မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Thursday, May 17, 2007

ကြေကွဲည…။

ကြေကွဲည…။
မလှပတဲ့ တေးသွားတွေနဲ့
ဓားသွားတွေပေါ်မှာ ကခုန်ဆဲ…
မမြဲတဲ့ အရာတွေကို နှလုံးသားထဲ ထိုးသိပ်သွပ်သွင်း
ငါ……သက်ပြင်းတွေ ချနေခဲ့….။


တစ္ဆေည…..။
ခွေးအတစ်ကောင်ရဲ့ ငိုညည်းသံလွှမ်းတဲ့
ပဲ့ရွဲ့နေတဲ့ ချောက်ကမ်းပါးထိပ်မှာ
အတ္တတွေကို မထောက်ထားဘဲ
ကမ်းပါးထဲ တစ်စစီဖဲ့ချ
ငါ…တိတ်တဆိတ် ကျဆုံးနေခဲ့…..။

သတ်ပုံမှားတဲ့ည….။
“အ”လွန်းတဲ့ မိန်းမတစ်ယောက်ကိုလား
ထောက်ထားငဲ့ညှာ မနေကြပါနဲ့
ငါ့အသည်းကို တံကျင်နဲ့ထိုး
မရိုးတဲ့ တေးတွေနဲ့ ပူဇော်လဲ
ငါ…အံကြိတ်လို့ ခေါင်းမော့နေခဲ့……။



6 comments:

ဂျစ်တူး - gyit_tu said...

ကြေကွဲချက်တွေ များနေတယ် မလေး...

ပုထုဇဉ် said...

"ပဲ့ရွဲ့နေတဲ့ ချောက်ကမ်းပါးထိပ်မှာ
အတ္တတွေကို မထောက်ထားဘဲ
ကမ်းပါးထဲ တစ်စစီဖဲ့ချ
ငါ…တိတ်တဆိတ် ကျဆုံးနေခဲ့…"

ထိတယ် မအိမ့်ချမ်းမြေ့ရေ...

barnyar said...

ကောင်းတယ်...
တစ်ခါတစ်လေတော့လည်း မလေးရေ.. မလေးလို စကားလုံး လှလှလေးတွေ သုံးတတ်ချင်စမ်းပါဘိ

Anonymous said...

very nice poem.u are such a talent.
MACM. moetun

ကလိုစေးထူး said...

အထီးကျန်ည….။
ဟိုးခပ်ဝေးဝေးက အသံတခု ကြားမိတယ်
လာခဲ့လို့ ခေါ်သံလား
သွားတော့လို့ မောင်းထုတ်သံလား
ငါ … ရပ်နေဆဲ။

ကိုယ်တိုင်က ကဗျာရေးဖို့ အဖြစ်မရှိလို့ တပြည်သူရဲ့ ကဗျာမှာ ၀င်ရှုပ်တယ်။ :)

ကလိုစေးထူး

Natthi said...

ကြေကွဲည…
တစ္ဆေည…
သတ်ပုံမှားတဲ့ည…
ကျန်သေးတယ်ဗျ။
မီးပျက်တဲ့ည။

LinkWithin

Related Posts Plugin for WordPress, Blogger...