မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Wednesday, July 04, 2007

ဇူလိုင်လထုတ် ဆယ်ကျော်သက် မဂ္ဂဇင်း

ဇူလိုင်လထုတ် ဆယ်ကျော်သက် မဂ္ဂဇင်းမှာ ဝေမျှခြင်းခံရတဲ့ ကျွန်မရဲ့ “ချစ်သူ့အိမ်” နဲ့ “ကျွန်မချစ်တဲ့သစ်တစ်ပင်” အကြောင်း မေးနေကြတဲ့ သူငယ်ချင်းများနဲ့ ဆွေမျိုးများတွက်…

ကြားသာကြားရ မမြင်ရလို့ ရန်ကုန်က ၁၃နှစ်ကြာ ကွဲနေတဲ့ သူငယ်ချင်းဆီ ဖုန်းဆက်မေးတော့လဲ ကိုယ်တော်ချောက ဇွန်လထုတ်ကို ဖတ်ပြီး မတွေ့ဘူးပဲ ပြောနေတယ်…
ဘာညာ့ကို ပန်းသီးလေးတွေနဲ့ ချော့တောင်းတာလဲ သူက ဘာတွေ အလုပ်ရှုပ်နေတယ် မသိ…
ပျောက်တော်မူနေတယ်လေ… တခွိခွိ ရယ်တော်မူပြီး ပန်းသီးတွေသာ ပါသွားတယ်… ငပိချက် ချက်နေလားမသိ၊ လုံးဝပေါ်မလာတော့။

ကျန်တဲ့ ဘလော့ဂါ သူငယ်ချင်းတွေကလဲ သူ့ကိစ္စနဲ့သူ။
မဂျစ်က ၀မ်းလျောနေလို့ စကားတောင် မပြောနိုင်။ ကိုရန်က ရင်ဘတ်မှာ မြားစိုက်လို့ မလှုပ်နိုင်၊ မပန်ကလဲ ပေါက်ဆီနင်။ ကိုဂေါက်ကလဲ ပိုက်ကွန်ထဲက ထွက်မရ၊ ကိုဝေက ထောင်ချောက်ထဲမှာ ပိတ်မိ။ ကိုစိုးဇေယျကလဲ တောင်ပေါ်ရောက်နေ။ ကိုဖြိုးက နောင်တတွေ အကြီးအကျယ်ရနေ။



ဒါနဲ့ ပုံရိပ်ဘက်ကိုသွားတော့ အားပါး….ပုံရိပ်က မျောက်စိတ်ပေါက်နေချိန်နဲ့ တိုးနေတာနဲ့ ကြောက်ကြောက်နဲ့ မမယ်လ်ဘက်ကိုလှည့်လိုက်တယ်။ မမယ်လ်ကလဲ အောင်မြင်သူနဲ့ ရှုံးနိမ့်သူတွေကို အကြီးအကျယ် အယ်နာလိုက်ဇ်တွေလုပ်နေတာနဲ့ အလေးအနက်တွေ ခံစားလိုက်ရလို့ ကိုနေ့ဆီသွားပါတယ်…. သူကလဲ အကောင်ပလောင်တွေကို အကြီးအကျယ် အင်နာလိုက်ဇ် လုပ်နေတာနဲ့ တိုးနေပြန်ရော။

ဘာတွေဖြစ်နေမှန်းမသိလို့… ကိုပုဆီခရီးလှည့်တာ သူ့ကျမှ ပိုဆိုးနေတယ်.. တစ်ရေးမှလဲ မအိပ်ရသေးဘူးတဲ့ မှောင်ကလဲ မှောင်လွန်းလို့ ရင်ထဲမှာ မကျေနပ်ဘူးတဲ့ အော်သံကြီး အဝေးကြီးထဲက ကြားတာနဲ့ လန့်ပြီး ကိုစစ်အိမ်ဆီသွားတယ်။ သူကလဲ ဘလော့တင်းပလိပ်ပြင်နေလို့ တစ်ညလုံးမအိပ်ရသေးဘူးတဲ့။ ဘာလို့ ဘလော့ဂါတွေ မအိပ်ကြပါလိမ့်လို့ စဉ်းစားရင်း ကိုစေးထူးဆီသွားတယ်… ဟယ်…သူကတော့ တစ်ယောက်ထဲ ပါတနာမပါဘဲ အကြီးအကျယ် ဒန့်စ်လုပ်နေလေရဲ့။ မမေဓာဝီဆီ ခရီးဆက်တော့ သူ့ရဲ့ နောက်ဆုံးပိုစ့်က ပြီးပါပြီရှင်ဆိုတဲ့ ချစ်စရာ အသံလေးကြားပြီး ဘာမှ မမေးချင်၊ မနှောက်ယှက်ချင်တော့ဘူး။

စိတ်ညစ်ညစ်နဲ့ ကိုပရိုဂရမ်မာဆီ ခရီးဆက်တာ…အို……. မျက်စိခြေရာကိရိယာတွေ တွေ့လာတာနဲ့ အရမ်းလန့်ပြီး မျက်နှာခေါင်းငုံ့ ထွက်လာခဲ့တယ်။ လမ်းမှာ လမ်းလျှောက်ထွက်နေတဲ့ ကိုညီညီ သံလွင့်ရဲ့ အိပ်မက်တွေ ကို အိမ်ပြန်ပို့ပေးရသေးတယ်။


နောက်ဆုံးတော့ ….
တွေ့ပါပြီ…မြင်ရပါပြီ…အရမ်းဝမ်းသာသွားတယ်…
Scan လုပ်ပေးထားတဲ့ပုံလေးတွေ…
ကိုတက်စ်လာ ထံမှ ရရှိလာပါတယ်…
မြန်မာပြည်နဲ့ အနီးဆုံးမှာလို ခံစားလိုက်ရတယ်…


ဒီမှာပါရှင်……..











ကိုတက်စ်.. သင့်ယူစိုးမတ်ခ်ျ…
စင်္ကာပူက အင်ကြင်းပို့ပေးမယ်…

6 comments:

ဂျစ်တူး - gyit_tu said...

မလေးရေးထားတာလေးက ချစ်စရာ...

ချင်ကာပူမှာ အင်ကြင်းပန်းမပွင့်ဘူးနော် ။ မလေးရှာရတာ မောသွားမယ် အဟဲး)

ပုံရိပ် said...

မအိမ့်ရေ မျောက်စိတ် ပေါက်နေတဲ့ ပုံရိပ်ရောက် လာပြီ။ စတာ...။ ကိုယ့်စာကို ပုံနှိပ် စာလုံးနဲ့ မြင်ရတာ ဘယ်လောက် ပီတိဖြစ် စရာ ကောင်းလိုက်မှာ လဲ :)

Yan said...

အို. ကြည့်လိုက်စမ်းပါဘိ
ငါ့မျက်စိပင် ယုံနိုင်စရာမရှိ
မဂ္ဂဇင်းမျက်နှာစာပေါ်
ဖော်ပြခံရတဲ့ ငါ့နာမည်
စီရီသီကုံးတဲ့ ငါ့စကားလုံး
ပြုံးပြီးရင်းသာ ဖတ်နေကြည့ိ
ဘယ်နှစ်ခေါက်ပင် မရေတွက်မိ
အို..
ငါ့ရင်တွေခုန်လို့
ပီတိဖြာပါ၏…

pandora said...

အရေးထဲ ပန်ဒိုရာ့ ဘလော့ဂ်လိပ်စာကို မှားဖော်ပြထားသေးတယ် မလေးကို ရှာချင်တဲ့သူတွေ ပန်ဒိုပုလင်းနဲ့တွေ့ပြီး ချာချာလည်ကုန်တော့ မှာပဲ…

Mr. Programmer said...
This comment has been removed by the author.
Mr. Programmer said...

မအိမ့်ရေ. ဘာတွေများ တွေ့မိလို့ပါလိမ့်။ နောက်တစ်ခါလာရင် ရှင်းထားလိုက်မယ်နော်။

LinkWithin

Related Posts Plugin for WordPress, Blogger...