဝအတိုင်းနေထိုင်နေလိမ့်မယ်
နအဖ ကလဲ ဆက်ရမ်းကားနေဦးမှာပဲ
တစ်ခုတော့ သတိပေးချင်ပါတယ်

ရေးချမ်းဆိုတဲ့ လူရေးတဲ့ ဘာသာရေး ဆန်တဲ့ ..
နောက် စင်ကာပူက လူငယ်တွေကို စော်ကားမော်ကားပြောတဲ့ စာတွေကိုတော့ သတိထားပါ
ကိုယ်ဟာ ကို စင်မဆောက်နိုင်တဲ့ သူက သူများစင်ကို သုံးပြီး ပြောတာမျိုးက မကောင်းဘူး
စင်ပိုင်ရှင်အနေနဲ့ လဲ တားမြစ်ဖို့ ကောင်းတယ်

အိမ်ချမ်းမြေ့ ရဲ့ ကိုယ့်ယုံကြည်ချက်ကို အမှန်အတိုင်း ဖော်ထုတ်ရဲ တဲ့ သတ္တိကို လေးစားပါတယ်
မည်သို့ ပင်ဖြစ်စေ ကျနော် အားပေးနေမယ်..
မိုးထက်နေ

စာဖတ်သူ said...

ဒီပိုစ်ဟာ ရသစာရေးသူတစ်ဦး၏ ဒီရုပ်ရှင်အပေါ် ပေါက်ကွဲခံစားချက် သက်သက်သာလျှင်ဖြစ်ပါတယ်..။ ခံစားချက်ရှိတဲ့အတိုင်းရေးခြင်းပါ။ ဆောင်းပါးလို့တောင်နာမည်မတတ်ထား.. ခံစားချက်လို့တပ်ထားပါတယ်။ ပုဂိုလ်ရေးထိသွားတယ်ဆိုရင်တောင် ဒါတွေဟာ အမှန်စင်စစ်တွေပါ အဲဒါဘယ်လိုလုပ်မလဲ။ မြုံထားတာကြာတော့ ပေါက်ထွက်တာပဲရှင် မတတ်နိုင်တော့ဘူး။ ဒီစာကိုရေးမယ်ဆိုရင် တန်ပြန်လာမယ့် ဆိုးဆိုးရွားရွားတွေကိုတောင် မျှော်မှန်းထားပြီးဖြစ်ပါတယ်။ ပန်းပျိုးလက်၊ ပန်းသီးငပိချက်၊ ပန်းလေးတွေစိုက်ပြီး အေးအေးလေးနဲ့ နှုးညံ့သူလို့ မိတ်ဆွေအများရဲ့ ချစ်ခင်စွာသတ်မှတ်ခံရမှုများကို ထိခိုက်နိုင်တဲ့အပြင်၊ အစိုးရဒေါက်တိုင်၊ ခွဒေါင်း ဒီမိုကရေစီအရေခြုံ နောက်ဆုံး ရန်သူရယ်လို့တောင် သမုတ်ခြင်းတောင် ခံရနိုင်တယ်ဆိုတာ သိပေမယ့် မြန်မာပြည်တွက် မခံစားနိုင်တော့လို့ရေးခြင်းပါ။ ရက်စက်တတ်တဲ့ နှလုံးသားရှိများရှိလို့ ပြောရမယ်ဆိုရင် ဆယ်ကျော်သက်ထဲက အနောက်နိုင်ငံမှာ အနှစ်၂၀နီးပါးနေသူ ကျမအနေနဲ့ မြန်မာပြည်နဲ့ မပတ်သက်ချင်ဘူးဆိုရင် အခုလိုအချိန်ကုန်ခံရေးနေမယ့်အစား ပတ်သက်စရာအကြောင်းလုံးဝ မရှိတော့ပါဘူး။
ကျမလိုရောက်နေသူတွေ မပြောနဲ့ မြန်မာပြည်က ဘွဲ့ယူလာပြီးရောက်လာသူအချို့တွေ၊ ရှစ်ဆယ့်ရှစ် နောက်ပိုင်းမှရောက်လာသူအချို့ဟာ မြန်မာစကားပြောဖို့နေနေသာသာ တိုင်းပြည်ဘာဖြစ်ဖြစ် အနေသာကြီးဖြစ်ကုန်ပါပြီ အဖက်တောင်မလုပ်တော့ပါဘူးရှင်။ ဒါပေမယ့် ကျမတော့ ဘယ်လိုမှ ကိုယ့်ကိုကိုယ် ဒီပြည်နဲ့မပတ်သက်ပဲမနေနိုင်ဘူးရှင်။ မခံစားပဲ မနေနိုင်ဘူးရှင်၊ ဒီရုပ်ရှင်ကြောင့် လက်မဆိတ်တော့ လက်ထိပ်နာလား.. ဟုတ်ကဲ့ အဲလိုခံစားရတယ်ရှင့်။ ဒီဘက်နိုင်ငံက လူတော်တော်များများက ပညာတတ်အချို့နဲ့ လေ့လာသူများကလွဲလို့ စစ်တပ်နဲ့ပြည်သူ၊ သူကကရင်.. သူကတော့ဗမာ သူကတော့ချင်း၊ ကချင်.. စသဖြင့် ကွဲပြီးသိကြတာမဟုတ်ဘူး။ အကုန်အသုံးမကျဘူး၊ ဇ မရှိလို့ သတ္တိမရှိလို့ ဥာဏ်ရည်မမြင့်လို့ စစ်တပ်ဟာ ဒီလောက်ကြာရှည်နေတာပေါ့၊ ကိုယ်နဲ့တန်တဲ့ အစိုးရ ကိုယ်ရတာပေါ့လို့ (အဲလိုဒဲ့ကြီးတော့မဟုတ်ဘူးပေါ့လေ.. ပညာရှိစကားလှလှလေးနဲ့ပါ) ယူနီဗာစတီတစ်ခုရဲ့ စင်မီနာတစ်ခုမှာ ကျမ တင်ပြမှုတစ်ခုကို အဲလိုကို စော်ကားခံထိတော့ ကျမ ဒီနိုင်ငံကလူတွေအကြောင်း ကောင်း၂သိလို့ ကိုယ့်တိုင်းပြည်တွက်နာလို့ရေးတာပဲရှင်။ ဗမာပြည်ဟာ လူတော်တော်များများအမြင်မှာ အားလုံးသိတဲ့အတိုင်း ဘူတန်၊ ဘာမြူဒါ၊ ဘင်္ဂလားဒေရှ်လောက်တောင် နာမည်မရှိဘူး။ ရမ်ဘိုကားကြည့်ပြီး မဖြစ်စလောက် awareness လေးရတယ်ဆိုရုံကလွဲလို့ တမျိုးသားလုံး အရှက်ကွဲရတာနဲ့ မကာမိပါဘူး။ ကလင်တန်တို့လင်မယား၊ ဘွတ်ရှ်တို့လင်မယားလဲ အသန်းတောင်ပြေမှာမဟုတ်ဘူးဆိုတာ ပါပဲ။


ဆရာမ စာစုလေးရေးကတည်းက ဒီအချက်ကို ပါအောင်ရေးသင့်တယ် လို့ ကျနော် ထင်တယ်
ဆရာမ သဘောထား ဆရာမ အမြင် ဆရာမ ခံစားချက်အားလုံး ကို ငြင်းဆိုဖို့  မရှိပါ......
အနုပညာ သမား တစ်ယောက်ရဲ့  သတ္တိကို လဲ မြင်လိုက်ရလို့ ကျေနပ်မိပါတယ်....

မောင်မျိုး said...

ဘလော့ရေးတာပဲဗျာ ဘလော့ဂါရဲ့ လွတ်လပ်ခွင့်ပဲ သူရဲ့ခံစားချက်တွေကိုတော့ ပေါက်ကွဲခွင့်ရှိတယ်လို့ ထင်တယ် .....ပို့ စ်ကိုဆုံးအောင်ဖတ်ကြည့်ရင်တော့ စာရေးသူအစ်မရဲ့ စေတနာနဲ့  မြန်မာလူမျိုးတစ်ယောက်ဖြစ်တဲ့ အတွက် မခံရပ်နိုင်လို့ ရေးလိုက်တဲ့ စာပါပဲ ရိုးရိုးလေး စဉ်းစားကြည့်တကယ်ပဲ ငါးကြင်းဆီနဲ့  ငါးကြင်း အကြော်ခံနေရတာပဲ....

Maung Tin Yu said...

ိုကျွန်တော်ဘာမှဝင်ရောက်ပြောဆိုခြင်း
မလုပ်ချင်ဘူး၊ဘာလို့ လည်းဆိုတော့ နိုင်ငံအနှံမှာရှိသောရုပ်ရှင်သူရုပ်ဆောင်တွေ၊ဒါရိုက်တာ
တွေ၊ရိုက်ကြပါတယ်၊ သမိုင်းတို့  ဖြစ်ရပ်မှန်တို့ ကိုအခြေခံသောဇတ်ကားတွေ၊ဒါကြောင့် 
ရုပ်ရှင်ကိုရှင်ရှင်လိုဘဲမြင်တာရယ်၊ သူအလုပ်သူလုပ်သွားကြတာလိုဘဲမြင်ထားကြတာရယ်
ကြောင့်ပါ၊
သို့ ပေမဲ့ ပြောစရာကြီးမားသောအကြောင်းကရှိနေတယ်
မြန်မာနိုင်ငံဟာဘယ်တုံးကများပြဌာန်တာပါလည်း " ဗုဒ္ခဘာသာကိုနိုင်ငံတော် ဘာသာအဖြစ်၊
ဘာလို့ လည်းဆိုတော့ စာရေးသူကပြောတဲ့(နိုင်ငံတော် ဘာသာဖြစ်တဲ့ ဗုဒ္ခဘာသာကို မကိုးကွယ်တဲ့ ကရင်တွေသာမက အခြားသော ဗမာများနဲ့ လူမျိုးစုတွေအတွက်ပါ ဆိုးသွားနိုင်ပါတယ်)
ကျေးဇူးပြုပြီးရှင်းပြပေးပါ၊
လိုအပ်ရင်လည်းအမှားပြင်ဆင်ချက်လို့ ရေးပေးပါ။

ကောင်းကင်ကို said...

ဘာပဲ ဖြစ်ဖြစ် စိတ်မပျက်ပါနဲ့ မအိမ့်ရေ။ ကိုယ့်ရင် ထဲက လိပ်ပြာသန့် ရင် ပြီးတာပဲ။ ရေးရဲတဲ့ သတ္တိကိုလည်း လေးစားပါတယ်။ အမြင် အမျိုးမျိုးရှိတာ၊ အမြင်တွေ ပုဂ္ဂိုလ်စွဲ မပါပဲ ကွဲပြားတာ ဟာ ရင့်ကျက်မှုရဲ့ လက္ခဏာ၊ ဒီမိုကရေစီရဲ့ လက္ခဏာပါ။ ဒါပေမယ့် ရေချမ်းဆိုသူနဲ့  May Burma ရဲ့  လူမျိုးရေး ဘာသာရေး အစွန်းရောက် မှုကိုတော့ ရှုတ်ချတယ်ဗျို့ ။
မအိမ့်ကိုတော့ အားပေးပါတယ်။ ရမ်ဘိုကား အဆင့်မမြင့်ဘူးဆိုတာမှန်ပါတယ်။ တကယ့် ပီပီပြင်ပြင်နဲ့  လက်တွေ့ ဆန်တဲ့ ဒရာမာ ဇာတ်ကားမျိုး ရိုက်နိုင်ရင် ကောင်းမှာပါ။

Anonymous said...

Nationalisim is the best medicine for dictatorship. What? fight for SPDC if foreign countries invade? Yeah it's your call. Happy for being slaved by junta for Centuries? That's all minorities saying: rather being slaved by Whites, than Burman. You all are blocked in that narrow mind. Leave Rambo alone as Moe Htet Nay said.

Anonymous said...

ဘလော့ရေးတာပဲဗျာ ဘလော့ဂါရဲ့ လွတ်လပ်ခွင့်ပဲ သူရဲ့ခံစားချက်တွေကိုတော့ ပေါက်ကွဲခွင့်ရှိတယ်လို့ ထင်တယ်

Regards,
Marry Aye
Make money online with payment proof!
http://work-at-home-housewife.blogspot.com

N said...

Any way, I appreciate & respect much to Stalon (Rambo). Cos, he can make money by any other ways to get much much better than the income from this movie, but he select to show up about our Junta treatment to our nationalities (the religious should not be exposed). And the most important thing is: Our Shameless, Heartless, Brainless, Un-educated & Un-intergrated JUNTA should be treated as Ramboo's ways. This army cannot be faced/ treated as educated political way (as UN's way). And now is time to release from this Junta, not to maintain the nation first. By holding the "Nation" strongly and stand under this Junta, we cannot help or feed our nationalities who cannot stand for their life (even to eat rice) as well as all arested politacle people in the J. All educated and wise people should consider for the poor & uneducated our nationalities who cannot have routine meal, rather than wise people adventages of politac. I believe that even though we are managed by U.S, our people still can eat routinly and can stand with certain/suitable living standard and freedom life (real independance). Currenly, even we cannot listen BBC/ VOA. RFA freely). Please understand & realize the real situation inside Myanmar. This movie show that Myanmar Junta should be treated as this way. (Ya Yin Ya, Ma Ya Yin Cha).

Anonymous said...

ဒီအစိုးရကို ကြောင်သိုးကြီးကိုယ်တိုင်လဲ မကြိုက်ဘူး ဒါပေမဲ့ လူဆိုတာ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းရင် လူသိပ်မမြင်အောင် လှန်ပြီးထောင်းတတ်တယ် ခုတော့ သူများကလာလှန်ပြီး ထောင်းတော့ အကုန်ုလုံးကိုပေါ်ပါလေရောလား

ကြောင်သိုးကြီး

Soe Mya Nandar Thet said...

I am so glad the facts to read about that kind of post in your blog. Because i find quite offensive and disappointed the fact that majority of people who taking wrong points to thanks to RAMBO (Stallone) for no good reason.

As with PATRIOTISM way.., I totally reject to that film and the people who supported. Shame on them.

Regardless of what goverment we have, we have to stood up for our people and country whenever is necessary to able to protect and defend to our rights when the other country taking advantages on us. That's call Patriotism.

Everyone has the right to freedom of opinion and expression. I respect you to brought up that issue. Welldone Author.

Anonymous said...

If i were send back to about 1870s,(upper was ruled king Thipaw,lower was British),i will choose lower to settle.Because if my wife is beautiful king"s friend Mg Mg Toke will take her.He can also kill me by his personal.Queen can kill me by her personal.They can do whatever they want.Even the Myok Oke(town governer)can kill me any reason.No rule.
But British governer at lower,can not kill me unless i brake their rule.He can not kill me by his personal.He can not occupy my wife.so.u want to live as slave at lower or with ur master at upper?Answer me?

Anonymous said...

thank u for commenting like this, that's the true sense of real Myanmar nationality, i copied ur words and i forwarded to all of my fris, i also told them that this is written by u.
thank u

May15 said...

I prefer "Beyond Yangon" than "Rambo 4". As you all said above, watch the movie as a movie, Rambo 4 doesn't have proper story unlike "Beyond Yangon". You can watch at Youtube. The film was showed in 1995 but I didn't know that the film was existed at that time because i was only 6th Grade at Yangon at that time.I just gotta know it from Khayanpyareinmat web.

Anonymous said...

Hi I totally agree with you, democracy is just a tool and not an end in itself. I want democracy not for democracy per se. I think we need that governance system in place so that watch dogs can be operating to monitor and kick the asses of corrupt officials and politicians alike, press could be free and responsible acting as fifth pillar of democratic state, law and order will be there, justice will be free for all and penality for any ill doing so that no one above the law. But craving for democracy does not mean that open the gates for aliens so that illegal immigrants from east or west will flood and breed our girls, belief in democracy is not equal to let aliens swallow our country, sink all aspects of our lives, our faith, our culture. If we do good, we will enjoy the fruits of our hard work ourselves and respecting human rights do not mean that we will share our hard earned prosperity with others. Loving democracy does not mean that we will not defend identity and economy. Democracy does not have any Jihad as it is not an ideology but a system for government to run.

So while I am a supporters of democracy and I believe in basic human rights, I dont like Rambo. I know sly, slick and sneaky Stallone
was just making money, I know holywood is just entertainment but I dont like to see my country portaryed as a nation of bigots, a corrupted country, a land of child abusing, gang raping people. I dont like power greedy generals but it does not automatically made me a guy who will swallow whatever the opposition (esp. exile folks) throws.

So here, I support you saying that you find that film distasteful and I will never feel shy or give a shit what other people say.

မေ said...

ဒီကားကိုကြည့်ပြီး အိမ့်ချမ်းမြေ့ပြောသလိုပဲ ခံစားရပါတယ်။ ကျွန်မအနေနဲ့ နိုင်ငံရေးနဲ့ ဒီ ရန်ဘိုကားကို တွဲပြီး ကြည့်လို့မရပါဘူး။ စစ်အစိုးရကိုမုန်းသလို ဒီ ရန်ဘိုကားရဲ့ ပြကွက်တွေကိုလဲ တော်တော်လေး မကြိုက်ပါဘူး။ ဘာအနှစ်သာရမှ မရပဲ အလကား ပိုက်ဆံကုန်စေတဲ့ ကားလို့ပဲ ထင်ပါတယ်။

LinkWithin

Related Posts Plugin for WordPress, Blogger...