မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Friday, February 02, 2007

Performance Review

ကော်ဖီခွက်တွေ အရင်နေ့တွေကထက်
ခါးသက်သက်နဲ့ .. အလှဲ့ စောင့်နေတယ်..
အပြာရောင်မှန်ပြင်သား၊ ကာလရထားခပ်တိုးတိုးနဲ့ 
အခိုးငွေ့ ရိုက်လို့ ၊
ဟို့ နှစ်ကတော့ Role Model၊ ဒီနှစ်တော့ Quality Performerတဲ့
ဒါပေါ့…ကိုယ်..တစ်မှတ်လျော့သွားတာ
မင်းမရှိတဲ့ ဘ၀မို့ ပါ..

Cultural capital… human capital
လက်ဆင့်ကမ်းပေးဖို့ 
ဘာ ကယ်ပီတယ်မှ နှယ်နှယ်ယယမရှိ
နေမထိတဲ့ ပန်းနေကြာလို
ချောင်အိုမှာထိုင်ငေး..
ဟိုအရင် ဂစ်တာအိုလေးကိုလွမ်းတယ်…

ဒေါသတွေ၊ မောဟတွေ၊ အတ္တတွေ
ခံယူချက်တွေ၊ ယုံကြည်ချက်တွေ
ပိုင်ဆိုင်မှုတွေ၊ ဆုံးရှုံးမှုတွေ၊
အမုန်းတွေ၊ အချစ်တွေ၊
သေချာမှုတွေ၊ မသေချာမှုတွေ၊
အောင်မြင်ခြင်းတွေ၊ ကျဆုံးခြင်းတွေ ကိုထားလို့ 
ကိုယ်တိုင်(Calculator မပါပဲ) တွက်ထားတဲ့..
သုံးသောင်းတစ်ထောင်နဲ့ နှစ်ဆယ့်ငါးရက်ကို စောင့်မယ်…

Scholarly article ရေးနေတာလဲမဟုတ်ပါဘူး
ရင်ထဲက အနာတွေ၊ ကာဗာလှစ်ပြရုံပါ
တကယ်ပါ…
လူ့ဘ၀ရဲ့ တစ်ဝက်မှာ traffic ထဲ ထိုင်နေရတဲ့ဘဝ
ကိုယ်…ဘယ်တော့မှ ပြန်မလာတော့ဘူး…

Mitral valve leakage နဲ့ ကော်ဖီနဲ့ မတည့်ဘူးလို့ 
ဘယ်သူဆိုဖူးလို့ လဲ
မမြင်ရတဲ့ အသည်းတစ်ခု၊ ကွဲခဲ့တာအခုမှ မဟုတ်တာ
ဒါဆို ဘာကို diagnose လုပ်မှာလဲ…
ဘယ်သူမှမသိတဲ့
အတ္တတွေကင်းတဲ့ နေရာလေးမှာ
ခပ်အေးအေးပဲ နေချင်တဲ့၊ နေတတ်တဲ့ငါ
အိမ်ကိုပြန်မရောက်ခင်… မင်းနဲ့ ပြန်မတွေ့ ခင်အထိ
တိုးတိတ်ညင်သာ ဘာသာပဲနေမယ်…

♥အိမ့်ချမ်းမြေ့♥

6 comments:

ဒီဝိုင်း said...

i love it... really nice

Tesla said...

Good Review.. Ma Aint

AinChannMyay~ said...

Ko Dewaing and Ko Tesla,

Thank you! :)

Ko Tesla, how do you spell your name in Burmese? I don't want to mis-spell it. :)

ဂျစ်တူး - gyit_tu said...

မအိမ့်ရေ... ၃ခေါက်လောက် ကဗျာလေးကို ဖတ်မိတယ် ။ ကြိုက်တယ် ။

“လူ့ဘ၀ရဲ့တစ်ဝက်မှာ traffic ထဲ ထိုင်နေရတဲ့ဘ၀” ဆိုတဲ့ စာကြောင်းအဓိပ္ပါယ်ကို အကြိုက်ဆုံးပဲ ။ တခုတော့ နားမလည်သလိုပဲ... သုံးသောင်း တစ်ထောင်နဲ့ နှစ်ဆယ့်ငါးရက်က ဘာကိုရည်ညွန်းပါသလဲ ။

AinChannMyay~ said...

လူတစ်ယောက်ဟာ အသက် ၈၅ နှစ်အထိ survive ဖြစ်တယ်ဆိုရင်တောင် ရက်ပေါင်း သုံးသောင်းတစ်ထောင်နဲ့ နှစ်ဆယ့်ငါးရက်ပဲ သက်တမ်းရှိတယ်လို့ ဆိုလိုတာပါ..

Tesla said...

မအိမ့်- ကျနော်နစ်ခ် က Nicola Tesla ဆိုတဲ့ သိပ္ပံ ပညာရှင် ရဲ့ အမည်ပါ- Tesla ဆိုတာ သူ့ကို ဂုဏ်ပြုထားတဲ့ သံလိုက်ဆက်ကွင်းတွေရဲ့ ယူနစ်ပေါ့.
်ကျနော်လေးစားတဲ့ ပုဂ္ဂိုလ်ကြီးဖြစ်လို့ရယ် သံလိုက်ဆက်ကွင်း တွေရဲ့ စွမ်းအင်ကို သဘောကျ လို့ရယ် ပေးထားတာပါ- တက်စလာ လို့ အသံထွက်မယ် ထင်ပါတယ်-

LinkWithin

Related Posts Plugin for WordPress, Blogger...