မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Thursday, September 20, 2007

မိန်းမတွေလဲ….

မိန်းမတွေမှာလဲ…
ရည်မှန်းချက်ကြီးကြီးတွေ၊ မျှော်လင့်ချက်မားမားမတ်မတ်တွေရှိပါတယ်။

မိန်းမတွေလဲ….
ပင်လယ်တွေ အတန်တန်ကျော်ဖြတ်လို့
ကြီးမားတဲ့ (ဒါမှမဟုတ်) သေးငယ်တဲ့ ရည်မှန်းချက်တွေကို ဖြည့်ဆည်းတတ်ကြပါတယ်။

မိန်းမတွေလဲလေ….
ချစ်ခြင်းတရားတွေနဲ့ ပြည့်နေပေမယ့်
အချစ်ကို ဦးစားမပေးနိုင်လို့
အံကိုကြိတ်ထားရင်း၊ နှလုံးသားကို စတေးခဲ့ကြဖူးပါတယ်။

အဲဒီလို..
နှလုံးသားတွေကို စတေးလို့
ရည်မှန်းချက်နောက်ကို လိုက်တဲ့မိန်းမတွေကို….
လူစွမ်းကောင်းတွေလို့ သတ်မှတ်လေသလား…
အတ္တရဲ့ သားကောင်တွေလို့ ခေါ်ဝေါ်ကြလေသလားကွယ်။

(ရည်မှန်းချက်နောက် တကောက်ကောက်လိုက်နေတဲ့ ကိုယ့်အိပ်မက်တွေကို
စိတ်ရှည်လွန်းစွာ ဖန်တီး ဖြည့်ဆည်းပေးနေတဲ့ သူတစ်ယောက်အတွက်..)

4 comments:

ဂျစ်တူး - gyit_tu said...

မလေး.. အပြည့်အ၀ခံစားသွားတယ်နော် ။

Layma said...

မိန်းမတွေမှာလဲ... အင်း...မလေးပြောတာပြည့်စုံနေပါပြီ..။နဲ၂လေးအတွန့်တက်မယ်နော်...။
မိန်းမတွေမှာလဲ....
ပျံသန်းရင်းနဲ့  အတောင်ညောင်းတဲ့ အခါ ခိုလှုံစရာ တနေရာလိုအပ်တယ် ....။
သောကတွေ မျှဝေလို့  ချွေးသိပ်ပေးမယ့် တနေရာ လိုအပ်တယ်....။

demo said...

တကယ်.. ရင်နဲ့ ရင်း၍ ခံစားသွားတယ်..

eithu said...

emotional support တော့ လူတိုင်းလိုတယ် လို့ အိတော့ထင်တယ် ..
မအိမ့်ပြောတာတွေ ခံစားရပါတယ် ..
အိတော့ ဒါ အတ္တကြီးတာဖြစ်ချင်လည်းဖြစ်မယ် ..မဖြစ်တဲ့ အခါလည်းရှိပါတယ် .. အခြေအနေအရပေါ့ ..

တစ်ခါတစ်လေတော့လည်း ရည်မှန်းချက်ကို နှလုံးသားအတွက်စွန့်လွှတ်ခဲ့ပြီးမှ
ရည်မှန်းချက်ရော နှလုံးသားရော ဆုံးရှုံးရိုက်ချိုးခံတာတဲ့အဖြစ်မျိုးတွေလည်း
ရှိတတ်တာကို .နော် ..
အိသူငယ်ချင်းမလေးတစ်ယောက်ရဲ့ အဖြစ်ကို သတိရလို့ပါ. .

မျှဝေတဲ့ အတွက် ကျေးဇူးပါ မအိမ့်ရေ .. အတွေးရသ တွေပေးတဲ့ အတွက် .. ^.^

LinkWithin

Related Posts Plugin for WordPress, Blogger...