မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Wednesday, June 20, 2007

ပန်းချစ်သူအတွက်

တမူထူးတဲ့ အင်ကြင်းပန်းကိုမှ ရှာယူပေးရမယ်
ဆိုလာသူတွက်…





အင်ကြင်းမပွင့်တဲ့ ဒီမြို့ရွာမှာ
ရှာခဲ့ရမောပါတယ်



ပန်းလက်ပေမယ့် နွမ်းသက်မကြေခင်
ဆင်ဆင်တူတဲ့ အင်ကြင်းသာယူပါတော့။

www.webshots.com ဓာတ်ပုံရှင်များထံမှ ရရှိပါသည်

1 comment:

Yan said...

ပန်းလက်ပေမယ့် နွမ်းသက်မကြေခင်
ဆင်ဆင်တူတဲ့ အင်ကြင်းသာယူပါတော့။

နွမ်းသက်မကြွေပေမယ့် လွမ်းနံ့ဝေနေတာကြောင့်
ပြေလည်ရာဒီပန်းကို အစားထိုးပေးလည်း
လန်းမရွှင်ညှိုးဘ၀င်ထိတ်သည်လည်းရယ်နဲ့
ရွှေစိတ်တော်ငြိုငြင်ပါစေချင်
ဆင်တူပန်းတော့ မယူလိုပါသခင်…

ဟတ်ဟတ်ဟတ်.
စတာနော် မလေး..
ကဗျာတိုလေးတွေ မြင်ရင် ရေးချင်စိတ်က ကြွလာလို့ပါ.

LinkWithin

Related Posts Plugin for WordPress, Blogger...