မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Wednesday, October 10, 2007

ဒီနေရာမှာ

ဒီနေရာမှာ အစစ်အမှန်တွေ ရှိမနေဘူးလို့ ဆိုနိုင်ပါတယ်။
………….

ဒီနေရာမှာ
သာနေတဲ့ “လ”၊ ပြာနေတဲ့ “ရေ”
စိုပြေတဲ့ “လေ”၊ သကာရည်လောင်းတဲ့ “ဆောင်း” နဲ့
အညောင်းမိနေတဲ့ “မေ”
…….

ဒီနေရာမှာ
ဝေဖန်မှုတွေ၊ သုံးသပ်မှုတွေ၊
အပြစ်တင်မှုတွေ၊ မြှောက်ပင့်မှုတွေ၊
မလိုမုန်းထားမှုတွေ၊ အားကျမှုတွေ၊
စိတ်ပျက်မှုတွေ၊ စိတ်ခွန်အားတွေ
အတိတ်တွေ၊ အနာဂတ်တွေ၊
ပစ္စုပန်တွေ၊ တေလေတွေ၊
အသိနက်နက်တွေ၊ နဝေတိမ်တောင်တွေ
စာအုပ်ကြီးသမားတွေ၊ individualist တွေ
Naturalist တွေ၊ Existentialist တွေ
centrist တွေ…
ဘယ်သူမှ မရှိ…
ရှိနေတာက…
“လ” “ရေ” “လေ” “ဆောင်း”
အကြောင်းတွေမသိလို့ အေးချမ်းချငိတဲ့ “မေ”
ကိုယ်တစ်ယောက်ထဲ နေပါရစေ။

လာတယ်ဆိုလဲ
ကန်သာဘေးရပ် စကားမဟနဲ့နော်…
ဝန်းကျင်ကာလ ညသဘာဝထဲ
ဖြစ်ပျက်နေမှု၊ တစ်ခုခုမြင်လိုက်ပါလား
ဦးနှောက်ကို ခွဲထုတ်၊ မြက်ခင်းပေါ်ကန်ထုတ်
ခံစားချက်တွေကို နုပ်နုပ်စင်း
အပျင်းပြေ ခဏလောက်ပဲဖြစ်ဖြစ်ပါ
အခန်းလေးခန်းပါတဲ့ ကြွက်သားတစ်စုံနဲ့
ရင်ခုန်ကြည့်လိုက်ပါ။

ထွက်သွားမယ်ဆိုလဲ
နှုတ်မဆက်နဲ့တော့
အရင်ထဲက ကိုယ့်ဟာကိုယ်နေချင်သူမို့
အတုတွေထဲ တ၀ဲလည်ချင်လည်ပါစေတော့
လ သာ ည ကို မငိုစေချင်လို့လေ…….

တစ်ကယ်ပါ…
………..
ဒီနေရာမှာ အစစ်အမှန်တွေ ရှိမနေဘူးလို့ ဆိုနိုင်ပါတယ်။
............
............
ငါ့ လမင်းရေ ခပ်တိုးတိုးသာနေပါနော်…


7 comments:

eithu said...

^.^ တစ်မျိုးလေးပဲ ..
ဒီကဗျာလေးက ဂျစ်ကန်ကန် feel ဖြစ်တယ်..
အိလည်း ဒီရက်ပိုင်း .. အဲဒီလိုပဲ ခံစားနေရတယ် ..
အိကဗျာတွေလည်း ခုတစ်လော မွန်းကျပ်တာတွေပဲ များနေလေရဲ့ ..

မျှဝေတဲ့ အတွက် ကျေးဇူး ^.^

Ma Gyee said...

Can you explain a little bit about your poem pls.

ဒါးတညံ said...

ကဗျာကို စကားပြေလုပ်ရေးခိုင်းတာ မြန်မာပြည်က ကျောင်းတွေမှာ ပဲရှိတယ်မှတ်နေတာ...
ဘလော့မှာလဲ ရှိသကိုး
(စိတ်ဆိုးနဲ နော် နောက်တာပါ)
ကဗျာ ဆိုတာ ဘာသာပြန်လို့  မရကောင်းတဲ့ ပစ္စည်းလို့ ထင်ပါတယ်

ဒါးတညံ said...

ကဗျာကို စကားပြေလုပ်ရေးခိုင်းတာ မြန်မာပြည်က ကျောင်းတွေမှာ ပဲရှိတယ်မှတ်နေတာ...
ဘလော့မှာလဲ ရှိသကိုး
(စိတ်ဆိုးနဲ နော် နောက်တာပါ)
ကဗျာ ဆိုတာ ဘာသာပြန်လို့  မရကောင်းတဲ့ ပစ္စည်းလို့ ထင်ပါတယ်

မိုးထက်နေ said...

စာပေ စီစစ်ရေး ရှိတာပဲနော ဘလော့ဆိုတဲ့ တိုင်းပြည်မှာလ

မိုးထက်နေ said...

approve မလုပ်နဲ့ နော် အကုန်လုံး

စမ်းကြည်တာ

ချစ်လိုက်တာ ကျနော GMR ရယ်

hninhnin said...

မလေးကို ဘလော့တစ်ခုရဲ့ တစ်နေရာမှာ အညွှန်းတွေ့ခဲ့ဖူးတယ်။ ကဗျာလေးတွေကောင်းကြောင်း ချီးမွမ်းထားတာလေ။ မလေးလို့ ခေါ်မယ်နော် ရင်ထဲအေးတယ် မလေးက ခေါ်ရတာ။ သိုးလေးက မဆိုင်တာပြောတာ မဟုတ်ပါဘူး သာနေတဲ့ “လ”၊ ပြာနေတဲ့ “ရေ”
စိုပြေတဲ့ “လေ”၊ သကာရည်လောင်းတဲ့ “ဆောင်း” နဲ့
အညောင်းမိနေတဲ့ “မေ” ဆိုတဲ အသုံးလေးတွေ ကြိုက်တယ်။ မလေး အညောင်းမိနေတာလား... အကြောင်းတွေသိရဲ့နဲ့ နေရာတစ်ခုကို တွယ်တာနေတာလား... မလေးကတော့ အစစ်အမှန်မရှိလည်း ပျော်သလိုနေချင်သလို... မလေးရေ... ကဗျာတစ်ပုဒ်ဖတ်ရင် အတွေးတေါက အများကြီးပဲ တွေးလို့ရတယ်နော်။ သိုးလေးဆို တစ်ခါတလေ အကြိမ်များစွာ ပြန်ပြန်ဖတ်၊ ဖတ်လေ ထွေလေ... အဲလိုမျိုးတွေ အခါခါရှိတယ်။ ဒါပေမဲ မလေးရေ ကဗျာတွေနဲ့ သေရသေရပဲ....

LinkWithin

Related Posts Plugin for WordPress, Blogger...