မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Thursday, November 08, 2007

အိတ်

ဂျစ်က တက်ဂ်ထားတော့လဲ ရှက်ရှက်နဲ့ ရေးရပါတော့တယ်။
တက်ဂ် ဂိမ်းတွေဟာ ကိုယ့်အဖြစ် လူတော်တော်သိစေပါလားနော်။
ကျွန်မအိတ်က မှောက်ချလိုက်တော့မှ သူများတွေလို စိတ်ဝင်စားစရာမကောင်းဘူးဆိုတာ သိလိုက်ရတယ်။ အထူးသဖြင့် ဒီမို့အိတ်ဆို စိတ်ဝင်စားစရာတွေ တပုံတပင်ပါပဲ။ ဘာလေးတွေလဲဟဲ့ ဆိုပြီး သူ့အိတ်ထဲက ချစ်စရာပစ္စည်းလေးတွေကို စိတ်ဝင်တစား ကျွန်မသေသေချာချာ ကြည့်ခဲ့လိုက်သေးတယ်။




ကျွန်မအိတ်ကတော့ ဘာမှထွေထွေ ထူးထူးတော့မရှိပါဘူး။ အကြွေးဝယ်ကဒ်ပြားတွေ၊ လိုင်စင်ကဒ်၊ စာကြည့်တိုက်ကဒ်၊ ကျမ်းမာရေးကဒ်၊ ကိုယ်ချစ်ရသူတွေရဲ့ ဓာတ်ပုံတွေနဲ့ ပိုက်ဆံထည့်တဲ့ အိတ်အမဲသေးသေးလေးရယ်၊ ရုံးထဲဝင်တဲ့ လုံခြုံရေးကဒ်ပြားရယ်၊ ဖုန်းနဲ့ နားကျပ်ရယ်၊ ကားသော့ရယ်၊ အလှပြင်ပစ္စည်းထဲ့တဲ့ အိတ်အစိမ်းနုလေးရယ်၊ ဖတ်လက်စ စာအုပ်နဲ့ စာအုပ်မှာ ရေးဖို့၊ တားဖို့ ဘောပင်နဲ့ high-lighter ရယ် ဒါပါပဲ။ စာအုပ်တစ်အုပ်အုပ် ဖတ်မနေတဲ့ ရက်တွေဆိုရင်တော့ လက်ငါးလုံးလောက်ပဲရှိတဲ့ အိတ်အသေးပျော့ပျော့လေး ကိုင်ပါတယ်။ ဖြစ်နိုင်ရင် ဘာမှ မသယ်ချင်သူပါ။ အကြွေထဲ့တဲ့ အိတ်အမဲ သေးသေးလေးတစ်ခုလဲ ရှိပါတယ်။ ပျောက်နေတာ နှစ်ရက်ရှိပြီ ဒါကြောင့် ဒီပုံထဲမှာ မပါပါဘူး။

အိတ်အစိမ်းနုရောင်ကိုလဲ ဘလော့ဂါ ညီမတော် အစ်မတော်တွေအတွက်ဖွင့်ချပါမယ်။ သူတို့ စိတ်ဝင်စားမယ်ထင်လို့ပါ။ ဘာမှတော့ ထွေထွေထူးထူးမရှိပါဘူး။ တစ်ကယ်တော့ အဲဒီထဲက ပစ္စည်းတွေကို စိတ်ထင်တဲ့ ရက်မှ သုံးတာပါ။ စိတ်မထင်တဲ့ရက်ဆို အအေးဓာတ်ခံနိုင်ဖို့ မျက်နှာကို လိုရှင်းပွတ်၊ နှုတ်ခမ်းကို lip gloss ပွတ်ပြီး ရုံးကို ပြေးတော့တာပါပဲ။
ကဲ… ဒီမှာပါရှင်။



ပုလင်းလေးက hand moisturizer, နောက်တော့ lip gloss, lip liner, mascara and curler, shadow, compact, စိတ်ရှုပ်တဲ့နေ့ ဆံပင်သပ်တင်ရန်အတွက် paper clip ရှာမတွေ့သော နေ့တွေမှာ တပ်ရန် အတွက် ကလစ်လေးများ (ကျပျောက်တတ်လွန်းလို့ သုံးလေးခု ထဲ့ထားပါတယ်)။ ကျန်တဲ့ လက်စွပ်နဲ့ နားကပ်က ဘယ်တုန်းက ချွတ်ပြီး အိတ်ထဲထဲ့ထားလဲမသိ။ ဒီလိုပဲ နဲနဲလက်လေးတဲ့ နေ့၊ နားရွက်လေးတဲ့နေ့ဆိုရင် ချွတ်ပြီး တွေ့တဲ့နေရာ တစ်ခုခုမှာ ထားလိုက်မိတတ်လို့ ငယ်ငယ်ကဆို အမေရဲ့အဆူကို ခဏခဏခံရတတ်ပါတယ်။ ဆက်လက်ပြီး တက်ဂ်မှာကတော့…. ဒီပိုစ့်ကိုဖတ်ပြီး အခြားသူများ တက်ဂ်လုပ်ထားတဲ့ အထဲမှာ မပါသော ဘလော့ဂါ မမလေးများပဲ ဖြစ်ပါတယ်ရှင်။

11 comments:

မိုးထက်နေ said...

ကွေးကွေးကောက်ကောက် ပြောင်ပြောင်လက်လက်နဲ့  ကပ်ကြေးလို လို ဟာက ဘာကြီးတုန်းဗျ...
တကယ်တစ်ခါမှ မမြင်ဘူးဖူး....

MgMyo said...

အစ်မ...ခဲတံလို ဟာမျိုးအောက်က အရောင်လက်လက်နဲ့ ဝိုင်းဝိုင်းလေး တစ်ခုလောက်ရ ဘယ်လောက်ကောင်း ရွာပြန်ပြီး လယ်ပြန်လုပ်ဖို့ အရင်းတော့ရမှာပဲ ...

ဘာညာ said...

မလေး.. အိတ်အမဲလည်း ဖွင့်ပြလေ. ဘာလည်း ပိုက်ပိုက်ချီးမှာကြောက်လို့လား.. :P

hninhnin said...

ဦးမိုးထက်နေကြီးက ရယ်ရတယ်၊ သူပြောလို့ရှာလိုက်ရတာ မလေးရဲ့ သော့တွဲကြီးပြောတာထင်တယ်။ မလေးရဲ့ လိုးရှင်းလေးပဲ လူးထားတဲ့ အေးမြမြ ကြည်စင်မျက်နှာ မြင်ချင်ပါဘိတော့တယ် မလေး...

Chit Lay Pyay said...

ကွေးကွေးကောက် ကောက် ပြောင်လက်နေတဲ့ ကတ်ကြေးနဲ့တူတာက ဘာကြီးလဲတဲ့ မလေးရေ ၊မလေး ရှက်မှာစိုးလို့ လေပြေ ဖြေပေးလိုက်မယ်နော်၊ အဲဒါကြီးကတော့မိန်းခလေးတွေရဲ့ လှပမှုလှို့ဝှက်ထဲက တခုဖြစ်တဲ့ မျက်တောင် ကော့တဲ့စက်ကလေးပါပဲရှင်၊ မလေးရေ ဟုတ်လား၊

ဂျစ်တူး - gyit_tu said...

ချစ်သော မလေးက လိုးရှင်းပဲ လိမ်းထားလည်း မဟာဆန်ဆန် လှနေမှာလို့ ယုံကြည်ပါတယ် ။ အာဘွားးးးးးး

ဒါနဲ့ curler အမြဲသုံးလို့ ထင်တယ် ။ မျက်တောင်လေးတွေ ကော့နေတာပဲဗျို့  အဟဲ ကြေငြာဝင်ပေးသွားတယ်း)

ကိုဖြိုး said...

အဟီး မလေးက စကားပြောလည်း ရိုးရိုးလေး အိတ်ကိုင်တော့လည်း ရိုးရိုးလေး .. အင်း ပြီးတော့ .................... ရိုးရိုးလေး

ရေခဲငှက် said...

မလေးရဲ့ ပစ္စည်လေးတွေထဲမှာ စိတ်ဝင်စားစရာ အကောင်းဆုံးကတော့ Highlighter လေးပါပဲ.
အဲဒီ့ပစ္စည်လေးကို တော်တော်သုံးသလို အသုံးလည်း တော်တော်ဝင်မယ့်ပုံလို့ ထင်ပါတယ်. ဘေးက ဆေးသားလေးတွေတောင် ပွန်းနေပြီနော်.

ကျန်တဲ့ပစ္စည်းလေးတွေက မိန်းကလေးတစ်ယောက်မှာ ရှိတတ်တဲ့ ပစ္စည်းလေးတွေမို့ ဘာမှ ပြောစရာသိပ်မရှိပါဘူး (ဟို ကတ်ကြေးကြီးက လွဲလို့ပေါ့. ဟတ်ဟတ်ဟတ်)

ထူးခြားတာတွေရှိတယ်.

(၁) Mp3 Player မတွေ့ရဘူး
(၂) လက်ကိုင်ပုဝါမတွေ့ရဘူး
(၃) Safety Pin မတွေ့ရဘူး

ဟားဟားဟား

ပျော်ရွှင်ပါစေ မလေးရာ…

ချစ်စု said...

မလေးအိတ်ကရှင်းနေတာပဲ။ ကျနော်အိတ်ဆိုရင်စုံပလုံစိနေတာပဲ။ လိုတရအိတ်ကြီးလေ... ဟိ ဟိ

eithu said...

မအိမ့်လည်း lip gross ကြိုက်တယ် ..း)
အိနဲ့တူတယ် .. ကလစ် ပိစိလေးတွေရှိတာရော .. =)

ကလိုစေးထူး said...

အိတ်ထဲက ကဒ်ကို ပြတဲ့နေရာမှာ တပြည်သူနဲ့ ကျနော် အကြံခြင်း တူတာ တခုရှိပါတယ်။ :D

LinkWithin

Related Posts Plugin for WordPress, Blogger...