မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Saturday, September 29, 2007

ကနေဒါနိုင်ငံ ဗင်ကူးဗားမြို့ လူထုဆန္ဒထုတ်ဖော်ပွဲ

ဒီနေ့ ကနေဒါနိုင်ငံ ဗင်ကူးဗားမြို့က Robson Square မှာ လူကြီး၊ လူငယ်များ၊ လူမျိုးစုအစုံ၊ ယုံကြည်မှုပေါင်းစုံ စုပေါင်းပြီး ဆန္ဒထုတ်ဖော်ပွဲကို အေးချမ်းစွာ ပြုလုပ်ခဲ့ကြတယ်။




အဖြစ်အပျက်တွေကို သတင်းအထောက်အထားတွေကို ဓာတ်ပုံတွေနဲ့လဲ ပြခဲ့ကြတယ်။




လူတွေကို သတ်ဖြတ်နေတာကို ရပ်တန့်ဖို့
ဒီမိုကရေစီ တိုင်းပြည်တစ်ခု ထူထောင်နိုင်ဖို့
ကြွေးကြော်ခဲ့ကြတယ်။




သေဆုံးသွားကြတဲ့ ရဟန်းရှင်၊ လူ၊ ပြည်သူ၊ နိုင်ငံခြားသား အားလုံးတွက် ဖယောင်းတိုင်များ ထွန်းညှိလျှက် ခရစ်ယာန်ဘုန်းတော်ကြီး တစ်ဦးမှ ဦးဆောင်ကာ ဆုတောင်းမေတ္တာပို့သရန်နေရာယူနေကြတယ်။


ဒါကတော့ ကျဆုံးသွားသူများ အားလုံးအတွက်၊ ဒုက္ခရောက်နေသော ကျွန်မတို့တိုင်းပြည်အတွက် ကျွန်မရဲ့ မျက်ရည်စိုသော ဖယောင်းတိုင်တို ရယ်ပါ။


မနက်ဖြန် စနေနေ့မှာ ဆက်လက်ပြီး ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ပွဲရှိပါတယ်။
ရုံးပိတ်ရက်မို့ လူပိုများပါမယ်။ ဗုဒ္ဒဘာသာဘုန်းတော်ကြီးများလဲ ကြွလာပြီး မေတ္တာပို့ အမျှဝေမှာဖြစ်ပါတယ်ရှင်။

ကျွန်မတို့တိုင်းပြည် အေးချမ်းသာယာပါစေတော့။

3 comments:

burmafreedom said...

အင်မတန်ကောင်းပါတယ် ခင်ဗျာ .. Idea ကောင်းကောင်းနဲ့  လမ်ကြောင်းလေးလဲ ဝိုင်းဆွေးနွေး ကြရင် ပိုကောင်းမယ်လို့  မျှော်လင့်ပါတယ်။ ကျနော် တို့ ဘက်မှာ သတ္တိကောင်းတဲ့ ပြည်သူတွေ ရှိတယ်။ အဲဒီ ပြည်သူတွေကို ပံပိုးမဲ့ ပြည်ပရောက်မြန်မာတွေ ရှိတယ်။ လိုနေတာ တစ်ခုထဲ ကျန်ပါတော့တယ်။ ရှေ့ ဆက်ဘယ်လို သွားကြမလဲ ဆိုတာတစ်ခုပါပဲ။

demo said...

မလေးရေ..

လာကြည့်သွားပါတယ်..
တွေးမိတိုင်း တကယ်ကို စိတ်မကောင်းချင်းကြီးစွာ ဖြစ်ရပါတယ်..
အစစအရာရာ အဆင်ပြေပါစေ လို့ပဲ ဆုတောင်းရမှာပဲ..

ဒီမို

Anonymous said...

http://edition.cnn.com/video/#/video/world/2007/10/02/rivers.myanamar.beatings.cnn

LinkWithin

Related Posts Plugin for WordPress, Blogger...