မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Sunday, September 16, 2007

ချစ်ရတာလေ

မောင်…
မောင့်ကို ချစ်ရတာလေ၊
ကျိုက်က္ကလို့ စေတီနားက
ကြွေကျလာတဲ့ ဆိတ်ဖလူးပန်း ဖြူဖြူလေးတွေကို
မွှေးကြူရသလိုပါပဲ…. မောင်။
ရင်ထဲလန်းဆန်း၊ ပန်းသမျှပြေ
ဝေတဲ့အလွမ်း၊ ခမ်းခြောက်သွားတယ်…မောင်။


မောင်….
မောင့်ကို ချစ်ရတာလေ၊
ဖရေဇာလှိုင်းပေါ်က လေဟုန်စီးငှက်လေးတွေလို
အသက်ရှုရကြပ်၊ မတ်တပ်ရပ်ငေး
တွေးရင်းရင်ခုန်…. မကြုံတဲ့မောင့်ပုံရိပ်ကိုငေး
အတွေးလေးနဲ့လေ..
အသက်ရှုဖို့တောင် မေ့သွားတယ်…မောင်။

မောင်…
မောင့်ကို ချစ်ရတာလေ၊
လေပြင်းတဲ့ သစ်ပင်အောက်၊ တစ်ယောက်ထဲရပ်တွေး
လက်ဖျားတွေအေးစက်၊ ကျွန်မ အနေရခက်တယ်ရှင်
ခင်တွယ်လာတဲ့ နှလုံးသားတွေ
လေပြင်းထဲ နွဲ့နွဲ့လေးရပ်နေကြလို့
သဲ့သဲ့လေးနဲ့ ယဲ့ယဲ့လေးပဲ ကျန်တော့တယ်…မောင်။

မောင်….
မောင့်ကို ချစ်ရတာလေ……..။

6 comments:

ဒီဝိုင်း said...

မရေ... ဒီကဗျာလေး ခံစားရတယ်...

ဒဿနသမား said...

ထိတယ်...ထိတယ်။

ကျိုက်ကလို့စေတီနဲ့ ပန်းနံ့တွေ ပြန်ရတယ်။

ကျေးဇူးပဲ။

ကျနော့်ဇာတ်လမ်းက နှစ်တွေကြာခဲ့ပါပြီ။

ခင်ဗျားကဗျာလေးရဲ့ တွန်းနိုးမှုကို ကျေးဇူးပါ။

ဂျစ်တူး - gyit_tu said...

အောင်မလေး မလေးရယ်.. သိပ်ကို ကြိုက်.. သိပ်ကို ရင်ထဲ ထိ တဲ့ ကဗျာလေးပဲ ။ မလေးရဲ့ မောင် ကဗျာတွေကတော့လေ.. စံတင်လောက်ပါပေတယ်း)

ဒီ မောင် ကဗျာကို အကြိုက်ဆုံးပဲ ။ ကူးသွားပြီ ။

ponyate said...

ငြိမ့်ငြိမ့်လေး ၀င်သွား ပါတယ် မလေး။

မျှားပြာ said...

နူးနူးညံ့ညံ့လေးကို ရင်ထဲရောက်သွားတယ်။

Akari said...

This poem is so so so good.
So soft, smooth and polite.I know that one day you are gonna be supper supper author.
All the best for you.

LinkWithin

Related Posts Plugin for WordPress, Blogger...