မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Saturday, December 15, 2007

မှ………. သို့ - (အိမ့်ချမ်းမြေ့၏ အိပ်မက်တစ်ခု)




From Carnage………..

Rage ဒေါသလက်ကိုင်ထားခြင်း၊ ပုဆိုးသို့မဟုတ် ထမီအလံလွှင့်ခြင်း
Violence ကိုယ်ထိလက်ရောက်ဖြစ်စေ၊ နှုတ်ဖြင့်ဖြစ်စေ စော်ကားခြင်းအာဏာယစ်မူးပြီး
လက်နက်ကိုင်၍ အနိုင်ကျင့်ခြင်း
Carnage သွေးထွက်သံယိုဖြစ်စေခြင်း၊ အချင်းချင်းလည်လှီးခြင်း
Exclusion တံဆိပ်တစ်ခုခုတပ်၍ ကျဉ်လိုက်ခြင်း(ဥပမာ.. ခွဒေါင်း၊ စပိုင်)




To Civility ……………..

Reason အကျိုးကြောင်းဆီလျော်စွာ၊ တွေးတောဆင်ခြင်နိုင်သော သမာဓိဥာဏ်ရှိခြင်း
Legitimacy တရားမျှတခြင်း
Civility တဖက်သားကိုနားလည် စာနာခြင်း၊ ယဉ်ကျေးသိမ်မွေ့ခြင်း လက်နက်တွေ၊ ရွှေဘားတွေ၊ ဗျောက်တွေကိုလည်းကောင်း၊ ရုန့်ရင်းကြမ်းတမ်းသောဆဲဆိုမှုတွေကိုလည်းကောင်း အမှိုက်ဗုံးထဲထည့်ပြီး စားပွဲတစ်လုံးတွင် မျက်နှာချင်းဆိုင် ဆွေးနွေးခြင်း
Debate အကျိုးသင့်အကြောင်းသင့် ဆွေးနွေးငြင်းခုံနိုင်သော အရည်အချင်းများပိုင်ဆိုင်ခြင်း

"A day will come when the only fields of battle will be markets opening up to trade and minds opening up to ideas. A day will come when the bullets and the bombs will be replaced by votes, by the universal suffrage of the peoples" Victor Hugo (1849)

From Carnage .......... to Civility

2 comments:

မိုးထက်နေ said...

To Family....................
Love ချစ်ခြင်းမေတ္တာ
Kindness နွေးထွေးကြင်နာခြင်း
Trust ယုံစားခြင်း
Sweetness နှောင်တည်းခြင်း

မိုးထက်နေ said...

"A day will come when the only fields of battle will be markets opening up to trade and minds opening up to ideas. A day will come when the bullets and the bombs will be replaced by votes, by the universal suffrage of the peoples" Victor Hugo (1849)
ပို့ က ထပ်ပြောင်းတော့လဲ ထပ်ရေးရပြန်ဦးမယ်။ ဗစ်တာဟူဂို ပြောတဲ့ A day ရောက်ဖို့ ဆိုတာ လူအားလုံး မိမိကိုမိမိ လူဖြစ်ကြောင်း အသိအမှတ်ပြုလာတဲ့ နေ့ ရောက်မှ ဖြစ်မယ်။
ကိုယ့်ကိုကိုယ် လူဖြစ်တာ မသေချာသေး သမျှ ဘာသာ၊လူမျိုး အတ္တ၊ အသိုင်းအဝိုင်း အတ္တတွေ ရှိနေသမျှတော့ ဖြစ်နေပါလိမ့်ဦးမယ်။ ထင်တယ်လေ တော်တော်ဝေးလိမ့်ဦးမယ်။
တစ်ကမ္ဘာလုံး နိုင်ငံတစ်ခုလို နေနိုင်လာရင်၊ နေရာတစ်နေရာထဲ မှာ ဘာသာပေါင်းစုံ ဝတ်ပြုသွားလာနိုင်ရင်၊ ဖြူ၊နီ၊ဝါ၊မဲ အကုန်ကို တစ်ရောင်ထဲလို မြင်လာရင်၊ အလုပ်ကြမ်း သမား
တစ်ယောက်နဲ့  CEO တစ်ယောက် ခမည်းခမက် တော်လာနိုင်ရင်၊ (ဒါတောင် ဟယ်လင်မင်းသမီး ကို နားလည်နိုင်ဖို့ ကြိုးစားဖို့ လိုအုံးမယ်)၊
ရေးရင်နဲ့ ရင်တွေ များလာပြီ။ ဒါပေမဲ့ ၁၉၄၅-၂၀၀၇ အထိ တစ်ကမ္ဘာလုံး သေတဲ့ကြေတဲ့ စစ်ပွဲတွေ ဖြစ်မလာတာ ကိုကြည့်ရင် အတော်အတန်တော့ ယဉ်ကျေးလာဟန်တူ ပါရဲ့ ။
အန်ကယ်တွန် တို့ လဲ သိပ်မရမ်းဖို့ လို သေးတယ်။ အားလုံးတူညီတဲ့ လက်နက်တွေ ကိုင်ထားရင်ဖြစ်ဖြစ်၊ အားလုံးမှာ လက်နက်တွေ မရှိတော့ရင်ဖြစ်ဖြစ် သိပ်ကောင်းမယ်။

LinkWithin

Related Posts Plugin for WordPress, Blogger...