မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Tuesday, July 31, 2007

ကျွန်မရဲ့ ပန်းခရမ်းပြာများ

ပန်းချစ်သူများအတွက်…. ဒီတစ်ခါတော့ အိမ်ရှေ့ က ပန်းလေးတွေပါ။

Clamatis နွယ်ပန်းလေးတွေပါ











တစ်ခြံလုံး ခရမ်းပြာရောင်တွေ လွှမ်းတဲ့နေ့







ကျွန်မရဲ့ လီလီ


ပန်းလေးတွေလို လန်းဆန်းမွှေးပျံ့ကြပါစေ။
ပန်းလေးတွေလို ကြွေရင်တောင် ဝေခဲ့ဖူးတာတွေလဲ အမှတ်ယနိုင်ကြပါစေ။
နောက်ပန်းတွေ ပွင့်ဖို့ ချွေပေးကြတဲ့ အခါလဲ ကျေနပ်နှစ်သိမ့် နေနိုင်ကြပါစေရှင်။

5 comments:

demo said...

I like that lily.. =) Thanks for sharing.. ပန်းတွေက လှလိုက်တာ..

ဂျစ်တူး - gyit_tu said...

မလေး အိမ်မှာ လာနေချင်တယ် ။ ရမလားး)

လီလီလေး အရမ်းကြိုက်တာပဲ ။ ကျမအကြိုက်ဆုံးပန်းတမျိုး ။

Yan said...

ပန်းချစ်သူဆိုတာ လောကရဲ့ သဘာဝအလှကို သိမြင်သူတဲ့
ပန်းပန်သူဆိုတာကတော့ အလှတရားကို မြတ်နိုးသူပေါ့
ပန်းလက်ဆောင်ပေးသူကတော့ တစ်ဖက်သားကို တန်ဖိုးထားသူလို့ ပြောကြတယ်.

ဒီအချက်တွေသာ မှန်ကန်ခဲ့မယ်ဆိုရင်
ပန်းကိုလည်း ချစ်တတ်
ကိုယ့်ချစ်သူငယ်ချင်းတွေအတွက်လည်း လက်ဆောင်ပေးတတ်
ကိုယ်တိုင်လည်း ပန်ဆင်တတ်တဲ့ မလေးဆိုတဲ့ ပန်းပျိုးလက်လေးဟာ
ဘယ်လိုလူစားမျိုးများ ဖြစ်နေမလဲ မသိဘူးနော်…

?? ?? ?? ??
(တွေးကြည့်မိတာပါ… ဟတ်ဟတ်ဟတ်)

ကျွန်တော့်ကိုတော့ တစ်မျိုးမထင်နဲ့ဦးနော်. ပန်းတစ်ပွင့်လောက် လက်ဆောင်တောင်းချင်လို့….

ပိန်းပန်းလေးပေါ်မှာ ရေစက်လေးတင်နေတာလေးကို တွေ့ရင် ရိုက်ပြီး တင်ပေးပါလား. အားတဲ့တစ်နေ့ပေါ့နော်.
:D

eithu said...

sis .. u r so lucky to be with these beautiful flowers.
ya they are delightful .. :D

wishing u happiness and peace too :)

yours said...

ပန်းတွေကို စိတ်ကူးနဲ့ မ သွားပြီဗျို့။

LinkWithin

Related Posts Plugin for WordPress, Blogger...