မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Sunday, September 02, 2007

သောကခြေရာ (၆)

လပြည့်ဝန်းလျှင် ကန်ရေပြင်မှာ
တဒင်္ဂတွေ့ မွေ့တတ်သေးလျှင်……။

လနှင့်မြေလွှာ ကွာသလိုပင်
အကြင်နာကို မျိုသိပ်နေရ
တစ်ဘ၀စီ၊ ခဏတွေ့ဆုံ
ရင်အခုန်မှာ …
မြင်ယုံလေးနှင့် နှစ်သိမ့်နေ….။



ဆရာစိန်ဝင်း (ပုတီးကုန်း)

7 comments:

ဒီဝိုင်း said...

စာသားတွေခိုက်တယ်ဗျာ... ကွတ်တိတွေပဲ

lwinmoe said...

thanks for the nice poem.

ဂျစ်တူး - gyit_tu said...

အားလုံးအားလုံး နူးညံ့လွန်းနေတယ် ။ ခံစားသွားတယ် မလေးရယ် ။

eithu said...

လနဲ့ပတ်သတ်တဲ့ ကဗျာလေးတွေချည်းပဲနော်
ဆရာမောင်စိန်ဝင်း(ပုတီးကုန်း) က အဖွဲ့အနွဲ့တော်တယ်လို့ပဲ
ကြားဖူးတာ. .တကယ် ပါပဲ. =)
နောက်ခံပုံလေးတွေနဲ့ ကဗျာလေးတွေ လိုက်လွန်းတော့
သင်္ဂါရ ရသ ခံစားရတယ်
ခုလိုမျှဝေတဲ့ အတွက် ကျေးဇူး... ^.^

Tesla said...

ကန်ရေပြင်ထက် လှပ လရောင်
နမ်းလိုက်သည့်ခိုက် ရိုက်ခတ်လာသည်
သွေ့ဆောင်မျောမိ လရောင်တန်း..။
..
အနမ်းတံဆိပ် ခပ်နှိပ်ပျောက်သွား
လျှပ်ပျက်ဖြတ်သန်း မှိုင်းမို့သမ်းသော်
လွမ်းစိတ်ပိုကာ ရှိုက်ခါငိုမိ
သိစိတ်ဝိုးဝါး ပါးပါးလျနှင့်
တိမ်ညိုဖုံးသော လသာည..။
:D ဟဲဟဲ. ကဗျာလှလှ လေးတွေဖတ်ပြီး စိတ်က အဲ့လိုကို ဖြစ်သွားတာ..။

မျှားပြာ said...
This comment has been removed by the author.
မျှားပြာ said...

လရောင်အလွှမ်း နှင်းအဖြန်းမှာ
သခင်အေးရိပ် တမ်းတလွမ်းမော
မျှော်တော်စောလဲ ...
သြော် ခုတော့..........။

မလေးကဗျာတွေဖတ်ပြီး တအားလွမ်းသွားလို့

LinkWithin

Related Posts Plugin for WordPress, Blogger...