မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Wednesday, August 29, 2007

တံခါးချပ်

ကြေမွနေတဲ့ ခံစားချက်တွေ
ကြိုးတန်းပေါ်မှာ တည်ငြိမ်စွာ လမ်းလျှောက်နေတတ်ပြီဆိုမှ
မင်း ဘယ်က ရောက်လာလို့
ကြိုးတန်းကို ကိုင်လှုပ်
ခံစားချက်တွေ ပြုတ်မကျအောင်ထိန်း
ဒါတောင် ကစင့်ကလျားနဲ့
အိနြေ္ဒပျက်ပြားတော့မယောင်ပေါ့….။



သြော်…
ဟူပါ (Edward Hopper) ရဲ့ ပန်းချီကားထဲ
လေဟုန်တိုးသံ၊ ငှက်ဆိုးထိုးသံ
ဆည်းလည်းခတ်သံ၊ အပ်ကျသွားသံ
ပင်လယ်ကမ်းသံ၊ အနမ်းအက်သံ
မှိုတက်သွားတော့
ရေလှိုင်းပေါ် ခမ်းခမ်းနားနား
ငါ လမ်းလျှောက်သွားတတ်ပေါ့...။

ဟင်….
ငါငုံ့ကြည့်လိုက်တော့
လရောင်အောက်က
ဟူပါရဲ့ ပြူတင်းဘောင်ထောင့်မှာ
ဝံပုလွေတစ်ကောင်
………..
မင်းမှန်းမသိခင်တောင်မှ
ခပ်ကြောင်ကြောင် ငါ့နှလုံးက
တံခါးခေါက်သံ သဲ့သဲ့မှာ
ဆတ်ခနဲ့ တုန်ချင်နေတာလေ….
ဟူပါရဲ့ ပြူတင်းတံခါးတော့
ငါပိတ်ထားပါရစေ…
မင်းလိုပဲ
ကံကြမ္မာအလှဲ့ကို ကြောက်လွန်းလို့ပေါ့…….။

4 comments:

ကိုလွမ်းလူ said...

ဒီ comment က ကိုယ့် အမြင်လေးပါ။ မလေး ဘလော့ကို လာလည်မိတော့ တွေ့လို့ ရေးလိုက်တာ။ ဘုရားစူး ပါရစေရဲ့.. ဘလော့ဆိုတာ အခုမှ သေသေချာချာ ဖတ်ဖူးတာ.
Edward Hopper ကိုတွေ့လိုက်လို့ အံသြသွားတယ်။ Edward Hopper ရဲ့ အဆောက်အဦးနဲ့ ပတ်သက်တဲ့ ပန်ချီးကားတွေထဲက မလေးက ဒီကားကို ရွေးကြိုက်တာ မအံသြတော့ဘူး။ ဒါပေ့မယ် ကိုယ်တို့ မြန်မာ ပရိတ်သတ်ကို ဒီလိုပုံစံလေး မိတ်ဆက်ပေးတာ လိမ္မာတဲ့ တင်ပြမှုလေးပေါ့။ မလေးရဲ့ စာတွေမှာ ကိုယ်တို့မသိတဲ့ အနောက်တိုင်း ယဉ်ကျေးမှုတွေ၊ တွေးခေါ်သုံးသတ်မှုလေးတွေပါတော့ ကိုယ်တို့မြန်မာတွေ အနေနဲ့ မျက်စိပွင့် နားပွင့် လေ့လာရတာပေါ့။ ဖြစ်နိုင်ရင် အခြား ပန်ချီဆရာ၊ ဆရာမ အကြောင်းလေးတွေနဲ့ အခြားနိုင်ငံ က ယဉ်ကျေး မှုပုံစံတွေ ကို မြန်မာ့ ယဉ်ကျေးမှု ရှု့ထောင့် အမြင်ကနေ တင်ပြပေးပါအုံးလို့. ဘလော့ ရဲ့ ခန်နားမှုကို စာရေးဆရာမရဲ့ မြင့်မြတ်တဲ့ တွေးခေါ်ပုံက ထိန်းကွတ်ထားသလိုပေါ့

တပြည်သူ အိမ့်ချမ်းမြေ့ said...

ကော်မန့်ပေးသူရဲ့အမည်လေးတွေကို ဆိုဒ်ဘားမှာ မြင်နေချင်လို့ရယ်၊ ကျမ ကော့မင့်တွေပြန်ရင် ဆိုဒ်ဘားမှာ ကိုယ့်နာမယ်တက်တက်လာမှာစိုးလို့ရယ် ကော်မန့်ကို ပြန်လေ့မရှိသော်လဲ ကိုလွမ်းလူက ဘလော့လောကထဲကို ၀င်လာသူ လူသစ်မို့ စာပြန်တာပါ။ Realist ဖြစ်တဲ့ Edward Hopper ရဲ့ပန်းချီတွေကို ကြိုက်တာက သူက အလင်းနဲ့အမှောင်ကို သိပ်ပိုင်နိုင်ပါတယ်။ အ၀ါအနုအရင့်နဲ့ အသားရောင်ရွေးချယ်တာ သိပ်ကျွမ်းကျင်သူပါ။ ဒီပန်းချီမှာဆိုရင်လဲ လေလှိုင်းသံ၊ ငှက်သံ၊ ရေသံတွေကိုတောင် ကြားနေရသလိုပါပဲ၊ ဒါကြောင့် သူ့ပန်းချီတွေထဲက ကျွန်မအကြိုက်ဆုံးပန်းချီလို့ ပြောလို့ရပါတယ်။
ကျေးဇူးလဲတင်ပါတယ်ရှင်။
ဘလော့ဂ်လောကမှလဲ ကြိုဆိုပါတယ်ရှင်။

eithu said...

မအိမ့်ရယ် ..
အိ အဲဒီကဗျာလေးကို အရမ်းကြိုက်တာပဲ ..
အထပ်ထပ် ..ဖတ်လို့ မရိုးဘူး ..
စကားလုံးတစ်လုံးချင်းစီမှာ သိမ်မွေ့တဲ့အဓိပ္ပါယ်နဲ့ကဗျာတစ်ခုလုံးကို သီသွားတာ ... လှတယ် ..

ပန်းချီကားနဲ့ တွဲထားတာ ပိုပြီး ထိရောက်တယ် ..
---------------
blogspot ကို အရင်တုန်းက သိပ်မ၀င်ဖြစ်ဘူး ..multiply's fan ဆိုတော့ .. တစ်ခါတစ်လေ သူများလင့်ခ်လုပ်လို့ဝင်ဖတ်ဖြစ်တာလောက်ပဲရှိတယ် ..
ခု တော့ မအိမ့် ရဲ့ သံစဉ်မဲ့ အင်္လကာနဲ့ ဒီဝိုင်းရဲ့ blog နှစ်ခုက အိရဲ့ fav ပဲ..
မအိမ့်နဲ့ လည်း တစ်နေ့နေ့ အကျိုးအကြောင်းတိုက်ဆိုင်ယင် ခင်ချင်ပါတယ် .. =)

ဂျစ်တူး - gyit_tu said...

မလေးရေ.. ဒါလေးကြိုက်တယ် ။ အရမ်းပဲ ။

LinkWithin

Related Posts Plugin for WordPress, Blogger...