မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Friday, March 23, 2007

သိသူရှိရင် အမြန်ဖြေကြားပေးကြပါ


ဒီပုံမှာပါတဲ့ နတ္ထိ၊ သမ္မံ၊ စတဲ့အဓိပယ်ကို သိသူရှိရင် အမြန်ဆုံးဖြေကြားပေးပါ…
အခု ရန်ကုန်အချိန် မနက် ၈နာရီခွဲ… ၁၀နာရီအတွင်း အမြန်ဆုံးဖြေကြားပေးပါ..
ကျေးဇူးတင်ပါတယ်.. အလုပ်မှာ presentation within 10hrs စတော့မှာမို့လို့ပါ..

If the meaning is truth & loyalty, what does it mean by truth, and who are we loyal to?
What's the truth and loyalty to us? သစ္စာဆိုတာဘာပါလဲ၊ ဘာကို၊ ဘယ်သူ့ကို သစ္စာရှိတာပါလဲ
အားလုံးကိုကျေးဇူးတင်ပါတယ်

3 comments:

Yan said...

နတ္တိ ၀ိဇ္ဇာသမံ မိတ္တံ ၊
နစ ဗျာဓိသမော ရိပု ။
နစ အတ္တသမံ ပေမံ ၊
နစ ကမ္မသမံ ဗလံ ။
၁။အတတ်ပညာ နှင့် တူသော မိတ်ဆွေ မရှိ။
၂။အနာ ရောဂါ နှင့် တူသော ရန်သူ မရှိ။
၃။ကိုယ် နှင့်တူသော ချစ်အပ်သူ မရှိ။
၎။ ကံ နှင့် တူသော ခွန်အား မရှိ။
ဆယ်ဆောင်တွဲ မြန်မာပြန်ကျမ်း မှ

အဆင်ပြေပါစေဗျာ...
နောက်ကျသွားတဲ့အတွက် ဆောရီးပါ.

Y.

Yan said...

နတ္တိ ၀ိဇ္ဇာသမံ မိတ္တံ ၊
နစ ဗျာဓိသမော ရိပု ။
နစ အတ္တသမံ ပေမံ ၊
နစ ကမ္မသမံ ဗလံ ။
၁။အတတ်ပညာ နှင့် တူသော မိတ်ဆွေ မရှိ။
၂။အနာ ရောဂါ နှင့် တူသော ရန်သူ မရှိ။
၃။ကိုယ် နှင့်တူသော ချစ်အပ်သူ မရှိ။
၎။ ကံ နှင့် တူသော ခွန်အား မရှိ။
(ဆယ်ဆောင်တွဲ မြန်မာပြန်ကျမ်း)
အဆင်ပြေပါစေဗျာ. နောက်ကျသွားတဲ့ အတွက် ဆောရီးဗျာ.
Y.

Natthi said...

နတ္ထိ ၀ိဇ္ဇာသမံ မိတ္တံ။
န စ ဗျာဓိသမော ရိပု။
န စ အတ္တသမံ ပေမံ။
န စ ကမ္မသမံ ဗလံ။
ဒါက လောကနီတီထဲက ဂါထာ(ကဗျာ)တစ်ပုဒ်ပါ။ ပါဠိဘာသာနဲ့ ရေးထားတယ်။ ပင်းယခေတ်က “စတုရင်္ဂဗလ”အမတ်ကြီး ရေးသားခဲ့တာပါ။ ၄ကြောင်း ၁ ဂါထာ။ ဂါထာပေါင်း ၁၆၀ကျော် ပါတဲ့ လောကနီတိဟာ မြန်မာစာပေ ယဉ်ကျေးမှုမှာ အတော် နေရာယူထားတယ်။ ဘာသာပြန် စာအုပ်များလဲ ရှိပါတယ်။ နတ္ထိက ပါဠိcrazy တစ်ယောက်ဆိုတော့ ပါဠိလိုပဲ ကြိုက်ပါတယ်။ အခုတော့ ဘာသာပြန်ပုံလေး ရေးကြည့်ပါတယ်။

ဝိဇ္ဇာသမံ- အတတ်ပညာနှင့်တူသော။ မိတ္တံ-မိတ်ဆွေ။ နတ္ထိ-မရှိ။
ဗျာဓိသမော- အနာရောဂါနှင့်တူသော။ ရိပု- ရန်သူ။ န- မရှိ။
အတ္တသမံ- မိမိကိုယ်နှင့်တူသော။ ပေမံ- ချစ်သူ ။ န-မရှိ။
ကမ္မသမံ- ပြုအပ်သော ကံနှင့်တူသော။ ဗလံ- ခွန်အား။-န-မရှိ။

LinkWithin

Related Posts Plugin for WordPress, Blogger...