မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Sunday, December 02, 2007

နှင်းတွေလဲ ကျနေသည်.. ဒီဆောင်းမြောက်လေမြူးသည်..

ဒီဇင်ဘာဝင်တာနဲ့ နှင်းတွေက တဖျောက်ဖျောက်ကျနေတာ ၂ရက်ဆက်တိုက်ရှိပြီလေ..

ရုပ်ရှင်ကား ကောင်းကောင်းလေးကြည့်ပြီး ၀ိုင်လေးသောက်ပြီး အိမ်ထဲမှာ မီးလင်းဖိုလေးနဲ့ နေနေတယ်……..

လို့ ….မထင်လိုက်ပါနဲ့..။

ရေနွေးကြမ်းသောက်ပြီး အလုပ်သွားဖို့ ကားထွက်လို့ရအောင် ကော်ပြားနဲ့ လမ်းဆင်းဆင်းရှင်းနေရပါတယ်။

ကြာရင် ဒီနိုင်ငံက မိန်းမတွေလို အပေါ်ပိုင်းကြီးပြီး ပခုံးကြီး ကား လာတော့မယ်ထင်ပါတယ်။


ဒီနေ့ ညီမလေးရဲ့ မွေးနေ့ စားသောက်ဆိုင်တစ်ခုခုမှာ ထမင်းတူတူစားဖို့ ချိန်းထားတာလဲ ဖျက်လိုက်ရတယ်။

မုန်တိုင်းများ ၀င်လာဦးမလားမသိ…။

ဒီညတော့ မိုးရွာမယ်လို့ ရေဒီယိုက ဆိုထားတယ်လေ။

မိုးရွာမှ နှင်းပျော်မှာမို့…

မိုးကိုစောင့်နေပါတယ်။


အွန်လိုင်းမတက်ဖြစ်တာ အရမ်းကြာနေလို့ အားလုံးကို သတိရလျှက်

ချိုရွှင်သော ဒီဇင်ဘာဖြစ်ပါစေလို့....




နွေနှောင်းမိုးစက်တွေအောက်က ရွက်စိမ်းတွေ လွှမ်းခြုံထားတဲ့ ချယ်ရီပင်လေးဟာ…

အခုတော့လဲ.. နင်းပွင့်ဖြူတွေနဲ့ လိမ်းချယ်လို့ အလှဆင်ထားပါတယ်....




ဒါကတော့နှင်းရည်စိုစွတ်တဲ့ ဂျပန်မေပယ် ပင်လေး…



နွေတုန်းက ပန်းသီးပင်က



နှင်းတွေကြားမှာ အရွက်မဲ့နေတယ်..
(အိမ်ပေါ်က လှမ်းရိုက်လို့ အပင်က ပုသွားသလို ဖြစ်သွားတာပါ)


ဘာညာ.. ညီမ .. အမ သတိရနေပါတယ်။ စိတ်ချမ်းသာပါစေ။
ဘာညာ့ ပန်းသီးပင် ချမ်းနေတယ် လာကြည့်လိုက်ဦးနော်

6 comments:

ချစ်စု said...

မလေးရေ.... မင်္ဂလာပါ။ ပျော်ရွှင်ဖွယ် ကောင်းတဲ့ ဒီဇင်ဘာလဖြစ်ပါစေနော်...
နှင်းတွေကျူံးနေရလို့ ပင်ပန်းနေပြီလားဟင်....။
နှင်းတွေထဲမှာ ခဏလောက်တော့ဆော့ချင်သား.....
နှင်းကျနေတဲ့ပုံလေးတွေကြည့်ချင်သေးတယ်နော်.....မလေး
အဆင်ပြေရင်တင်ပေးနော်...မလေး

မိုးထက်နေ said...

ခေါင်းစဉ်ကို သဘောကျတယ်.....နှင်းတွေကိုလဲ သဘောကျတယ်... ပြီးတော့.... သဘောကျတယ်

Mr.Pooh @ မောင်ပွတ် said...

ကျွန်တော်က အဲလို နှင်းပုံကြီးတွေနဲ့ နေချင်တာ။ အရိုးကွဲအောင်အေးလေ ကြိုက်လေပါပဲ။ ကြာကြာနေရင်တော့ မသိဘူး။း) မနေဘူးတော့ နေချင်မိတယ်။ ဓါတ်ပုံလေးတွေ တင်ပေးနော်။ နှင်းတွေ လွှမ်းနေတဲ့ သစ်ပင်ကြီးတွေနဲ့ လမ်းမကြီးတွေပေါ့။ (ဘလော့ဂ်တိုင်းမ် အတွက် ကျေးဇူးပါ)

Angel said...

အခုတော့သိ ပြီ…………… သည်

layma said...

ခုတော့ သိပြီ...မလေးကို လွမ်းသည်...။
မလေး...လေးမကို ပစ်ထားတယ်နော်...။
ဝမ်းနည်းတယ်။။။

ဘာညာ said...

မလေးရေ.. နှင်းတွေတောင်ကျဘီပေါ့နော်။ အနော့်သစ်ပင်လေးလည်းချမ်းနေရော့မယ်( မလေးပေးမပေး ယူလိုက်ပီ)။ သူကနှင်းလေးတွေနဲ့ ဆိုတော့လည်း လှသား။ မလေးရေ... နွေးမိုးဆောင်း အဲ့သစ်ပင်မြင်တိုင်း ဘာညာ့ကိုသတိရပေးပါ။ မွမွ

LinkWithin

Related Posts Plugin for WordPress, Blogger...