မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Tuesday, April 10, 2007

စာအုပ်နောက်ဖုံး - ဥပမာ



သူငယ်ချင်းတို့ရေ…
ဘလော့ဂ်စာအုပ်နောက်မှာ ဒီလိုမျိုး gist ရေးပြီး ဘလော့ဂ်ဆိုတဲ့ အရာနဲ့ မရင်းနှီးဖူးသေးသူတွေကို အကြမ်းဖျင်း အဓိပယ်ဖွင့်ဆိုပြကြရင်ကောင်းမလားလို့ပါ..

အိမ့်ချမ်းမြေ့

5 comments:

CMS said...

အိုင်ဒီယာ ကောင်းပါတယ်ခင်ဗျာ
မဂျစ်ရဲ့ဘလော့မှာ တွေ့ခဲ့ပါတယ်
ငါ အစား ကျွန်တော် သုံးတာ ပိုကောင်းမယ် ထင်ပါတယ်

AinChannMyay~ said...

ကျွန်ုပ် ဆိုရင်ကော ? ငယ်ငယ်တုန်းက စာရွတ်သလိုများ ဖြစ်နေမလားပဲ။ ဒါပေမယ့် ကျွန်တော်ဆိုရင် ကျွန်မတို့ မိန်းကလေး စာရေးသူတွေ left out ဖြစ်သလို ခံစားရမှာ..
ကျွန်တော်၊ ကျွန်မတို့သည်ဆိုရင်ကော.အဲဒါဆိုလဲ wordy သိပ်ဖြစ်သွားပြန်ရော..
အော…ကိုယ်တို့?? ကိုယ်တို့ဆိုတာလေးမဆိုးဘူးထင်တယ်..
ရန်ကုန်မှာ ခေတ်စားနေတဲ့ နမ်စားတစ်ခုခုပေးကြပါ
:)

CMS said...

"ကျွန်တော်" ဆိုတာ အားလုံးကိုယ်စားသုံးနိုင်ပါတယ်
မိန်းကလေးတွေလည်း "ကျွန်တော်"လို့ သုံးကြတာပါပဲ :)
"ကိုယ်တို့" ဆိုတာကြီးက အရေးထက် အပြောဆန်နေသလားလို့ပါ :)

ဂျစ်တူး - gyit_tu said...

မောင် CMS ရေ... မန္တလေးတို့ အညာသူတို့ပဲ ကျွန်တော် သုံးတာနော် ။ ရန်ကုန်သူ ရေမရောတွေအတွက် ပြန်တွက်ရဦးမယ်း)

မအိမ့်... ငါ ဆိုတာလည်း မဆိုးပါဘူး ။ နည်းနည်း မော်ဒန်ဆန်ဆန် စကားလုံးတွေနဲ့ ရေးရင် .. ဖြစ်မယ် ထင်ရတာပဲ ။

soe zeya said...

ငါလို့သုံးရင် လည်းကိစ္စမရှိနိုင်ဘူလို့ ထင်ပါတယ်

LinkWithin

Related Posts Plugin for WordPress, Blogger...