မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Sunday, May 06, 2007

မပွင့်တဲ့ပန်း



တောက်လက်တဲ့ လရောင်နဲ့ ချိုးချ၊ သဇင်ရနံ့နဲ့ သုတ်လိမ်း၊
တိမ်းယိမ်းညင်သာတဲ့ ညလေနဲ့ ဆံနွယ်တွေကို ခေါင်းလျှော်ရင်း..
ငါ မင်းကိုစောင့်နေတယ်..ပန်းပွင့်ငယ်ရေ…
လရောင်နဲ့မှ ပွင့်တဲပန်းမို့ …..
ငါစောင့်ရတာလဲနွမ်းပေါ့။


အို…
လရောင်ရေးရေးမှာ…ပွင့်အာလာတော့မယောင်
ပွင့်ဖတ်ကိုမြင်တော့ ..
ငါ့ရင်..ဟန်ဆောင်မရ..အသာခုန်ရပါတယ်.. အိုပန်းငယ်ရေ..

အဲဒီအချိန်မှာ တိမ်ညိုမဲက မမျှော်လင့်ဘဲ ဖုံးကွယ်
မင်းရှက်လို့ကွယ်.. ပြန်ငုံသွားပေါ့…
ဘယ်တော့များမှ ပွင့်လာဦးမလဲ..အိုပန်းပွင့်ငယ်…

တစ်ကယ်တော့..မင်းရဲ့သခင်..ငါမဟုတ်လေသမို့..။
ငါ့အတွက် မပွင့်တဲ့ပန်း အမြဲလန်းစေဖို့…။
ခူးဆွတ်မယောင်လက်..အသာရုတ်ကာ..
ဝေးဝေးကသာ ငေးပါမယ်..အိုပန်းငယ်။




12 comments:

MrProgrammer said...

wow: very nice

မေဓာဝီ said...

ချစ်စရာ သနားစရာ ကဗျာလေးတပုဒ်ပဲ …

လာဖတ်သွားပါတယ် ညီမရေ ..

ဂျစ်တူး - gyit_tu said...

မလေး..

ပထမဖတ်တော့ အမှတ်မထင်ဘဲ ...
၂ခေါက်ဖတ်တော့ အတွေးတစနဲ့.. ၃ခေါက်လည်းဖတ်ပြီးရော ရင်ထဲအလွမ်းတွေနဲ့

ကျွန်မပြန်သွားပါတယ်း)

တပြည်သူ အိမ့်ချမ်းမြေ့ said...

ကိုပရိုဂရမ်မာရော..မမေရော…မဂျစ်ကိုပါကျေးဇူးပါ..
မြိုင်ရာဇာမမြဂျစ်လဲ် ကြိုးစားပြီး ၃ခါဖတ်ပေးတာ ကျေးဇူး

Yan said...

လရောင်ကအဆန်း၊ သခင်ကအနမ်းမှာမှ
ပွင့်လန်းခွင့်ရမယ့် ပန်းငယ်လေးရဲ့ဖြစ်အင်ကို
သခင်နားမလည်ခဲ့တာ သခင်ရဲ့ အမှားပေပေါ့.
ပန်းပွင့်ငယ်လေးက သခင့်အတွက်သီးသန့်ပွင့်ပေးစေချင်သူပါ.
နေ့အခါပွင့်ရင် တစ်ပါးသူတွေ ခူးဆွတ်မှာ စိုးရွံ့လို့
သခင်ဆင်းအလာ ဒီလသာတဲ့ညကို
စောင့်စားနေခဲ့ရတာ ကြာပါပြီသခင်

ဒါပေမယ့်သခင်ရယ်…
ဖွင့်ဟစကားဆိုခွင့်မရှိတဲ့ အကျွန်ရဲ့ဖြစ်အင်ကို
သခင်သိအောင် ဘယ်လိုပြောရပါ့…
သခင့်အတွက် မပွင့်တဲပန်းဟာ အကျွန်မဟုတ်ပါဘူး
သခင့်အတွက် သီးသန့်ပွင့်လန်းစေချင်လွန်းလို့
သခင့်အနမ်းအောက်မှာပွင့်လန်းရစေသားလို့
တောင်းဆုပြုခဲ့တဲ့ အကျွန့်ရဲ့ဖြစ်အင်ပါ…

ဒါပေမယ့်သခင်ရယ်…
ခွန်းတုံ့ပြန်ဆိုခွင့်မရှိတဲ့ အကျွန်ရဲ့ဖြစ်အင်ကို
သခင်သိအောင် ဘယ်လိုပြောရပါ့…

သခင့်ရဲ့လက်ကလေးအကမ်းမှာ အကျွန် လန်းဆန်းဝမ်းမြောက်ခဲ့ရပေမယ့်
သခင့်ရဲ့လက်ကလေးအရုပ်မှာ အကျွန်ကြေကွဲနှုတ်ဆိတ်နေခဲ့ရတယ်
သခင့်ရဲ့အငေးမှာ အကျွန်ဆွေးမြည့်ပျော်ဝင်နေချင်ပေမယ့်
သခင့်ရဲ့အတွေးမှာ အကျွန်က အပြစ်သင့်နေခဲ့ရသူပါ…

ဒါပေမယ့်သခင်ရယ်…
လှစ်ဟဖွင့်ဆိုခွင့်မရှိတဲ့ အကျွန်ရဲ့ဖြစ်အင်ကို
သခင်သိအောင် ဘယ်လိုပြောရပါ့…

Yan said...

ကျွန်တော်ရေးတဲ့ ဒီကော်မန့်ကဗျာလေးကြောင့် မလေးအနေရကြပ်သွားမယ်ဆိုရင်တော့ ကျွန်တော်တကယ်ကို စိတ်မကောင်းပါဘူးဗျာ.

ဒီလိုပြောလို့ ဒီကဗျာလေးကို ဖျက်လိုက်မယ်လို့တော့ မထင်နဲ့နော်
နောက်တစ်ပုဒ်ရေးရဲရေးကြည့် ထပ်ရေးပြဦးမယ်. ဟွန်းဟွန်း

မမေဓာဝီရော၊ ကိုကလိုစေးထူးရော ဒီညတေ့တေ့ဆိုင်ဆိုင် စာရင်းရှင်းမယ်. မမြဂျစ်နဲ့တွေ့တဲ့ ညောင်ပင်အောက်မှာ ဘုန်းကြီးအာပတ်ဖြေချိန်စောင့်နေပါ.

ပုံ၊
ရန်အောင်...

တပြည်သူ အိမ့်ချမ်းမြေ့ said...

ကိုရန်ရေ..
ကိုရန်ရော၊ မမေဓာဝီရော၊ ကိုကလိုစေးထူးရော မမြဂျစ်ကိုရော ညောင်ပင်အောက်မှာ လက်ဘက်သုပ်နဲ့စောင့်နေတာ..ဘယ်သူမှပေါ်မလာဘူး…ပြန်ပြီ…

pandora said...

သြော်ဟော်.. လက်စသတ်တော့ ဒီလိုကိုး..

တပြည်သူ အိမ့်ချမ်းမြေ့ said...

ဟင်…ဘာလဲမပန်ရယ်..လန့်လိုက်တာ..
စပိုင်အဖွဲ့နဲ့ စာရင်းရှင်းတာ မပန်ဒိုရေမွန်ကျန်ခဲ့လို့လားဟင်..

ညလေး said...

လက်ဖက်သုတ်စားကြတယ် ညကြီး အချိန်မတော် ချိန်းပြီး ဘာတွေပြောကြလဲဟင် ?

တပြည်သူ အိမ့်ချမ်းမြေ့ said...

သူတို့ စပိတ်တစ်ကိစ္စအခုထိရှင်းနေကြတာ…ထိုင်နားထောင်နေတာပါ နေ့လေးရဲ့

SOE ZEYA said...

အင်းဇတ်လမ်းက ဒီလိုကိုး ပေါက်သွားပြီ

LinkWithin

Related Posts Plugin for WordPress, Blogger...