မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Tuesday, January 29, 2008

မစ္ဇ္ဇရီ

ငိုကြွေးနေတဲ့ မျက်ဝန်းတွေ..
ငတ်မွတ်နေတဲ့ အစာအိမ်တွေ..
ကြေမွနေတဲ့ အသည်းနှလုံးတွေ
မခံရပ်နိုင်မှုတွေကို မြိုသိပ်လို့
နည်းလမ်းတွေမဲ့
ခပ်ယဲ့ယဲ့အပြုံးတွေနဲ့
သေနတ်တွေ၊ ဖိနပ်တွေ
လိမ်ညာစကားနဲ့ အရောင်လက်ဘားတွေအောက်
အကြောက်တရားနဲ့ ထွက်ပေါက်အားမဲ့ နိုင်ငံတစ်ခုထဲက
လူသားတစ်စုရဲ့ မစ်ဇ်ဇရီအပေါ်မှာ..
အမြတ်ထွက်သွားတဲ့ အကြောင်းတွေ
ပြောပြချင်သေးတယ်…။

ဆောင်းနင်းမြူတွေထဲ
လုပ်စရာမရှိလို့
အေးခဲတဲ့ မီလင်းဖိုကိုနွှေး
ပက်ပစီတစ်ပုလင်း၊ ပီဇာတစ်ဗန်း
ဘီယာတွေ တခမ်းတနား
ဆန်းပြားတဲ့ ကြက်သားကြော်
စားစရာနော်.. မျိုးစုံပါပဲ..
အပြင်းပြေ ပျော်ရာရှာမယ့်
လူဖြူ၊လူမဲ၊ လူနီလူဝါတွေ..
နောက်ပြီး…
ရုပ်ရှင်ဂီတ အသိုင်းအ၀ိုင်းက
ဆောင်းတွင်းညရဲ့
ပျင်းရိသွေ့ခြောက်နေတဲ့ လူငယ်တစ်စုတွက်
ဖျော်ဖြေရာ ဖန်သားပြင်ပေါ်က
အကျအန တီးကွက်တွေ
ရှုခင်းရှုကွက်.. ရိုက်ကွင်းရိုက်ကွက်
Effect မျိုးစုံကို
ဘယ်ထောင့်က ဘယ်လို
စိမ်ပြေနပြေ လေဘေးတွေဖြောင့်
ကြောင့်ကြမှုမဲ့စွာ
ငါတို့လူမျိုးတွေရဲ့ မစ်ဇ်ဇရီဟာ.. သူတို့အတွက်တော့ ဖျော်ဖြေစရာသက်သက်…
လူ့ဘ၀ဇာတ်ခုံပေါ်က ကကြိုးတစ်ကွက်တဲ့လား..
သိပ်ခက်နေပြီပေါ့ကွယ်….။

ဘားမားလား
ဟင့်အင်း.. ခုထိလူတော်တော်များများ
ဘာမှန်းမသိပါဘူး..
ဒီရုပ်ရှင်လား သွေးသံရဲရဲ လက်ပြတ်ခြေပြတ်..
xploding heads, spilled intestines,
decapitation, unambitious line တွေနဲ့
ဘာအနှစ်သာရမှမရှိ..

အော်.. တစ်ကယ့်အဖြစ်တွေကိုအခြေခံတာလား..
မသိပါဘူးကွယ်..
ဖြစ်နေတဲ့ ပြဿနာတွေလား..
အိပ်ရေးတောင် မပျက်အားကြပါဘူး…
“ငါတို့တိုင်းပြည်တွေမှာလဲ ပြဿနာပေါင်း
သောင်းခြောက်ထောင်..
နိုင်ငံရေး. စီးပွားရေး.. လှုမှုရေး..
အမြတ်ထုတ်စရာ.. လားလားမှမရှိတဲ့
တိုင်းပြည်သေးသေးလေး..
ငါတို့ ဂရုမစိုက်သေးဘူး..
အုပ်ချုပ်နေသူတွေနဲ့ အုပ်ချုပ်ခံရသူတွေ…
အနိုင်ကျင့်နေသူတွေနဲ့ အနိုင်ကျင့်ခံနေရသူတွေ..
လက်နက်ကိုင်ထားသူတွေနဲ့ လက်နက်မဲ့သူတွေ…
ခွဲမမြင်ဘူး.. ကွဲလဲမမြင်ဘူး..
မင်းတို့ အားလုံး အတူတူပဲ..
ကိုယ့်ပြဿနာ ကိုယ်ရှင်းကြလေ
ဒီလိုစကားတွေအောက်..
အရည်ပျော် ပျောက်ဆုံးမသွားအောင်
ကြိုးစားနေလိုက်ဦးမယ်…။

ဗလထုတ်ပြ၊ ငွေထုတ်ပိုက်ကြမယ့်
ဖန်သားပြင်ပေါ်က ကကွက်လေးတစ်ကွက်
အမုန်းမျိုးစေ့လေး တစက်ကြောင့်တော့
အပြစ်မရှိသူ ပြည်သူတွေကို
မလိုမုန်းထား အငြိုးပွားလို့
တိုင်းပြည်သစ္စာဖောက် အမေရိကန်နောက်လိုက်လို့စွတ်စွဲ
ရွာလုံးကျွတ် မီးမစွဲပါစေနဲ့..
ခံယူချက် အယူဝါဒ နဲ့
ကိုးကွယ်မှုပုံစံတွေ မတူညီလဲလေ
လူလူချင်းတွေပါ..

ငြိမ်းချမ်းရေးကို သေသည်အထိ
မျှော်ကြည့်နေလိုက်ဦးမယ်…။

မစ္ဇ္ဇရီ = Misery


4 comments:

စာဖတ္သူ said...

“နိုင်ငံရေး. စီးပွားရေး.. လှုမှုရေး..
အမြတ်ထုတ်စရာ.. လားလားမှမရှိတဲ့
တိုင်းပြည်သေးသေးလေး..
ငါတို့ ဂရုမစိုက်သေးဘူး..”


ငြိမ်းချမ်းရေးကို သေသည်အထိ
မျှော်ကြည့်နေလိုက်ဦးမယ်…။


ဆရာမ စာပြန်ရေးလို့  တော်တော် ဝမ်းသာတယ်...
အဲဒီ စာစုလေးနှစ်ခုကို တော့ ကိုယ့် အဘိဓမ္မာအရ့ကိုယ်စာလုံးပြန်ပေါင်းဖို့ 
ရင်ဘတ်ထဲ မျိုချသွားပါတယ်
ဆက်ရေးပါ ဦး..... ဆရာမ

တန်ခူး said...

ခံစားရတယ်...မစ်ဇ်ဇရီ။
အိမ့်ရေ...postအသစ်လေးတွေ့တော့ အလွမ်းတွေပြေရော။။
Happy Birthday! Back Dated Birthday Wish ပါ။

ကောင်းကင်ကို said...

ဖန်သားပြင်ပေါ်က ကကွက်လေးတစ်ကွက်
အမုန်းမျိုးစေ့လေး တစက်ကြောင့်တော့
အပြစ်မရှိသူ ပြည်သူတွေကို
မလိုမုန်းထား အငြိုးပွားလို့
တိုင်းပြည်သစ္စာဖောက် အမေရိကန်နောက်လိုက်လို့စွတ်စွဲ
ရွာလုံးကျွတ် မီးမစွဲပါစေနဲ့..
ခံယူချက် အယူဝါဒ နဲ့
ကိုးကွယ်မှုပုံစံတွေ မတူညီလဲလေ
လူလူချင်းတွေပါ..

ငြိမ်းချမ်းရေးကို သေသည်အထိ
မျှော်ကြည့်နေလိုက်ဦးမယ်…။

ကဗျာလေးကို နှစ်သက်စွာ ခံစားသွားတယ်ဗျာ။

PeTi said...

မလေးရေ.. ဖတ်ပြီးတော့ တကယ်ပဲ ခံစားသွားရပါတယ်။ ဟုတ်တာပေါ့…ခံယူချက်တွေ မတူညီလည်း လူလူချင်းတွေပါ..

LinkWithin

Related Posts Plugin for WordPress, Blogger...