မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Saturday, August 18, 2007

၁နှစ်မြောက်မွေးနေ့

သံလွင်အိပ်မက် သြဂုတ်လ ၁ရ ရက်နေ့က သုံးနှစ်ပြည့်သွားပါတယ်။ အဲဒီရက်ကို မှတ်မှတ်ယယ ရှိသလိုဖြစ်တော့မှ ကိုယ့်ဘလော့ဂ်ကို ကိုယ်ကြည့်မိတယ်။
သြော်.. အိမ့်ချမ်းမြေ့ရဲ့ ဘလော့ဂ်တောင် သြဂုတ်လ ၁၆ရက်က တစ်နှစ်သက်တမ်း ရှိသွားပြီကိုး။

မေ့လျော့နေခဲ့တာ ၂ရက်တောင် ကျော်သွားပါပေါ့လား။
ဒီဘလော့ဂ်လေးဟာ ကိုယ့်ရဲ့၊ ခံယူချက်အချို့တွေရယ်၊ အပျော်တွေ၊ အလွမ်းတွေ၊ မျှော်လင့်ချက်တွေ၊ အတိတ်တွေနဲ့ စုတ်တံချယ်ထားခြင်းဖြစ်ပါတယ်။ စာဖတ်သူတွေရဲ့ ထင်မြင်ချက်၊ အားပေးမှု၊ ဝေဖန်သုံးသပ်မှုတွေနဲ့ အသက်ဝင်နေခြင်းဖြစ်ပါတယ်။

ဒီဘလော့ဂ်လေးက တဆင့် သူငယ်ချင်းတွေ၊ စာရေးဖော်၊ စာရေးဘက်တွေ၊ စာဖတ်သူတွေနဲ့ ခင်မင်ရင်းနှီးခဲ့ရတယ်။ ကိုယ်အိပ်မက်မက်ခဲ့သလို ကိုယ့်ရဲ့စာတိုပေစလေးတွေလဲ မြန်မာပြည်က လူငယ်မဂ္ဂဇင်းတစ်ခုရဲ့ ဘလော့ဂ်ဒိုင်ဂျက်ဇ်မှာ ဖော်ပြခွင့်ရခဲ့တယ်။ ဒီဘလော့ဂ်လေးဟာ ကိုယ့်ရဲ့ခံစားချက်များပေါင်းစုံရာ ရပ်ဝန်းလေးပါ။

နောက်ကျသွားတာ ခွင့်လွှတ်ပါ ဘလော့ဂ်လေးရေ..။



16 comments:

ဂျစ်တူး - gyit_tu said...

မလေး... တစ်နှစ်မှသည်.. နောင်နှစ်ပေါင်းများစွာ သို့..

Yan said...

တစ်နှစ်ပြည့် စက္ကူရတုလေးမှာသည် နောင် ငွေရတု(၂၅)၊ ရွှေရတု (၅၀)၊ မြရတု (၅၅)၊ စိန်ရတု (၆၀) ထိ ဒီဘလော့ဂ်လေး တည်တံ့ပါစေ. ၆၀ ကျော်လို့ လက်တွေတုန်နေလည်း ဆက်ရေးနိုင်ဦးမယ်ဆိုရင် ဆက်ပြီး ဆုတောင်းပေးပါဦးမယ်လေ.
10 carat Diamond (နှစ် ၁၀၀ ပြည့်) ပေါ့..

ဟတ်ဟတ်ဟတ်

Yan Aung said...
This comment has been removed by the author.
ရေခဲငှက် said...

တစ်နှစ်ရယ်ယွန်းတော့ ငါကွန်းခိုရာဒီဘလော့ဂ်ငယ်မှာ တွယ်တာသံယောဇဉ်တွေရစ်ပတ်လို့ မြတ်နိုးခြင်းတွေဌာပနာထားခဲ့ပေါ့ I love you, my little blog!

္ဗ~ရေခဲငှက်~

demo said...

Happy Birthday to "မလေး's ဘလော့ခ်"..
ပို့စ်အသစ်တွေ အများကြီး ဒီ့ထက်ပိုရေးနိုင်ပါစေလို့..

pandora said...

မလေးရေ တစ်နှစ်ပြည့်ကနေ ရေးချင်သလောက် စိတ်ရှိတိုင်း စာတွေဆက်ရေးနိုင်ပါစေ ဘလော့ဂ်လေး အဓွန့်ရှည်ပါစေ လို့
ချစ်တဲ့
ပန်ဒိုရာ

Tesla said...

အလင်္ကာတွေဟာ သံစဉ်အတောင်ပံတွေကို. တိတ်တိတ်ကလေး ဖွက်ပြီးခတ်လို့ ..
ပန်းရောင်လွင်ပြင်ရဲ့အပေါ်.. ပုဇွန်ဆီရောင်ကောင်းကင်ကြီးထဲမှာ.. လှပစွာံဝဲပျံနေကြတာများ....
အားးး… တနှစ်တောင်ရှိသွားပြီကိုး…
..........
မလေးရေ တစ်နှစ်ပြည့်ကနေ ရေးချင်သလောက် စိတ်ရှိတိုင်း စာတွေဆက်ရေးနိုင်ပါစေ ဘလော့ဂ်လေး အဓွန့်ရှည်ပါစေ လို့
:X
တက်စလာ :P

hninhnin said...

မမရဲ့ သံစဉ်မဲ့အလင်္ကာတွေ အဓွန့်ရှည်ဖို့ ဆုတောင်းပေးတယ်နော်။

Karaweik ကရ၀ိတ် 妙声鸟 (Alvin) said...

Hey မလေး, I'm honoured to join in the joy of celebrating your blog's 1st anniversary. Happy Birthday to AinChannMyay's blog :)

http://www.youtube.com/watch?v=yj6cbM-h8xg

MELODYMAUNG said...

မလေးရဲ့ တစ်နှစ်သမီးဘလော့လေး သွားတွေပေါက် လမ်းတွေလျှောက်လို့ အဲလေ ယောင်လို့ နောင်နှစ်ပေါင်းများစွာတိုင်အောင် အဓွန့်ရှည်ပြီး အလင်္ကာတွေစဉ်နိုင်ပါစေလို့ :)

naing said...

စာတွေ အများကြီး ရေးနိုင်ပါစေ ။

ဒီဝိုင်း said...

!!!!!!!! !!!!!!!!!
!!!!!!!!!!! !!!!!!!!!!!
!!!!!!!!!!!!! !!!!!!!!!!!!!
!!!!!!!!!!!!!!! !!!!!!!!!!!!!!!
!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!
!!!!!happy!!!!anniversary!!!!!
!!!!!!!!!!!!!!!!!!!!!!!!!!!
!!!!!!!!!!!!!!!!!!!!!!!!!
!!!!!!!!!!!!!!!!!!!!!!
!!!!!!!!!!!!!!!!!
!!!!!Ma!!!!!
!!!!!!!!
!!!!
!!

သျှင်နေမင်း said...

|
| |
| |
*********
**************
******************
********************
*********************
*****************************
*****************************
*****************************
*****************************

ပျော်ရွှင်စရာ စက္ကူရတုလေးပါ တပြည်သူရေ…

~သျှင်နေမင်း~

Layma said...

Happy Birthday ပါမလေးရဲ့ အလင်္ကာရေ….

sisain said...

ဟက်ပီးဘတ်ဒေး မလေးဘလော့ခ်..,
နေ့သစ်တွေမှာ အလွမ်းတွေဝေးပြီး ပျော်ရွှင်ပါစေ-

Maydarwii said...

ညီမလေးရေ .. နောက်ကျသွားပေမဲ့ ဆုတောင်းလိုက်ပါတယ်။
တနှစ်ပြည့်မှသည် ... နှစ်ပေါင်းများစွာ စာပေတာဝန် ထမ်းဆောင်နိုင်ပါစေ ... ။

မမေ

LinkWithin

Related Posts Plugin for WordPress, Blogger...