မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Saturday, January 12, 2008

ရွှေမှုန်ခင်းတဲ့ သက်တန့်တစ်စင်း

မြက်ခင်းစိမ်းတွေပေါ်မှာ
မိုးရေစက်လေးတွေ ခိုတွယ်နေတယ်။
လေအယိမ်းမှာတော့…
တိမ်းနွဲ့တဲ့ သစ်ရွက်ကြွေတွေကို
ငှက်ပျို ငှက်ကျားလေးတွေက
ခုန်ဆွခုန်ဆွနဲ့ လိုက်ဖမ်းဆုပ်ဖို့ ကြိုးစားကြလို့
ရှဉ့်လေးတွေက မဟားတရားရယ်မောလိုက်ကြတယ်..။




ခပ်လှမ်းလှမ်းမှာတော့
ဆီမီးရောင်ကြော့ကြော့လေးတွေ
လှုပ်ခတ်နေတယ်။
မနွမ်းပါးတဲ့ ကောင်းကင်ကတော့
ညို့ညို့မှိုင်းမှုန် လွမ်းရိပ်ထုံသင်း
လေပြေညှင်းက ဆော့ကစားသွားတယ်…။

ဟော..
ကောင်းကင်မှာ က့််တစ်စင်း
မှိန်ရာကလင်း… လင်းရာကတောက်..
ရွှေမှုန်တွေ တဖောက်ဖောက်ကျလာသလို..
အို…
မင်းမျက်နှာလှလှ.. မေ ဖူးတွေ့လိုက်ရသလိုပေါ့ကွယ်..


ဒီနေ့ တစ်ဆယ့်နှစ်ရက်နေ့..
ကောင်းကင်က က်တန့်အလင်းနဲ့
အလွမ်းတွေသက်ဆင်းလာနေကြလေရဲ့..
ကြာခဲ့ပြီဆိုနိုင်ပေမယ့်လဲ…
မေ့ အတွက်တော့….
……………………….
မနေ့ကလိုပဲပေါ့ကွယ်..


ပြန်ဆုံပါရစေ.. နော်..




4 comments:

လူရွှင်တော် said...

ရေးထားတာက အပေါ်နှစ်ပိုဒ်နဲ့ အောက်နှစ်ပိုဒ် Rhythm မဖြစ်ဘူးနော် ကိုယ်ပိုင် Pattern
လားတော့ မသိဘူး ။။။ ကဗျာအနေနဲ့ ခံစားလို့ မရလို့  အချစ်ဆုံး အနေနဲ့ ဖတ်သွားပါတယ်။ ပြန်ဆုံနိုင်ပါစေ။

အေးချမ်းသူ said...

မလေး... အဲဒီနေ့မနက်က ညီမလေးတော့ ငိုချင်သလိုလို..... အားလုံး ကိုယ့်အကြောင်းနဲ့ကိုယ်ချည်းပဲနော်... မလေးရဲ့လက်မှတ်လေးက အဖြူကွပ်ထားတော့ သိပ်မပေါ်ဘူး မလေးရဲ့။ မလေးရဲ့ သောကြာကြယ်ကို ညီမလေး ညတိုင်း မလွတ်တမ်းစောင့်ကြည့်တယ်။ သောကြာကြယ်ရဲ့နေရာကိုမသိတော့ မျက်လုံးထဲမှာ မလေးရဲ့ စာသားတွေပဲမြင်နေတယ်။ ခုတော့ ညီမလေး သောကြာကြယ်နဲ့ ထူးမရဲ့ ထပ်တူမျှတဲ့ အရာ ရှာကြည့်နေတုန်းပဲ။ ကွန်မန့်က ရေးလို့ရဘူး မလေးရဲ့။

တပြည်သူ အိမ့်ချမ်းမြေ့ said...

ကိုလူရွှင်တော်ရယ်..
သိပ်ခံစားနေရရင် ကဗျာတစ်ပုဒ်ထွက်လာဖို့တောင် မလွယ်တဲ့ကြားက
နှလုံးသွေးနဲ့ ရေးထားတော့ ကပေါက်တိကပေါက်ချာပါပဲ။ ကဗျာလို့ခေါင်းစဉ်တပ်ဖို့ မသင့်တဲ့ စာစုပေါ့လေ။ ဘယ်လိုပဲဖတ်ဖတ်.. စာရေးသူရဲ့ ခံစားချက်ကို ဝေမျှပေးသွားသူတိုင်းကို ကျေးဇူးတင်ပါတယ်ရှင်..။
ပေးတဲ့ဆုနဲ့လဲ ပြည့်ပါစေ.. မဝေးတော့တဲ့ အနာဂတ်မှာပေါ့။

ညီမလေးနှင်း..
အားလုံး ကိုယ့်အကြောင်းနဲ့ကိုယ်ချည်းပဲနော်...
ဟုတ်တယ်နော်.. အားလုံးသူ့အကြောင်းတွေနဲ့ သူချည်းပါပဲ..

တန်ခူး said...

ကောင်းကင်က သက်တန့်အလင်းနဲ့
သက်ဆင်းလာတဲ့ အလွမ်းတွေဟာ
မေမြတ်နိုးတဲ့ 'မင်း' ဆီကများလား?
အလွမ်းတွေ ဝေးဝေး
လှပတဲ့ ပြန်ဆုံချိန်လေး
အမြန်ဆုံးရရှိနိုင်ပါစေ...။

LinkWithin

Related Posts Plugin for WordPress, Blogger...