မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Tuesday, November 13, 2007

လွမ်းတယ်….။

လွမ်းတယ်……….
ဆီမီးလေးတွေ လှုပ်ခတ်သွားတဲ့အခါ
ထင်းရှုးကိုင်းတွေ ကြွေကျသွားတဲ့အခါ
ငှက်ကလေး တစ်ကောင် ပျံထွက်သွားတဲ့အခါ..
လွမ်းတယ်….။

လွမ်းတယ်………..။
ရောင်စုံသစ်ရွက်တွေ ကြွေသွားတဲ့အခါ
တိမ်နီတွေ လွင့်သွားတဲ့အခါ
ရထားဥသြသံတွေ ပျံ့လွင့်တဲ့အခါ…..
လွမ်းတယ်…။

လွမ်းတယ်….။
ကြယ်တွေကို မင်းမျက်ဝန်းတွေနဲ့ မှားတဲ့အခါ…
ဆံနွယ်တွေ လေမလွင့်တဲ့အခါ
ပင်လယ်ပြင် တိတ်ဆိတ်စွာ ငိုညည်းတဲ့အခါ…
လွမ်းတယ်……။

မေ… လေ
မသေခင်အထိ..
မင်း ကို လွမ်းနေမယ်….



တနှစ်ခွဲခဲ့သော်လည်း.....
မနေ့ကအတိုင်းပဲ။



4 comments:

Anonymous said...

မလေးရဲ့ အလွမ်းကို မှန်းရင်းနဲ့ ခံစားသွားတယ် မလေး။

eithu said...

ကဗျာလေးက လွမ်းစရာ ..
ဥပမာ အင်္လကာလေးတွေ လှတယ် အမ ..

မေလေးရဲ့မောင် said...

အင်း ဘာလိုလိုနဲ့ တစ်နှစ်ခွဲတောင် ရှိသွားပြီနော်..

Yan said...

မောတယ်….
လျှပ်စစ်မီးတွေ ဆိတ်သုဉ်းလို့
အမြန်နှုန်းတွေ လျော့ကျ
ဖယောင်းတိုင် တစ်တိုင်နဲ့နေခဲ့ရတဲ့ ညတွေမှာ
ရင်ထဲမှာ အလိုမကျလို့
မောတယ်…။

မောတယ်….။
အလုပ်ကိုနောက်ကျလို့
ဘူတာရုံကို အပြေးသွား
ဥဩသံ နီးကပ်လာပေမယ့်
ဒါဟာ ကိုယ်စီးမယ့် ရထားမဟုတ်မှန်းသိလိုက်ရတဲ့အခါ
မောတယ်….။

မောတယ်….။
အိပ်ငိုက်လို့ ကောင်းကင်ကို မော့ကြည့်တဲ့အခါ…
ခေါင်းမလျှော်လို့ ဆံပင်တွေ ရှုပ်ယှက်ခက်နေတဲ့အခါ…
တံတားပေါ်အရပ် ပင်လယ်ကမ်းစပ်က ခြောက်ခြားစွာ လှိုင်းလုံးတွေ ပုတ်ခတ်တဲ့အခါ…
မောတယ်…..။

ကိုယ်…လေ
နှလုံးအားတိုးဆေးတွေ ဆက်သောက်နေရဦးသရွေ့
မောနေမယ်…
သိပ်ကိုမောနေမှာပဲ…။

တစ်နှစ်ခွဲခဲ့ပေမယ့်
ခုထိ မောနေတုန်းပဲ…

~ရေခဲငှက်~

LinkWithin

Related Posts Plugin for WordPress, Blogger...