မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Wednesday, February 07, 2007

my all time favourite

စာဖတ်သူများ ဒီပုံပြင်လေးကိုကြားဖူးကောင်း ကြားဖူးပါလိမ့်မယ်။ ဒါပေမဲ့ မကြားဖူးတဲ့ လူတွေကို ရည်စူးလို့ဝေမျှလိုက်ပါတယ်။

တခါက မြို့လေးနှစ်မြိုနားမှာ အလွန်စည်းစနစ်ကျပြီး သက်တောင့်သက်သာရှိတဲ့ အိပ်ရာတွေနဲ့ စားသောက်ဖွယ်ရာ အဆင်ပြေအောင်စီစဉ်ပေးတဲ့ “ထောင်”တစ်ခု ရှိပါတယ်။

အဲဒီမြို့လေးနှစ်မြို့အလယ်မှာ မြစ်တစင်းကသွယ်ဝိုက်စီးဆင်းနေတယ်။ တမြို့မှာတော့ “က”နဲ့ “ခ”တို့စုံတွဲ အတူတူ နေကြတယ်။ “က”ကအရမ်း အလုပ်ကြိုးစားတာ မနက်အစောကြီး မိုးမလင်းခင်ထဲက အိမ်ကထွက်သွားလိုက်တာ ညတော်တော်မိုးချုပ်မှ အိမ်ကို ပြန်လာလေ့ရှိတယ်။ အိမ်ပြန်ရောက်ရင်လဲ အိမ်မှာ အလုပ်ဆက်လုပ်လေ့ ရှိတယ်။ နေ့စဉ်နေ့တိုင်း“က” အိမ်က ထွက်သွားတာနဲ့ “ခ”ကဇက်စီးပြီး မြစ်ကိုဖြတ်လို့ တဘက်ကမ်းက သူ့ချစ်တဲ့ “၏”ထံ သွားလေ့ရှိတယ်။ “ခ”နဲ့“၏”နဲ့တနေ့လုံး အတူတူနေပြီး ညနေစောင်းလို့“က” ရောက်ခါနီးမှ “ခ” က အိမ်ကိုအမြန်ပြေးပြီး ထမင်းဟင်းချက်တယ်။ “က”နဲ့“ခ”ဟာ ညစာကိုလဲ ဘယ်တော့မှ အတူစားလေ့မရှိဘူး။

အဲဒီမြို့လေးနှစ်မြို့နဲ့ တမိုင်လောက် ဝေးတဲ့မြစ်စုန်ဘက်မှာ တံတားတခုရှိတယ်၊ အဲဒီတံတားရဲ့အောက်မှာ အိမ်ခြေမဲ့တဲ့ သူတောင်းစားတယောက်က တံတားကို ဖြတ်သွားဖြတ်လာ လူတွေကို ငွေအမြဲတောင်းတယ်။ ငွေမပေးရင် ဖြတ်ခွင့်မပေးတဲ့ ပုံစံမျိုးနဲ့ နှောက်ယှက်လေ့ရှိတော့ လူတွေကလဲ နဲနဲပါးပါးစွန့်ကြဲကြတယ်။ မြစ်ထဲကဇက်ကလဲ တနေ့လုံးမှာမှ နှစ်ခါထဲ ဆွဲတယ်တဲ့။

တနေ့တော့ “က”က အလုပ်ကိုတော်တော်နောက်ကျပြီးမှ ထွက်သွားတယ်။ “က”ထွက်သွားတာနဲ့ “ခ” က ဇက်အမှီမြန်မြန် ပြေးရတော့တာပေါ့။ “ခ”က အလျှင်လိုနေတာနဲ့ အင်္ကျီမှားဝတ်သွားတာ ဇက်ဆိပ်ရောက်မှ ဇက်ဖိုးက အသွားအတွက်ပဲ လောက်တာ သိလိုက်တယ်။ သူကစိတ်ထဲမှာ ခပ်ပေါ့ပေါ့ပဲ ဘာလို့လဲဆိုတော့ အပြန်ခရီးစရိတ် တယောက်ယောက်ဆီက ချေးလို့ရမယ်လို့ စဉ်းစားမိလို့ပဲ။

ဖြစ်ချင်တော့ အဲဒီနေ့မှာ “ခ”နဲ့“၏”တို့အကြီးအကျယ် ရန်ဖြစ်ကြတယ်။ တနေ့လုံး ငြင်းခုံနေကြတာ ညနေ “ခ”ပြန်ခါနီးမှ လမ်းစရိတ် မရှိတာသတိရတယ်။ “၏”ကစိတ်ဆိုးနေလို့ လမ်းစရိတ် မပေးပဲ ကပ်နေခဲ့တယ်။ “ခ”လဲဇက်ဆိပ်ကိုသွားပြီး ဇက်မောင်းသမားကို အကူအညီတောင်းပေမယ့် အရာရာ စည်းမျဉ်းဘောင်ထဲကလုပ်တဲ့ ဒေသဆိုတော့ ပေါ်လစီနဲ့မကိုက်ညီလို့ ဇက်သမားက အကူအညီ မပေးနိုင်ကြောင်း ပြောလိုက်တယ်။

ညနေကလဲ စောင်းလာပြီ။ “က”ကလဲ အိမ်ပြန်ရောက်တော့မယ်။ ထမင်းဟင်းတွေလဲ အဆင်သင့် မဖြစ်သေးတော့ စိတ်ပူပန်မှုတွေနဲ့ နောက်ဆုံး တံတားကဖြတ်ပြီး လမ်းလျှောက်ပြန်ဖို့ ဆုံးဖြတ်လိုက်တယ်။

ညရောက်တော့ အိမ်ပြန်မရောက်လာလို့ “က”က လူပျောက်မှုနဲ့ ရဲကိုတိုင်တယ်။ နောက်တနေ့မှာတော့ “ခ”ရဲ့အလောင်းကို တံတားနားမှာ တွေ့လိုက်တယ်။ သက်ဆိုင်ရာတွေက စုံစမ်းစစ်ဆေးတော့ အိမ်ခြေမဲ့က သူသတ်တာပါလို့ ဖြောင့်ချက်ပေးလိုက်တယ်။

စာဖတ်သူတို့အနေနဲ့ jury လူကြီးတစ်ယောက်ရဲ့နေရာမှာ ဆိုရင် “ခ”သေရတာ မည်သူ့မှာ တာဝန်ရှိတယ်လို့ ထင်မြင်ယူဆပါသလဲ။

ပုံပြင်လေးရဲ့ ရည်ရွယ်ချက်ကတော့ ဘယ်ကိစ္စကိုမဆို တယူသန်တသတ်မှတ်ထဲ မကြည့်ကြဖို့၊ ရှိတဲ့ information လေးကိုပဲဆွဲယူပြီး ဆုံးဖြတ်ချက်အလောမကြီးကြဖို့၊ critical thinking အတွက်ရည်ရွယ်တဲ့ ပုံပြင်လေးပါပဲ..…
မိမိရဲ့ မွေးဖွားကြီးပျင်းလာမှု ပတ်ဝန်းကျင်၊ ယဉ်ကျေးမှုအစဉ်အလာတွေ အပေါ်မှာ မူတည်ပြီး တစုံတရာကို လေ့လာသုံးသပ်တတ်မှုတွေ၊ ယူဆမှုတွေ၊ အမြင်တွေ ကွဲလွဲသွားပုံတွေကို အံ့မခမ်းတွေ့ ကြရပါလိမ့်မယ်..

Disclaimer:
Adapted from one of the projects used in P300
SFU School of Criminology
မြန်မာလိုဆီလျှော်အောင်ပြန်ဆိုပါသည်။

♥အိမ့်ချမ်းမြေ့♥

5 comments:

Tesla said...

ဒီပို့စ်ကို Comment ရေးမလို့ ချောင်းနေတာ ကြာပြီ- အင်မတန်မှ များပြားလှတဲ့ အတွေးစတွေ ဒီပို့စ်ထဲက ဆွဲထုတ် လို့ ကို မကုန်နိုင်ဘူး မအိမ့်ရေ- ကဲခုတော့ ဆရာဝန်တွေ ပြောသလို ရောဂါတိုင်း ရောဂါတိုင်း မှာ ဘာကြောင့် ဖြစ်ရပါတယ် ဆိုတဲ့ အချက် မပေးနိုင် တဲ့ နေရာဟာ ရာခိုင်နှုန်း တခုအနေနဲ့ကို နေရာတခု ရှိတယ် ဆိုသလို .. Other Cause ဆိုပြီး ပဲ ထားခဲ့ လိုက်ပြီဗျာ-
:)

AinChannMyay~ said...

This couple who are living together could be siblings (brothers, sisters, a brother and a sister), or a parent and an off-spring. It’s very interesting that even in Canada, when one cooks, the person could be assumed as female gender. ကျွန်မမှတ်မိသေးတယ်။ မြုပ်ကွက်တွေ အများကြီး ပါနေတယ်ဆိုတာ သိရဲ့နဲ့တောင် အတန်းထဲမှာ အားလုံးနီးပါးက တshe ထဲ sheနေခဲ့တာပဲ။ ယေဘူယကြည့်ရင်တော့ မိန်းမက ယောင်္ကျားအလုပ်သွားနေတုန်း အိမ်အလုပ်မလုပ်ပဲ တခြားတယောက်နဲ့ သွားတွေ့တယ်လို့ ထင်မိကြနိုင်တယ်. It’s a combination of philosophy, critical thinking, and criminology. The bottom line is not about the case but to reveal “who we really are”. ကိုယ့်ကိုကိုယ် ကျေညက်အောင် စာဖတ်တတ်စေတဲ့အရာပါပဲ.. ကိုယ့်မှာ ရှိနေတဲ့ တွေးခေါ်မှု၊ ခံယူချက်၊ ယုံကြည်ချက်၊ အားလုံးက တကယ်တော့ လက်ဆင့်ကမ်းသယ်လာကြတာတွေ၊ အမွေလက်ခံရလာကြတာတွေပါပဲလို့ဆိုပါတယ်.. တကယ်ကိုယ်ပိုင်တွေးခေါ်နိုင်ကြသူတွေ ရာစုနှစ်တခုမှာ တစ်ယောက်တောင် မရှိနိုင်ပါဘူးတဲ့။ အစွဲတွေအားလုံးချွတ်ချခံထိလိုက်ကြတဲ့ ပရိဂျက်တခုပါ..

Thyda said...

Very interesting!

First, I thought that lack of loyalty to 'Ka'killed'Kha'. But, after I read your comment, I do not have any idea. I'd like to know more...

AinChannMyay~ said...

ဟုတ်တယ်မသီတာ ဖြစ်နိုင်ခြေတွေက ဆွဲထုတ်လို့မကုန်နိုင်တော့ဘူး၊ ဒါပေမယ့်ခက်တာက လူတွေဟာ တဖက်ထဲ ကိုပဲကြည့်တတ်ကြတာဝမ်းနဲစရာပဲ

မိုးထက်နေ said...

ဒီပိုစ့် ကို ဖတ်တာလဲ အလွတ်ပြန်ရေးလို့ တောင်ရလောက်ပြီ....... ဘာကိုရည်ရွယ်မှန်းလဲ မသိဘူး.. တကယ်ကိုပဲ.. ကျနော်ဘာလို့ နားမလည်နိုင်တာလဲမသိဘူး... ဂွကျပြန်ပြီ... အချိန်ရရင်နည်းနည်းလောက်ရှင်ပြပါဦး...

LinkWithin

Related Posts Plugin for WordPress, Blogger...